တအံ့တသြ ငေးမောရတဲ့အထိ အသက်ဝင်လွန်းတဲ့ ဥရောပက 3D လမ်းပန်းချီကားကြီးများ

WD (Wild Drawing) အမည်ရတဲ့ အင်ဒိုနီးရှားလူမျိုး လမ်းပန်းချီရေးဆွဲသူ အနုပညာရှင်ဟာ အေသင်မြို့မှာ နေထိုင်လာတာ (၁၀)နှစ်တာ ရှိပါပြီ။ WD ဟာ လက်ရှိဖြစ်ပွားနေတဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေကို ထင်ဟပ်ဖော်ပြထားတဲ့ သူ့ပန်းချီကားတွေကို အစစ်နဲ့မခြား လက်ရာမြောက်လွန်းစွာ ရေးဆွဲခဲ့တာပါ။ WD ဟာ (၂၀၀၀) ခုနှစ်ကတည်းက အခုအချိန်ထိ လမ်းပန်းချီတွေ ရေးဆွဲနေတုန်းပဲဖြစ်ပါတယ်။

ဥရောပ၊ အမေရိကန်နဲ့ အာရှဘက်တွေမှာလည်း ဆိုလိုပြပွဲတွေအပြင် အခြားအပြည်ပြည်ဆိုင်ရာ ပွဲပေါင်းများစွာမှာလည်း WD ဟာ ပါဝင်ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့လက်ရာတွေဟာ ထူးထူးခြားခြား အသက်ဝင်လွန်းတာကြောင့် Thames & Hudson၊ Éditions Alternatives နဲ့ Lonely Planet စတဲ့ ထင်ရှားတဲ့ လမ်းပန်းချီစာအုပ် ထုတ်ဝေသူတွေကတောင် အသားပေးဖော်ပြခြင်းခံခဲ့ရပါတယ်။ အောက်ဘက်မှာတော့ ဥရောပမြို့ကြီးတွေမှာ တွေ့မြင်ရမယ့် WD ရဲ့ လက်ရာတွေပဲဖြစ်ပါတယ်။

READ
အသက်(၂၀)ကျော်နဲ့ ဘီလျံနာ ဖြစ်လာခဲ့တဲ့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီး
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing
Wild Drawing

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE