မည်သူမဆိုတီးခတ်နိုင်တဲ့ တိုကျိုဘူတာရုံက ရောင်စုံပီယာနိုလေး

twitter/city_toshima

ပီယာနိုတေးသံဟာ စိတ်ကိုနှစ်သိမ့်မှုပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက တိုကျိုမှ ခရီးသွားလာသူတွေဟာ JR Otsuka ဘူတာရုံမှာ ထူးခြားတာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ရောင်စုံပီယာနိုလေးတစ်လုံးပဲဖြစ်ပါတယ်။

အဆိုပါပီယာနိုလေးဟာ နိုဝင်ဘာ၁ ရက်နေ့ကစပြီး နိုဝင်ဘာ၇ရက်နေ့ထိ သူ့ကိုတီးခတ်မယ့်သူ သူ့တေးသံကိုနားဆင်မယ့်သူတွေကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ပီယာနိုကို ဘူတာရုံမှာထားရတဲ့ရည်ရွယ်ချက်ကတော့ ဘူတာရုံနားမှာ ဖြတ်သန်းသွားလာကြတဲ့လမ်းသွားလမ်းလာတွေရဲ့ စိတ်ခွန်အားကိုဖြည့်တင်းပေးဖို့အတွက်ဖြစ်ပါတယ်။ ပီယာနိုကို မည်သူမဆိုတီးခတ်နိုင်တဲ့အတွက် ပီယာနိုတီးခတ်မှုကိုသင်ကြားနေ သင်ယူနေဆဲ လူတော်တော်များများ လာရောက်တီးခတ်ခဲ့ကြပါတယ်။

ဒါကတော့ Beginner အဆင့်..

ဒါလေးကတော့ ပိုအဆင့်မြင့်သွားပါပြီ..

ဒါကတော့ Advanced  အဆင့်ပါ..


ဘူတာရုံကိုလာတဲ့ဧည့်သည်တွေအတွက်ကတော့ ပါရမီရှင် ပီယာနိုသမားတွေရဲ့ လက်သံကို နားဆင်ရတာ တကယ့်ကိုပျော်ရွှင်စရာပါပဲ။ ဥပမာ YouTube pop ပီယာနိုသမားဖြစ်တဲ့ Harami-chan ဟာဆိုရင် နာမည်ကျော် anime ဇာတ်ကားတစ်ကားဖြစ်တဲ့ Demon Slayer ရဲ့ theme songs တွေကို တီးခတ်ပြခဲ့တာပါ။

READ
ပိတုန်းတစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် တယုတယမွေးထားတဲ့အမျိုးသမီး

ဒါ့အပြင် YouTube ပီယာနိုအတီးသမားတစ်ဦးဖြစ်တဲ့ Yoshikane-san ကလည်း ၄င်းရဲ့မိတ်ဆွေ ပီယာနိုအတီးသမားတစ်ဦးပဲဖြစ်တဲ့ မူလတန်းကျောင်းသားလေး Tappi-kun နဲ့တွဲဖက်ကာ Demon Slayer ဇာတ်ဝင်ခန်းသီချင်းတွေဖြစ်တဲ့ Yoru ni Kakeru နဲ့ Gurenge တို့ကို တီးခတ်ဖျော်ဖြေခဲ့ပါသေးတယ်။ ဒီ ပီယာနိုကိုအခမဲ့တီးခတ်ပြသနိုင်မယ့် ပရောဂျက်လေးဟာ အခုဆို Otsuka ဘူတာရုံမှာမရှိတော့ပါဘူး။ ဒါပေမဲ့ နောက်နှစ် ဧပြီမှာတော့ Ikebukuro ဘူတာရုံမှာ ၄င်းပရောဂျက်လုပ်ဖို့ အစီအစဉ်ရှိကြောင်းလည်း soranews24 အရ သိရပါတယ်။

ShweMom

SHARE