အရှေ့က တောက်လျှောက်လေလည်သူကြောင့် စာမေးပွဲခန်းထဲ ဒုက္ခရောက်သွားသူ

လေလည်တယ်ဆိုတာ သဘာဝတစ်ခုပါပဲ။ နေ့တိုင်းမှာ လူတိုင်း အနည်းဆုံး ၃ ကြိမ်လောက်ပြုလုပ်လေ့ရှိတဲ့ ဇီဝ ဓာတ်ငွေ့ စွန့်ထုတ်မှုဖြစ်ပါတယ်။ ဘယ်အချိန်မှာ လည်မယ်ဆိုပြီး အတိအကျကြီး သတ်မှတ်ထားလို့မရသလို တစ်ခါတစ်ရံ တစ်ခုခုကို အားစိုက်လိုက်တဲ့အခါ မမျှော်လင့်ဘဲ ထွက်သွားတာမျိုး၊ နှာချေတဲ့ အခိုက် လေလည်ခိုက် ကြုံကြိုက်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။

SCMP

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟောင်ကောင်က ကျောင်းသားတစ်ယောက်က Diploma of  Secondary Education (DSE) စာမေးပွဲခန်းတစ်ခုမှာ ဖြေဆိုချိန်အတွင်း ကြုံတွေ့ခဲ့ရတဲ့ သူရဲ့ အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့ပါတယ်။

ဖြစ်ပုံကတော့ သူ့ အရှေ့တည့်တည့်က တခြားကျောင်းသားက နှစ်နာရီလုံးလုံး တောက်လျှောက်လေလည်နေခဲ့တာပါ။ မဖြေခင် စစချင်းမှာတော့ ၄င်း ကျောင်းသားရဲ့ ပုံစံက အေးဆေးဖြစ်ပေမယ့် ဖြေမယ်လည်းလုပ်ရော ကိစ္စက စတင်ဖြစ်ပေါ်လာကြောင်း အင်္ဂလိပ်စာဖြေဆိုမှုပြီးတဲ့ ဧပြီ ၆ ရက်နေ့မှာ အွန်လိုင်ဖိုရမ်ကနေ့တစ်ဆင့် ပြောပြခဲ့တာဖြစ်တယ်။

READ
ကလေးခေါင်းပေါ်ကိုသံဘူးတင်ပြီး လေသေနတ်ဖြင့် ပစ်ခတ်သည့် ဗွီဒီယိုဖိုင်ဝေဖန်ခံနေရ

“သူ့ဆီက အသံကို ကြားလိုက်တယ်၊ အသံက ခိုးပြီး လွှတ်လိုက်တဲ့ အသံမျိုး… အဲ့လိုကြားလိုက်တုန်းက အမြန် အသက်အောင့်ပြီး ခဏနေလိုက်တယ်။ ဒါပေမယ့် သူရဲ့ ကိစ္စက ရပ်မသွားခဲ့ဘူး၊

အဲ့ဒီလို အသံတွေ၊ အနံတွေကြောင့် စိတ်တွေ လွတ်ကုန်ပြီး မေးခွန်နှစ်ခုလောက် မဖြေနိုင်ဘူး ဖြစ်သွားတယ်” လို့ ကျောင်းသားကပြောပြပါတယ်။

SCMP

နှစ်နာရီ လုံးလုံး စိတ်နှောက်အယှက်ဖြစ်ခဲ့ရပြီး ဖြေဆိုမှုပိုင်းမှာ ထိခိုက်စေခဲ့ကြောင်း၊ အထူးသဖြင့် အင်္ဂလိပ်စာကို နားထောင်ပြီး ဖြေဆိုရတဲ့ အပိုင်းမှာဆို လေလည်သံတွေကြောင့်နဲ့ အာရုံတွေ ပျက်ခဲ့ရကြောင်း ပြန်လည် ပြောပြတယ်။

အဲ့ဒီ့ကျောင်းသားလေးက သူရဲ့ ကြုံတွေ့မှုကို ကံဆိုးမှုတစ်ခုအဖြစ် မှတ်ချက်ပေးဖော်ပြခဲ့ပြီး အိမ်အပြန်တစ်လမ်းလုံးလည်း အဲ့ဒီ့အနံ့တွေကိုပဲ ရနေကြောင်း၊ အ၀တ်အစားတွေမှာဆိုလည်း စွဲကပ်နေသလို ခံစားရကြောင်း၊ စိတ်အောက်နေရကြောင်းလည်း ပြောပြထားပါတယ်။

READ
ရုတ်တရက် ကားတစ်စီးက ၀င်အောင်းတာကို ခံလိုက်ရတဲ့ အမျိုးသမီးနှစ်ဦး

သူရဲ့ ဖြစ်ပုံနဲ့ ပတ်သက်ပြီး လူတစ်ချို့က ရယ်ကြသလို တစ်ချို့ကလည်း နေရာပြောင်းလိုက်သင့်ကြောင်း၊ အခန်းစောင့်ကို ပြောပြသင့်ကြောင်း ပြောဆိုထားတာတွေလည်း တွေ့ရပါတယ်။

Ref: World of Buzz

Matthew (ShweMOM)
SHARE