ဂျပန်နိုင်ငံဟာ ကမ္ဘာအလုပ်အကြိုးစားဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးအဖြစ်ပါဝင်လို့နေပါတယ်။ ဒီတစ်ခေါက်မှာတော့ Sora News 24 မှ သတ်မှတ်ထားကြတဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဖိဆီးမှုအနည်းဆုံး အလုပ်အမျိုးအစား (၅) ခုအကြောင်း ဖော်ပြပေးသွားမှာပါ။ အဲဒါကတွေကတော့..

(၁) စားပွဲထိုး
စားပွဲထိုးအလုပ်ဟာ ဂျပန်မှာတော့ စိတ်ဖိဆီးမှု အနည်းဆုံအလုပ်တွေထဲ ပဉ္စမမြောက်အလုပ်အဖြစ် သတ်မှတ်ထားခြင်းခံထားရပါတယ်။ ပုံမှန်အားဖြင့် စားသောက်ဆိုင်လာတဲ့လူတွေကို နေရာချပေးပြီး မှာတာလေးတွေ လိုက်မှတ်၊ မီးဖိုချောင်က ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို ချပေးရုံနဲ့ ပြီးသွားတတ်ကြတဲ့ ဒီအလုပ်မျိုးဟာ စိတ်ဖိဆီးမှု အနည်းဆုံးစာရင်းထဲ ပါဝင်လို့နေပါတယ်။

(၂) အချက်အလက်ကောက်သူ
Data Entry လို့ခေါ်တဲ့ အချက်အလက်တွေကို စာရင်းထဲသေချာထည့်ပေးရတဲ့အလုပ်ဟာလည်း တာဝန်ကြီးပေမယ့်လို့ စားတွေလည်းအများကြီးမပြောရ၊ ဘယ်သူနဲ့မှလည်း အစည်းအဝေးတွေ မတက်ရတဲ့အတွက်ကြောင့် စိတ်ဖိဆီးမှုအနည်းဆုံး top 5 စာရင်းထဲ ပါနေခဲ့ပါတယ်။
(၃) အရောင်းဝန်ထမ်းများ
စားသောက်စရာ သို့မဟုတ် ပစ္စည်းတစ်ခုခုရောင်းရတဲ့ အရောင်းဝန်ထမ်းတွေဟာတော့ ဂျပန်နိုင်ငံရဲ့ စိတ်ဖိဆီးမှု အနည်းဆုံး ထိပ်ဆုံးနံပါတ် (၃) ခုထဲမှာ ပါဝင်လို့နေခဲ့ပါတယ်။ Sales target တွေဘာတွေတော့ မသိဘူးပေါ့လေ။

(၄) Office Admin များ
Administrating အပိုင်းတွေကို တာဝန်ယူရတဲ့ admin တွေဟာလည်း တခြားအလုပ်တွေနဲ့ယှဉ်ရင်တော့ စိတ်ဖိဆီးမှု နည်းနေပါသေးတယ်တဲ့။
(၅) လက်သမားများ
ထိပ်ဆုံးမှာတော့ လက်သမားတွေ ဒါမှမဟုတ် စက်ရုံဝန်ထမ်းတွေဟာ ခန္ဓာကိုယ်ပိုင်းနဲ့ပတ်သက်လာရင် ပင်ပမ်းပေမယ့်လို့ စိတ်ဖိဆီးမှုမှာတော့ တခြားလုပ်ငန်းတွေထက်စာရင် အသက်သာဆုံးပါပဲလို့ ဂျပန်လူမျိုး အားလုံးရဲ့ ၂၀% လောက်က ပြောလာခဲ့ကြပါတယ်။
penny