စည်းကမ်းမဲ့စွာ ကားပြိုင်မောင်းရင်း ကျောင်းသူလေးကို တိုက်မိလို့ လူသေမှုနဲ့အမှုဖွင့်ခံရသူနှစ်ဦး

Hina Shamim လို့ အမည်ရတဲ့ အသက် 21 နှစ်အရွယ် ကျောင်းသူလေးဟာ စာကြည့်တိုက်ကို အသွားမှာ စည်းကမ်းမဲ့
ပြိုင်မောင်းလာတဲ့ ကားနှစ်စီးအနက် တစ်စီးနဲ့ ၀င်ရောက်တိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။ သူမဟာ Farid Reza လို့ အ
မည်ရတဲ့ အသက် 36 နှစ် မောင်းနှင်လာတဲ့ BMW ကားနဲ့ တိုက်မိပြီး သတိမေ့မျောသွားခဲ့ပါတယ်။

Reza ဟာ William Spicer လို့ အမည်ရတဲ့ အသက် 28 နှစ်အရွယ် အမျိုးသားနဲ့အတူ 2015 ခုနှစ် မတ်လတုန်းက Kingston မြို့တွင်း Penrhyn လမ်းမှာ ကားပြိုင်မောင်းခဲ့ပြီး၊ နှစ်ဦးစလုံးဟာ BMW ကားတွေကို အသုံးပြုခဲ့ပါတယ်။ အမြန်နှုန်း 30mph သာ သတ်မှတ်ထားတဲ့ လမ်းမပေါ်မှာ 70mph အထိ မောင်းနှင်ခဲ့ကြတာ ဖြစ်ပါတယ်။

READ
ကိုလံဘီယာတွင်ရေကြီးရေကြီးမြေပြိုမှုကြောင့် လူ ၂၅၄ဦးသေဆုံးပြီးရာပေါင်းများစွာပျောက်ဆုံးနေ

တစ်နေရာအရောက်မှာ လမ်းဖြတ်ကူးနေတဲ့ Hina ကို Reza ရဲ့ကားနဲ့ ၀င်ရောက်တိုက်မိခဲ့ပြီး၊ ကားပြိုင်မောင်းသူနှစ်ဦးစလုံးကို လူသေစေသည်အထိ ယာဉ်ကိုအန္တရာယ်များစွာမောင်းနှင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ Hina ဟာ Kingston University မှ အားကစားသိပ္ပံကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။

၎င်းယာဉ် မတော်တဆမှုမှာ ကလေးတစ်ယောက်ကိုပါ ၀င်ရောက်တိုက်မိခဲ့ပြီး အဆိုပါ ကလေးမှာ ဦးခေါင်းခွံအက်ဒဏ်ရာ၊ မေးရိုးကျိုး၊ ညှပ်ရိုးကျိုးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ Reza လည်း လက်မောင်းကျိုး ဒဏ်ရာ ရရှိခဲ့ပြီး၊ သူ့အနေနဲ့ ဒီအဖြစ်အဆိုးအတွက် အလွန်စိတ်မကောင်း ဖြစ်မိကြောင်း ပြောခဲ့ပါတယ်။ တရားရုံးကတော့ ၎င်းတို့ နှစ်ဦးစလုံးကို ဆက်လက် စစ်
ဆေးနေဆဲဖြစ်ပြီး၊ ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ခံရဖို့ ရှိနေပါတယ်။

မဒီလေး (Shwemom)

READ
သမီးကို အိပ်ဆေးခပ်ပြီး ကားထဲမှာထည့်ကာ မီးရှို့သတ်ပစ်ခဲ့သည့် မိခင်အရင်း

source : thesun.co.uk

SHARE