
ခွေးကလေးတွေဆိုတာ လူသားတွေအပေါ် သစ္စာအရှိဆုံးနဲ့ သံယောဇဉ် အရှိဆုံး တိရစ္ဆာန်လေးတွေ ဖြစ်ကြသလို လူသားတွေရဲ့ အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်အဖော်မွန်တွေဆိုလည်း မမှားပါဘူး။ အိမ်မှာ ခွေးမွေထားရင်လည်း သခင်တွေအပ်ါမှာဆိုးလိုက်၊ အသနားခံပြလိုက်၊ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ ပြုလုပ်ပြလိုက်နဲ့ နည်မျိုးစုံ မရိုးအောင် လုပ်တတ်တာလည်း သူတို့လေးတွေပါပဲ။ အခုလည်း လမ်းဘေးခွေးကလေးတစ်ကောင်ဟာ လူသားတွေအပေါ်မှာ သူတို့အနေနဲ့ ဘယ်လောက်တောင် မေတ္တာတရားထားသလဲဆိုတာကို ထုတ်ဖော်ပြသခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီအဖြစ်အပျက်လေးကတော့ တူရကီနိုင်ငံက လမ်းမပေါ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။ အပေါ်ကပုံမှာ လှဲအိပ်နေတဲ့ အမျိုးကတော့ လမ်းမပေါ်က သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Numan Ertugrul Uzunsoy လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပြီး Numan နဲ့ သူ့အပေါင်းအပါတွေဟာ လမ်းမပေါ်မှာ Performance လုပ်နေတာပဲ ဖြစ်ပါတယ်။ Performance ထဲမှာ Numan ဟာ ရုတ်တရပ်အသက်ရှုကျပ်လာတဲ့ ပုံစံကို သရုပ်ဖော်တဲ့အနေနဲ့ ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပြီး အသက်ရှုရခက်တဲ့ ပုံစံကို သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

Numan တစ်ယောက်လှဲချလိုက်ပြီး သိပ်မကြာခင်မှာပဲ လမ်းဘေးခွေးလေးတစ်ကောင်ဟာ မယောင်မလည်နဲ့ Numan အနားကို ရောက်လာပါတယ်။ ပြီးတော့ Numan ခေါင်းနားမှာ ဟိုနမ်းဒီနမ်းနဲ့ အနံ့ခံရင်း Numan ပုံစံဟာ အသက် ရှုခက်နေမှန်းသိလို့ သူ့အနေနဲ့ ကူညီချင်တဲ့ ပုံစံလေးပြပြီး Numan အနားမှာ လှဲချပြီး လည်ပင်းကို လျှာလေးနဲ့ လျက်ပေးနေပါတယ်။ အဆိုပါခွေးကလေးရဲ့ လုပ်ရပ်ကြောင့် Numan တို့ Performance ကို ကြည့်နေတဲ့ လူတွေအကုန်လုံးဟာ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
İzmit Belediyesi 30 Ağustos Etkinlikleri kapsamında yapılan tiyatro oyununda, yaralı rolü yapan oyuncuya, sokak köpeği den şefkat gösterisi..
Posted by Kocaelivizyon.com on Wednesday, September 2, 2020
“ကျွန်တော်အပြင်းအထန်အသက်ရှုပြီး Performance လုပ်နေတဲ့အချိန်မှာ အနားကို တစ်ယောက်ယောက်ကပ်လာတယ်လို့တော့ ခံစားရတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော်နဲ့အတူတူ သရုပ်ဆောင်နေတဲ့ သူငယ်ချင်းတစ်ယောက်ယောက်လို့ပဲ ထင်လိုက်တာဗျ။ ပြီးမှ ပါးစပ်ကို တစ်ခုခုက နမ်းနေတယ်လို့ ခံစားရလို့ မျက်လုံးဖွင့်ကြည့်မှ ခွေးကလေးတစ်ကောင်ဆိုတာ သိလိုက်ရတာ။ စိတ်ထဲမှာ တော်တော်လေး ကြည်နူးမိသွားတယ်။ လုံးဝကို Heart warming လေးဖြစ်သွားရတာပါ။ ပြီးတော့ အဲဒီခွေးလေးက ဒီအတိုင်းထွက်သွားတယ်ဗျ။ နောက်တစ်နေ့ အဲဒီနေရာကို သွားထပ်ရှာပြီး သူ့ကို စောင့်နေသေးတယ်။ အဲဒီပတ်ဝန်းကျင်ကလူတွေ ပြောတာက ဒီနားတစ်ဝိုက်မှာပဲနေတဲ့ လမ်းဘေးခွေးကလေးလို့တော့ ပြောတယ်။ အဲဒီကောင်လေးနဲ့ နောက်တစ်ခေါက်တော့ ထပ်ဆုံချင်ပါသေးတယ်”လို့ Numan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw