ရေနဲ့ဓာတ်မတည့်တဲ့ရောဂါကြောင့် တစ်လမှာရေနှစ်ခါပဲချိုးရရှာတဲ့ကျောင်းသူလေး

Facebook / Tessa Hansen-Smith

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာနေထိုင်တဲ့ ဟန်ဆန် စမစ် ဆိုသူ မိန်းကလေးရဲ့အဖြစ်က တကယ့်ကို ထူးထူးဆန်းဆန်းပါ။ သူမ က အသက် (၂၁)နှစ်သာ ရှိသေးပြီး ကမ္ဘာပေါ်က ထူးထူးခြားခြား ရောဂါတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

သူမ က ရေကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး ရေနည်းနည်းထိလိုက်တာနဲ့ ခန္ဓာကိုယ်မှာ အဖုတွေအပိန့်တွေ ထလာတော့တာပါ။

 

သူမရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ ချွေး၊ မျက်ရည် စတာတွေနဲ့ ထိရင်တောင် သူမ မှာ အဆင်မပြေဖြစ်တတ်ပြီး ရေနဲ့အချိန်တော်တော်ကြာ ထိမိပြီဆိုတာနဲ့ နေမကောင်းဖြစ်တော့တာပါပဲ။

READ
(၁၉) နှစ်အရွယ် လူငယ်လေးကို ဆေးရုံရောက်တဲ့အထိ ၀ိုင်းရိုက်ခဲ့တဲ့ အမျိုးသမီးအုပ်စု

ဟန်ဆန် လို ရောဂါရှင်မျိုးက ကမ္ဘာပေါ်မှာ အယောက် (၁၀၀) ပြည့်အောင်တောင် မရှိကြပဲ ရှားရှားပါးပါး ရောဂါရှင်တွေလို့ သတ်မှတ်ရမှာပါ။

Facebook / Tessa Hansen-Smith

သူမရဲ့ မိခင်က ဆရာဝန်တစ်ဦးပဲဖြစ်ပြီး ဟန်ဆန် ကို အဆင်ပြေစေဖို့အတွက် တစ်လမှာ ရေ(၂)ခါပဲ ချိုးဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါတောင်မှ ဟန်ဆန် ဟာ ရေနဲ့ထိရင် အဖုအပိန့်တွေဖြစ်လာပြီး အဆင်မပြေဖြစ်နေတုန်းပါပဲ။

သူမ က ရေနဲ့ထိလိုက်ပြီဆိုရင် အဖုအပိန့်တွေ၊ အနီကွက်တွေဖြစ်လာဖို့ မိနစ် အနည်းငယ်သာ စောင့်ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ ရောဂါက စပါပြီ။

Facebook / Tessa Hansen-Smith

ချွေးထွက်မှာစိုးတဲ့အနေအထားကြောင့် နေပူထဲတောင် လျှောက်သွားလို့မရပဲ လုံးဝကို အပူခံလို့မရ၊ ချွေးထွက်လို့မရတဲ့ အခြေအနေမှာ ဟန်ဆန့်ကို ထားရတာပါ။

ဟန်ဆန် ရဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့ သမီးဖြစ်သူဟာ ကမ္ဘာပေါ်က ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး ရေသောက်တာကိုတောင် ခက်ခဲတဲ့ အလုပ်တစ်ခုလို လုပ်နေရရှာတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

READ
အသက် ၂၀ ကွာတဲ့ချစ်သူလေးကိုစိတ်ရှည်ရှည်နဲ့ဓာတ်ပုံရိုက်ပေးနေရှာတဲ့လီယိုနာဒို

Linn

SHARE