အစာအမြဲကျွေးနေတဲ့ အမျိုးသမီးကို သားသမီးတွေထံခေါ်သွားတဲ့ လမ်းဘေးကြောင်မကြီး

[email protected] Prior

ကြောင်လေးဆိုတာ လူတွေရဲ့ အချစ်တော်လေးတွေပါ။ ကိုယ့်အိမ်မှာ ကြောင်မမွေးထားဖူးဆိုရင်တောင်မှ ကိုယ်အိမ်နားကို ရစ်သီရစ်သီလာလုပ်နေတဲ့ ကြောင်ကလေးတွေကို အစာကျွေးဖူးကြမှာပါ။ Shea Prior ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ လမ်းဘေးကြောင်မကြီးတစ်ကောင်ကို အိမ်နားမှာ အမြဲတွေ့လို့ အစာကျွေးရင်း နောက်ဆုံးမှာတော့ အဆိုပါကြောင်မကြီးဟာ သူ့သားသမီးလေးတွေနဲ့ မိတ်ဆက်ပေးဖို့ Shea ကို ခေါ်သွားခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Shea Prior

Shea တစ်ယောက်ဟာ အဲဒီကြောင်မကြီးကို အိမ်မှာ မွေးထားခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လပိုင်းလောက်ကတည်းက သူ့ရဲ့ အိမ်နားတစ်ဝိုက်မှာ ဒီကြောင်မကြီးကို တွေ့နေတာကြာပါပြီ။ ကြောင်မကြီးဟာ သူ့ဆီက တစ်ခုခုတောင်ဆိုနေတဲ့ မျက်ထားလေးနဲ့ Shea တစ်ယောက် အိမ်အပြင်ထွက်လာတိုင်း တညောင်ညောင်နဲ့ အသံပေးနေပါတယ်။ နောက်ဆုံးမှာတော့ Shea ဟာ ကြောင်မကြီးကို တွေ့တာနဲ့ အိမ်အထဲခေါ်ပြီး အစာကျွေးလေ့ရှိပါတယ်။

READ
ကမ္ဘာ့လျှာအရှည်ဆုံးလူသားဖြစ်လာဖို့သေချာနေတဲ့ ကောင်မလေး
Shea Prior
Shea Prior

ဒီလိုနဲ့ တစ်လလောက်အကြာမှာတော့ Shea နဲ့ ကြောင်မကြီးတို့ဟာ တော်တော်ရင်းနှီးသွားပါပြီ။ ကြောင်မကြီးဟာလည်း အစာစားချိန်တစ်ချိန်ပဲ Shea ရှေ့ကို ရောက်ရောက်လာတတ်စမြဲပါပဲ။ ဒီလိုနဲ့တစ်ရက်မှာတော့ Shea တစ်ယောက် ကြောင်မကြီးကို အစာကျွေးပြီးတဲ့အချိန်မှာ ကြောင်မကြီးဟာ Shea ကို လက်နဲ့ ဖွဖွလေးကုတ်ပြီး သူ့အနောက်ကို လိုက်လာစေချင်တဲ့ အပြုအမူမျိုးလုပ်ပါတယ်။ Shea တစ်ယောက် ကြောင်မကြီးခေါ်ရာနောက်ကို လိုက်သွားတဲ့အချိန်မှာတော့ Shea တစ်ယောက် တော်တော်အံ့သြသင့်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောင်မကြီးဟာ Shea ကို သူ့သားသမီးလေးတွေနဲ့ ပေးတွေးဖို့ ခေါ်လာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Shea Prior
Shea Prior

“ အခုတော့ ကြောင်မကြီးကော၊ သူ့သားသမီးတွေကော အကုန် အိမ်မှာ ခေါ်မွေးထားပါတယ်။ အကုန်လု့းက လိမ္မာကြတယ်။ သူတို့လေးတွေ အရွယ်ရောက်လာတဲ့အထိ အိမ်မှာပဲ မွေးထားဖို့ စီစဉ်ထားပါတယ်။ ကြီးပြင်းလာမှ သူတို့ဘာသာ ဘယ်သွားသွား ကျွန်မပြန်လွှတ်ပေးဖြစ်မှာပါ။ ဒါမှမဟုတ်ဒီမှာပဲ တစ်သက်လုံးနေမယ်ဆိုလဲ ကျွန်မနေခွင့်ပြုမှာပါ” လို့ Shea က ပြောကြားခဲ့ပါတယ်။

Edit 2: I created a GoFundMe to get mama cat spayed, as I have decided to adopt her ♥️ Anything would be helpful right…

Posted by Shea A Prior on Wednesday, April 22, 2020

Shea Prior

Pyi Hein Kyaw

SHARE