ဆယ်ကျော်သက်တစ်ဦးအနေနဲ့ စိတ်ကျဝေဒနာကိုတွန်းလှန်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါ့ပြင် သူစိမ်းတစ်ယောက်ရဲ့အကြောင်းကိုနားထောင်ပြီး သူတို့ကိုငွေပေးဖို့ဆုံးဖြတ်ရတာဟာ ပိုပြီးတော့မလွယ်ပါသေးတယ်။ ဒါပေမဲ့ အသက်၂၂ နှစ်အရွယ် ပူနေးမြို့မှာနေထိုင်သူ အင်ဂျင်နီယာကျောင်းသား Raj Dagwar ကတော့ ဒါကို အပြုံးမပျက်ဘဲ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
Storypick သတင်းအရ သိရတာက Raj ဟာ ၂၀၁၉ ခုနှစ်ကတည်းက စိတ်ကျဝေဒနာကိုခံစားနေရတာပါ။ သူ့ရဲ့စိတ်ရောဂါနဲ့ပတ်သက်ပြီး မိသားစုကိုလည်း မပြောပြချင်လို့ ပရော်ဖက်ရှင်နယ်အကူအညီယူခဲ့ပေမယ့် မသက်သာခဲ့ပါဘူး။ အခုဆိုရင်တော့ သူဟာ နေ့တိုင်း ညနေ၆နာရီကနေ ည၁၁နာရီကြား အချိန်၅နာရီလုံးလုံး Fergusson College လမ်းပေါ်မှာ မတ်တပ်ရပ်နေပါတယ်။ သူ့လက်ထဲမှာလည်း “သင့်အကြောင်းပြောပြပါ။ သင့်ကို ၁၀ ရူပီးပေးမယ်။”လို့ စာရေးထားတဲ့ ကတ်ထူပြားကိုကိုင်ထားပါတယ်။
View this post on Instagram
သူဟာ ဒ်ီဇင်ဘာ၅ရက်နေ့ကစပြီး အခုလိုလှုပ်ရှားမှုမျိုးကို စတင်ခဲ့တာဖြစ်ပါတယ်။ Raj က “ဒီရက်တွေအတွင်းမှာ လူတွေဘယ်လိုလှုပ်ရှားသွားလာနေလဲဆိုတာ တွေ့ရတယ်။ လူပေါင်း ရာနဲ့ချီပြီးတော့ သူတို့အကြောင်းတွေကိုပြောပြကြတယ်။ သူစိမ်းတွေရဲ့အကြောင်းနားထောင်ရတာ တကယ့်ကို ဝမ်းသာစရာကောင်းတဲ့ အခွင့်ထူးပါပဲ။ ကျွန်တော်က နားထောင်ကောင်းသူတစ်ယောက်ပါ။ တစ်ချို့ဆိုရင် သူတို့ကိုယ်တိုင်ကလည်း စိတ်ဓာတ်ကျနေတာမို့ ကျွန်တော်နဲ့အတူ စကားပြောရတာကို သဘောကျကြတယ်။”
View this post on Instagram
“လူတွေအားလုံးမှာ ပြဿနာ အကြီးအသေးကိုယ်စီရှိကြတယ်။ ဒါတွေကို ပြောထွက်ဖို့ဆိုတာ မလွယ်ပါဘူး။ Lockdown ကြောင့်လည်း လူတော်တော်များများဟာ အထီးကျန်ကြတယ်။ စိတ်ခံစားချက်တွေကို သူတို့စိတ်ထဲမှာပဲ ချုပ်တီးထားကြတယ်။ ဒါကြောင့်လည်း စိတ်ကျရောဂါတွေဖြစ်ရတာပဲ။” လို့ ဆိုပါတယ်။ Raj နဲ့ပတ်သက်လို့ ဝေဖန်မှုတွေကလည်း ရှိနေပါသေးတယ်။ “ကျွန်တော် လုပ်နိုင်တာက Mask အောက်ကနေ လူတွေကိုပြုံးပြပြီး သူတို့အကြောင်းမေးခွန်းလေးတွေမေးရုံပါပဲ။ တကယ်လို့ ကျွန်တော့်ကြောင့် သူတို့စိတ်သက်တောင့်သက်သာဖြစ်သွားရင် ကျွန်တော်လည်းတစ်ခုခုအောင်မြင်သွားသလို ခံစားရပါတယ်။” လို့လည်း Raj က ပြောပြခဲ့ပါတယ်။
ShweMom