ကမ္ဘာပတ်စားချင်စိတ်ပေါက်သွားစေမယ့် နိုင်ငံအသီးသီးက လမ်းဘေးအစားအစာများ

လမ်းဘေးအစားအစာတွေကို မကြိုက်သူဆိုတာ ရှားပါတယ်။ ဈေးသက်သာတယ်၊ ဒေသအစားအစာစစ်တယ်၊ ပုံရိုက်တင်ချင်သူတွေအတွက်လည်း ဓာတ်ပုံရိုက်လို့ လှပါသေးတယ်။ ခရီးတွေသွားပြီဆိုရင်လည်း ကိုယ်ရောက်တဲ့ ဒေသက လမ်းဘေးအစားအစာတွေကို မြည်းစမ်းကြည့်ပြီး သူတို့ရဲ့ လူမှုဘဝ၊ ထုံးတမ်းဓလေ့တွေကို ပိုလေ့လာနိုင်ပါတယ်။

အခုဖော်ပြပေးမှာကတော့ နိုင်ငံအသီးသီးက နာမည်အကြီးဆုံး လမ်းဘေးအစားအသောက်တွေ ဖြစ်ပါတယ်။ Foodie လေးတို့ တစ်ချက်ရှိုးလိုက်ရအောင်.. 😛

(၁) ဂျမေကာက Jerk Chicken

hostelworld

ဂျမေကာနိုင်ငံရဲ့ အလွန်နာမည်ကြီးတဲ့ လမ်းဘေးအစားအစာ ကြက်ကင်တစ်မျိုးဖြစ်ပါတယ်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး ထမင်းကြော်၊ ပဲသီးတို့နဲ့ တွဲစားရပါတယ်တဲ့။

(၂) ဗီယက်နမ်က Banh Mi

hostelworld

ဗီယက်နမ်ရဲ့ street food လို့ ပြောလိုက်ရင် Banh Mi က မပါမဖြစ်ပါပဲ။ ပြင်သစ်ပေါင်မုန့်ကို အသားနဲ့ အသီးအရွက် ညှပ်ထားပြီး အနောက်တိုင်းနဲ့ အရှေ့တိုင်း ပေါင်းစပ်ထားတဲ့ မုန့်တစ်မျိုးပါ။

READ
လက်ပေါက်ကတ်တဲ့ ဆွေမျိုးများနဲ့ အဆင်ပြေအောင် ဘယ်လိုဆက်ဆံရမလဲ

(၃) ဂျပန်က Dango

hostelworld

ဒန်ဂိုဆိုတာကတော့ ဖက်ထုပ်မီးကင် တုတ်ထိုးလို့ ပြောလို့ရပါတယ်။ ထိုဖက်ထုပ်ကို မြေပဲယိုတို့ နှမ်းစေ့တို့နဲ့ တွဲဖက်စားသုံးကြပါတယ်။

(၄) အိန္ဒိယက မဆလာဒိုဆာ

hostelworld

အိန္ဒိယတောင်ပိုင်းရဲ့ နာမည်ကြီးတဲ့ အစားအစာဖြစ်ပါတယ်။ ဈေးလည်းချို လျင်မြန်စွာလည်း ရနိုင်ပြီး ကာဗိုဟိုက်ဒြိတ်ကြွယ်ဝတဲ့အတွက် ဗိုက်အရမ်းဆာနေတဲ့ ခရီးသွားတွေအတွက် သင့်တော်တဲ့ မုန့်ဖြစ်ပါတယ်။

(၅) တူရကီက Baklava

hostelworld

တူရကီရဲ့ မုန့်အချိုတစ်မျိုးဖြစ်ပါတယ်။ သကြားရည်၊ pistachios အသီးတွေရယ်နဲ့ ပြုလုပ်ထားတဲ့အတွက် အချိုကြိုက်သူများအတွက် ကွက်တိပါပဲ။

(၆) တောင်ကိုရီးယားက ထမင်းလိပ်

hostelworld

ဒါကတော့ မြန်မာတွေနဲ့လည်း ရင်းနှီးပြီးသား အစားအစာဖြစ်မှာပါ။ ထမင်းစေးစေးလေးကို ကိုယ်နှစ်သက်ရာ အစာပလာထည့်ထားပြီး ရေညှိနဲ့ ပတ်ထားတဲ့ အရသာကို တော်တော်များများ စွဲလမ်းကြပါတယ်။

(၇) သီရိလင်္ကာက Kottu Roti

hostelworld

Kottu Roti ဆိုတာကတော့ လှီးထားတဲ့ ပေါင်မုန့်လို့ အဓိပ္ပာယ်ရပါတယ်။ ပေါင်မုန့်၊ ကြက်ဥ၊ အသား၊ ဟင်းမွှေးမဆလာတို့ကို ရောစင်းပြီး ချက်ထားတဲ့ အစားအစာဖြစ်ပါတယ်။

READ
အရက်ဖြတ်ဖို့ သတိပေးနေတဲ့လက္ခဏာရပ်(၇)ခု

(၈) စပိန်က Churros

hostelworld

ဒိုးနတ်ချောင်းလေးတွေ ဖြစ်ပြီး ချောကလက်ရည်ဆမ်းပေးထားတဲ့ စပိန်က နာမည်ကြီး လမ်းဘေးမုန့်တစ်မျိုးဖြစ်ပါတယ်။ ချောကလက်ရော ဒိုးနတ်ရော ကြိုက်သူတွေအတွက် ကွက်တိပဲနော်။

(၉) ဖိလစ်ပိုင်က Halo Halo

hostelworld

အင်စတာဂရမ်ပေါ် ပုံတင်ချင်တဲ့ ခရီးသွားတွေအတွက်တော့ ဟာလိုဟာလိုက သိပ်လှတဲ့ အစားအစာအဖြစ် နာမည်ကြီးပါတယ်။ အင်္ဂလိပ်လို ပြန်ရင် “mix mix” လို့ အဓိပ္ပာယ်ရပြီး ရေခဲခြစ်ပေါ်မှာ သစ်သီးတွေ၊ ဂျယ်လီတွေ၊ ရေခဲမုန့်တွေ ရေတင်ထားတဲ့ အချိုပွဲအေးအေးလေး ဖြစ်ပါတယ်။

Ref: Hostel World

SHARE