ဒိတ်လွန် ပေါင်မုန့်တွေကို အသုံးပြုပြီး ဘီယာထုတ်လုပ် ရောင်းချနေတဲ့ လူငယ်လေး

Futurebrew

ဒီနေ့ခေတ် လူငယ်တော်တော်များများဟာ တော်တော်လေးကို ကြံရည်ဖန်ရည်ရှိပြီး အရာရာကို စူးစမ်းလေ့လာချင်စိတ် အပြည့်ရှိတဲ့ လူတွေပါပဲ။ သူတို့ရဲ့ ဆန်းသစ်တဲ့ တီထွင်မှုတွေ၊ အတွေးအမြင်တွေကြောင့် ကျွန်တော်တို့ ဒီနေ့ခေတ်ကြီးမှာ လူနေမှုအဆင့်အတန်းမြင့်မားနေတယ်လို့လည်း ပြောလို့ရနိုင်ပါတယ်။ အခုလည်း UK နိုင်ငံက တက္ကသိုလ် တက်နေတဲ့ လူငယ်တစ်ယောက်ဟာ ဒိတ်လွန်နေတဲ့ ပေါင်မုန့်တွေကို အသုံးပြုပြီး ကာဗွန်လုံးဝမပါတဲ့ ဘီယာအသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီး ကုမ္ပဏီတစ်ခုပါ ထူထောင်နိုင်ခဲ့ကြောင်း Ladbible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Futurebrew

အဆိပါ လူငယ်လေးကတော့ UK နိုင်ငံရှိ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ Dimitris-Marios Stoidis အမည်ရ လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Dimitris ဟာ စတိုးဆိုင်တွေနဲ့ စူပါမားကပ်တွေရှိ ဒိတ်လွန်နေတဲ့ ပေါင်မုန့်တွေကို အသုံးပြုပြီး Future Brew အမည်ရှိ ဘီယာအသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီလိုမျိုး ဘီယာကို ထုတ်လုပ်နိုင်တာ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်လို့တောင် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာဗွန်တွေကို လျှော့ချနိုင်တဲ့အပြင် ဒိတ်လွန်နေတဲ့ ပေါင်မုန့်တွေကို သူ့ရဲ့ နည်းပညာနဲ့ ပေါင်းစပ်ပြီး ဘီယာချက်လုပ်နိုင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။ UK နိုင်ငံမှာ နှစ်စဉ် ပေါင်မုန့်တန်ချိန်ပေါင်း ၉ သိန်းကျော်ဟာ ဒိတ်ကျော်လွန်သွားတာကြောင့် အလာဟသ စွန့်ပစ်နေရလို့ပဲ ဖြစ်ပါတယ်။

READ
Gym မသွားပဲ တစ်နှစ်အတွင်း ပေါင်(၁၂၀)ကျော် ဝိတ်ချခဲ့တဲ့ အမျိုးသမီး
Futurebrew

“အစပိုင်းမှာတော့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် အချိန်တစ်ခု ရောက်တဲ့ အချိန်မှာတော့ အောင်မြင်သွားခဲ့လို့ တော်တော်လေးကို ပျော်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ Future Brew ဘီယာကို တစ်နိုင်ငံလုံးမှာရှိတဲ့ စတိုးဆိုင်တွေနဲ့ စူပါမားကပ်တွေမှာ ဖြန့်ချီနိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှတော့ Ford, Santander, BBC South, Dominvs Group တို့လို ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံခဲ့လို့လည်း တော်တော်လေးကို စိတ်အားတက်ရပါတယ်”လို့ Dimitris က ပြောကြားခဲ့ပါတယ်။

Futurebrew

Pyi Hein Kyaw

SHARE