မထင်မှတ်ပဲ ပေါင်သန်း(၅၀) ကို မိဘအမွေအဖြစ် ရရှိခဲ့တဲ့ သူနာပြုအမျိုးသားလေး

သူနာပြုအမျိုးသားတစ်ဦးဟာ မြေပိုင်ရှင်ကြီးတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းသားဖြစ်နေတာကို ဒီအန်အေစစ်ဆေးသိရှိပြီးတဲ့နောက် ဗြိတိန်ရဲ့ အကောင်းဆုံးအိမ်ကြီးတစ်ဆောင်ကို အမွေဆက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ ၄င်းသူနာပြုဟာ အသက်(၃၁) နှစ်အရွယ် ဂျော်ဒန်အက်ဒ်လာ့ဒ်ဆိုသူ ဖြစ်ပါတယ်။ ဂျော်ဒန်ဟာ မြေပိုင်ရှင်ကြီးတစ်ဦးရဲ့ တရားမ၀င်သားတစ်ဦးဖြစ်ပြီး မြေရှင်ကြီးက မနှစ်တုန်းက သေဆုံးပြီးနောက်မှာ ဂျော်ဒန်ဟာ အိမ်ကြီးကို အမွေအဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ မြေရှင်ကြီးဟာ ချားလ်စ်ရော်ဂျာဆိုသူဖြစ်ပြီး အသက်(၆၂) နှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

SWNS

အခုဆိုရင်တော့ ဂျော်ဒန်ဟာ ဧက (၁၅၃၆) ခန့် ကျယ်ဝန်းတဲ့ Pentrose အိမ်ရာကြီးကို ပြောင်းရွှေ့လာခဲ့ပြီး ဖြစ်ပါတယ်။ ဂျော်ဒန်ဟာ အသက်(၈) နှစ်လောက်ကစပြီး မြေရှင်ကြီးဟာ သူ့ရဲ့ဖခင်ဖြစ်နေမယ်ဆိုပြီး သံသယရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအန်အေ မစစ်ဆေးဖြစ်ခဲ့ပဲ ချားလ်စ်ကွယ်လွန်ပြီး နောက်ပိုင်းမှ ဆေးစစ်ခဲ့ရာက ချားလ်စ်နဲ့ ဂျော်ဒန်တို့ဟာ သားအဖတွေ တော်စပ်နေမှန်း သိခဲ့ကြတာပါ။

SWNS

ချားလ်စ်ကွယ်လွန်ပြီးနောက် သူ့ရဲ့ မိခင်ကလည်း နှစ်ပတ်အကြာမှာ ထပ်မံကွယ်လွန်ခဲ့ပါတယ်။ ချားလ်စ်ရဲ့ အကိုဖြစ်သူကလည်း ကင်ဆာရောဂါနဲ့ သေခါနီးနေပြီဖြစ်ကြောင့် အခုလို သန်း(၅၀) တန် အိမ်ရာကြီးကို ဆက်ဆံသူဟာ ဂျော်ဒန်တစ်ယောက်တည်းပဲ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဒန်ကတော့ သူ့အနေနဲ့ မမျှော်လင့်ပဲ သူ့ဖခင်ဟာ သူဌေးကြီးတစ်ဦးဖြစ်နေတာကြောင့် အံ့သြတုန်လှုပ်ခဲ့ရကြောင်း ဆိုပါတယ်။

READ
ကားတစ်စီးလုံးကို လိင်အင်္ဂါနဲ့ ရွေ့အောင်ဆွဲပြီး စွမ်းအားပြသခဲ့တဲ့ ဆာဒူးကြီး
SWNS

ဂျော်ဒန်က “ကျွန်တော်ငယ်ငယ်တုန်းက အဖေက ကျွန်တော့်ကို ဒီအန်အေ စစ်ဖို့ ပြောသေးတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မစစ်ဖြစ်ခဲ့ဘူး။ ကျွန်တော်အသက်(၁၈) နှစ်ရောက်လာတော့ အဖေ့ဆီ သွားပြီး ဒီအန်အေ စစ်ချင်တယ်လို့ သွားပြောလိုက်တယ်။ သူကတော့ ရှေ့နေတွေနဲ့ပဲ လုပ်ခိုင်းတယ်။ အဲဒီတုန်းက အသက်(၁၈) နှစ်အရွယ်ဆိုတော့ လုပ်စရာတွေကလည်း အများကြီး မဟုတ်လား။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကတော့ ရှေ့နေကနေ တဆင့် ချားလ်စ်က ဒီအန်အေ မစစ်ဆေးချင်ဘူးလို့ ပြောခဲ့တယ်။ သိပ်မကြာပါဘူး။ အဲဒီရှေ့နေကပဲ ချားလ်စ်သေသွားပြီဆိုပြီး ပြောခဲ့တာပါ။ အဲ့ဒီတော့ ချားလ်စ်သေပြီးနောက်မှာပဲ ဆေးစစ်ဖြစ်ခဲ့ပါတယ်…” လို့ ဆိုပါတယ်။

SWNS

ဂျော်ဒန်ဟာ ဖခင်ချားလ်စ်ဆီက အမွေမရခင်တုန်းက ဘ၀ကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းလာရတဲ့ လူငယ်လေးတစ်ဦးပါ။ အခုလို မမျှော်လင့်ပဲ ရုတ်တရက် အမွေရတဲ့အတွက် သူ့ကို လူတွေက ကံကောင်းတယ်လို့ ဆိုကြပေမယ့် သူ့အနေနဲ့ အခုပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေနဲ့ ဖခင်ကို ပြန်လဲလို့ရမယ်ဆိုရင် လဲချင်ပါကြောင်း ဂျော်ဒန်က ဆိုခဲ့ပါသေးတယ်။ နီးစပ်သူတွေ ပြောပုံအရတော့ ဂျော်ဒန်ဟာ ဖခင်ဖြစ်သူ ချားလ်စ်နဲ့ တော်တော်လေး ရုပ်တူကြောင်းလည်း သိရပါတယ်။

READ
(၁.၁၂.၁၈)မှ (၇.၁၂.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
SWNS

လင်းလင်း (ShweMom)

Ref: dailymail

SHARE