ထိုင်းနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုတွေကြား နာမည်ကြီးနေတဲ့ လမ်းဘေးခွေးလေး

[email protected] boom_nakan

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပြီး လူတွေအပေါ်မှာ သံယောဇဉ်အရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သခင်ဖြစ်သူတွေကို အမြဲလိုလို မျက်နှာချိုသွေးတတ်ပြီး သခင်ဖြဟ်သူတွေက ဆူနေရင်လည်း မျက်နှာငယ်လေးနဲ့ သခင်တွေကို ကြည့်နေတတ်တာလည်း ခွေးကလေးတွေပါပဲ။ အခုပြောပြမယ့်ခွေးကလေးကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးနေတဲ့ လမ်းဘေးခွေးကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

ที่มาของคำว่า อย่าหาทำ @chooarn

A post shared by Boom’ (@boom_nakan) on

အဆိုပါခွေးကလေးကိုတော့ ထိုင်းနိုင်ငံမှာရှိတဲ့ Boom လို့ အမည်ရတဲ့ လူငယ်လေးတစ်ယောက်က မွေးစားခဲ့တာ ဖြစ်ပါတယ်။ Boom ဟာ စားသောက်ဆိုင်တစ်ခုကအပြန် သူ့ရဲ့ ကားနားမှာ ယောင်လည်ယောင်လည်ဖြစ်နေတဲ့ ခွေးကလေးတစ်ကောင်ကို သတိထားခဲ့မိတာကြောင့် အဆိုပါခွေးကလေးကို ကားပေါ်တင်ပြီး တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာ တစ်ခုကို ပို့ဖို့ ကြံခဲ့ပါတယ်။ အပေါ်ကဗီဒီယိုမှာတွေ့ရတဲ့အတိုင်း အဆိုပါခွေးကလေးဟာ ဘယ်လောက်ပဲ ကားပေါ်ခေါ်တင်ခေါ်တင် လုံးဝမလိုက်တာကြောင့် နောက်ဆုံးမှာတော့ Boom ဟာ အဆိုပါခွေးကလေးကို အိမ်ကိုခေါ်သွားပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
ဘာများလဲဆိုပြီး လူကို ရုတ်တရက်အံ့သြမှင်သက်သွားစေနိုင်တဲ့ ပုံရိပ်များ

 

 

View this post on Instagram

 

อาบน้ำแล้วไปหา คุณหมอกันค่ะ #น้องหมูทะ

A post shared by Boom’ (@boom_nakan) on

ဒီလိုနဲ့ နောက်တစ်ရက် Boom တစ်ယောက် အိပ်ရာနိုးတဲ့အချိန် သူ့ရဲ့ခြေရင်းမှာ အိပ်နေတဲ့ အဆိုပါခွေးကလေးကို တော်တော်သံယောဇဉ်ဖြစ်သွားပြီး Moo Ta လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီနောက် Boom ဟာ Moo Ta လေးအတွက် လိုအပ်တဲ့ အစားအစာတွေ၊ အဝတ်အစားတွေ လိုက်ဝယ်ပေးခဲ့ပြီး ဆရာဝန်နဲ့ ပြကာ သေသေချာချာ ဆေးကုသပေးပြီး သန့်ရှင်းရေးလုပ်လိုက်တဲ့ အချိန်မှာတော့ Moo Ta လေးဟာ အင်မတန်ကို ချစ်ဖို့ကောင်းတဲ့ ခွေးကလေးတစ်ကောင် ဖြစ်လာပြီး Boom ဆင်ပေးတဲ့ အဝတ်အစားဒီဇိုင်းတွေကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးလာခဲ့ပါတယ်။

READ
လက်ဝှေ့ပွဲကို အကပွဲလုပ်ပစ်လိုက်တဲ့ ပျော်တတ်တဲ့ ဂိမ်မာတွေ

 

“Moo Ta ဟာ လမ်းဘေးခွေးပေမယ့် လူတွေကို သံယောဇဉ်ရှိပြီး အရမ်းလိမ္မာတဲ့ ခွေးမလေးပါ။ ကျွန်တ်ေဆို သူ့ကိုချစ်လွန်းလို့ မျက်စိအောက်က လုံးဝအပျောက်မခံပါဘူး။ သူကိုယ်တိုင်ကလည်း ကျွန်တော့်အနားမှာ ကျွန်တော့်ရဲ့ အရိပ်လိုပဲ အချိန်ပြည့်ကို ရှိနေတတ်ပါတယ်။ သူ့ကို အဝတ်အစားတွေဝတ်ပေးပြီး ဓာတ်ပုံရိုက်ရင်လည်း တော်တော်လေးကို ငြိမ်ခက်သားကောင်းပါတယ်”လို့ Boom က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE