တက်တူးဖျက်ရာမှ ကြောက်စရာကောင်းတဲ့ အမာရွတ်ကြီး ကျန်ခဲ့တဲ့ ကောင်မလေး

ထိုင်းကျောင်းသူဟာ သူမရဲ့ လည်ပင်းနားမှာ တက်တူးကြီးတစ်ခု ထိုးခဲ့ပါတယ်။ ဒါပေမယ့် တက်တူးကို ပြန်ဖျက် ဖို့ ကြိုးစားခဲ့တဲ့ အခါမှာတော့ အမှားအယွင်းရှိ ခဲ့ပြီး ကြောက်စရာ ကောင်းတဲ့ အမာ ရွတ်ကြီး ထင်သွားခဲ့ပါတယ်။သူမရဲ့ အသက်ကတော့ (၂၁)ဖြစ်ပြီး Pasuda Reaw ဟာ ထိုင်းမြောက်ပိုင်း Udon Thani မြို့မှာ နေထိုင်သူပါ။ လည်ပင်းနားမှာ နှင်းဆီပန်းပုံတက်တူးကြီးကို ထိုးပြီးမှ လုပ်ငန်းခွင်ဝင်ရင် မသင့်တော်တဲ့ အတွက် ပြန်ဖျက်ခဲ့တာပါ။

သူမဟာ တက်တူးပြန်ဖျက်ဖို့ အတွက် (laser-free chemical method) နည်းကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ သူမ ရဲ့ အရေပြားမှာ ယားယံ၊နာကျင်တဲ့ ခံစားချက်ကို ခံစားခဲ့ရပါတယ်။တက်တူးgun ကို သုံးပြီး၊အရေပြားပေါ်က မှင်တွေကို ပျက်အောင်ဖျက်မယ်၊ပြီးရင် အနာဖေးေ တွက သူ့ဟာသူ ကွာကျသွား လိမ့်မယ်လို့ ဖျက်ပေးသူက ပြောခဲ့တာပါ။ဒါပေမယ့် နှစ်လလော က်ကြာပြီးနောက်မှာတော့ ယားယံ၊နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ လည်ပင်းနားမှာ ပန်းရောင်  အမာ ရွတ်ကြီး ထင်ကျန်ခဲ့ပါတယ်။

READ
အမျိုးသမီးတွေထက် အမျိုးသားတွေကိုသာ ဈေးဝယ်ခွင့် ပြုသင့်ကြောင်း ပြောခဲ့တဲ့ မြို့တော်ဝန်

“ရုတ်တရက်ကြီး ယားယံ၊နာကျင်လာခဲ့တယ်။အရေပြားတွေက အလွယ်တကူ ကွာမကျသွားခဲ့ဘူး။နာလွန်းလို့ အိပ်တောင် မရခဲ့ဘူး။ပိုပိုဆိုးလာတယ်။ပျောက်ဖို့ လည်း အချိန်အရမ်းကြာခဲ့တယ်။တခြားသူတွေကိုလည်း ကျွန်မလို သတိထားမိဖို့ အတွက် ပုံတွေကို ရှယ်လိုက်တာပါ” လို့ ဆိုပါတယ်။ဖေဖော်ဝါရီလ(၄) ရက်နေ့ က တက်တူးဖျက်ပြီး ဆေးခန်းကနေ အိမ်ပြန်လာတည်းက နာလို့ အိပ်မပျော်ခဲ့ ဘူးလို့ ဆိုပါတယ်။(၁၀)ရက်လောက်ကြာပြီးနောက်မှာတော့ အရေပြားတွေ ကွာကျလာခဲ့ပါတယ်။မတ်(၂)ရက်နေ့မှာတော့ တက်တူးကွာကျသွားပြီး ဒဏ်ရာေ တွ ကျန်ခဲ့ကြောင်း၊မတ်(၇)ရက်နေ့မှာတော့ အမာရွတ်ကြီးဖြစ် သွား ခဲ့တာပါ။

Pasuda တစ်ယောက် တက်တူးကိုတော့ ဖယ်ပြီးပေမယ့် အမာရွတ်အကြီးကြီး ကတော့ ကျန်နေခဲ့ပါတယ်။ဇီဝဓါတုပညာရှင် ဒေါက်တာ Wade Cheng ကြေ ပာရာမှာ တက်တူးတစ်ခုကို ဖျက်ချင်တယ်ဆိုရင် အဆင့်(၃)ဆင့်(သို့)(၄)ဆင့်လောက် လိုကြောင်း၊digital permanent make-up machine ဆိုတဲ့ အထူးဖန်တီးထားတဲ့ စက်မျိုးကို သုံးပြီးဖျက်ရတာလိ့ ပြောခဲ့ပါတယ်။

READ
လူ(၇)ယောက်ကို ကားနဲ့ဝင်တိုက်ပြီး ကားထိခိုက်သွားသလား အရင်ကြည့်တဲ့ဒရိုင်ဘာ

Nilar(Shwemom)

Ref;Daily Mail

SHARE