Live stream လွှင့်နေတုန်း ဂိမ်းကို Hack ထားတာ ပေါ်သွားတဲ့ ဂိမ်း Streamer

Call of Duty

ဒီနေ့ခေတ်မှာ ကိုယ့်ဂိမ်းဆော့တာကို Live stream လွှင့်တဲ့ Gamer တွေ အများကြီးရှိပါတယ်။ Stream လွှင့်တဲ့ ဂိမ်းအျားစုကတော့ Call of Duty, PUBG, Dota 2 အစရှိတဲ့ PC Game တွေပဲ ဖြစ်ပါတယ်။ Game streamer အများစုဟာ ဂိမ်းကစားရင်းနဲ့ ပိုက်ဆံရှာလေ့ရှိပါတယ်။ သူတို့ဆော့တာကို တိုက်ရိုက်ကြည့်နေတဲ့ ပရိသတ်တွေကပဲ သူတို့ရဲ့ အကောင့်ထဲကို ပိုက်ဆံတွေထည့်ပေးရင်းနဲ့ပဲ Streamer အများစုဟာ ပိုက်ဆံရှာနေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း Call Of Duty ဂိမ်းဆော့တဲ့ Streamer တစ်ဦးဟာ Live လွှင့်ပြီး Streaming လုပ်နေတုန်း Call Of Duty ဂိမ်းကို Hack ပြီးဆော့နေတာကို အဆိုပါဗီဒီယိုထဲမှာ ပရိသတ်တွေက မြင်ခဲ့ရကြောင်း PCgamer သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Call of Duty:Warzone

Call Of Duty: Warzone ဂိမ်းကို ဆော့တဲ့ MrGolds လို့အမည်ရတဲ့ Streamer တစ်ဦးဟာ Hackပြီး Call Of Duty ဂိမ်းကို ဆော့နေတာကြောင့် သူ့ပရိသတ်တွေရဲ့ ဝေဖန်မှုကို တော်တော်လေး ခံနေရပါတယ်။ MrGolds ဟာ သူဆော့တာကို Live stream လွှင့်ပြီး ဆော့လေ့ရှိပါတယ်။ ဒီလိုနဲ့ Stream အလယ်လောက်မှာ သူဟာ ဆက်မကစားတော့ပဲ သူ့ရဲ့ ပရိသတ်တွေနဲ့စကားပြောနေခဲ့ပါတယ်။ ဒီလိုနဲ့ ဂိမ်းထဲက ခဏထွက်ပြီး သူ့ရဲ့ Chatbox က ပရိသတ်တွေနဲ့  စကားပြောနေခဲ့ပါတယ်။

 

ပြောတဲ့စကားတွေကတော့ ပရိသတ်တွေအနေနဲ့ သူ့လောက် CallOf Duty ပစ်တာ တော်တဲ့လူကို မြင်ဖူးဦးမှာမဟုတ်ကြောင်း၊ ဂိမ်းထဲမှာဆိုရင်လည်း သူ့ recoil ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်တော်ကြောင်း အစရှိသဖြင့် ပရိသတ်တွေကို ပြောပြနေခဲ့ပါတယ်။ ဒီလိုစကားပြောနေတုန်းမှာ MrGolds ဟာ လက်ကအငြိမ်မနေပဲ Task Manager ကို ဖွင့်ထားခဲ့ပါတယ်။ သူဒီလို Task Manager ကို ဖွင့်လိုက်တာက Live Stream ထဲမှာ ပေါ်နေတယ်ဆိုတာကို MrGolds တစ်ယောက် ရုတ်တရက် သတိမထားခဲ့မိပါဘူး။ Task Manager ဆိုတာက Computer ဖွင့်ထားတုန်း ဘယ် process တွေ run နေတယ်ဆိုတာကို ပြတဲ့ notification bar တစ်ခုပါပဲ။ အဲဒီ Take Manager ထဲမှာ EngineOwning လို့အမည်ရတဲ့ software တစ်ခု run နေတာကို ထင်ထင်ရှားရှားကြီး မြင်နေခဲ့ရပါတယ်။

READ
မကြာခင်အချိန်မှာ ထွက်ရှိလာတော့မယ့် Sony ရဲ့ PS5 ဂိမ်းစက်

EngineOwning ဆိုတာကတော့ Call Of Duty: Warzone နဲ့ CallOf Duty: Modern Warfare ဂိမ်းကစားတဲ့အချိန်မှာ အဆင့်မြင့်တဲ့ Hack နည်းတွေ ပါဝင်တဲ့ software တစ်ခုပါ။ MrGolds ဟာ ဒီ EngineOwning ကြီးကို တစ်ချိန်လုံး run ပြီး ဆော့နေတယ်ဆိုတာက လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီး ပေါ်နေခဲ့တာပါ။ ဒါကို တွေ့တဲ့ ပရိသတ်တွေဟာ သူတို့တစ်ချိန်လုံး အညာခံရပြီး ကြည့်နေမိတာကို သဘောပေါက်ခဲ့ပြီး ဒေါသတွေ ထွက်ကုန်ပါတော့တယ်။ အခုဆိုရင်တော့ သူ့ရဲ့ Stream အကောင့်ကို တော်တော်များများက report ထုခဲ့ကြပြီး ဖြစ်ပါတယ်။ MrGolds ကတော့ နောက်တစ်ရက်မှာ သူ့ရဲ့ Instagram ကနေပြီး ပရိသတ်တွေ အထင်မှားနေတာဖြစ်ကြောင်း၊ သူ့အနေနဲ့ မနေ့ကလည်း Hack ပြီး မဆော့ခဲ့ကြေင်း၊ ဒီအတိုင်း EngineOwning ကို ဖွင့်ထားတာဖြစ်ကြောင်း ပြန်ပြောခဲ့ပါတယ်။

READ
ဈေးပေါပြီး ပိုမိုသေးငယ်တဲ့ Xbox Series S ကို ထုတ်လုပ်ရောင်းချမယ့် Microsoft

 

Pyi Hein Kyaw

SHARE