ချို့တဲ့တဲ့ကလေးတွေကို စာသင်ပေးရင်း အကျိုးပြုနေတဲ့ ကျောင်းသူလေးတစ်ဦး

မနှစ်က ဖိလစ်ပိုင်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Dara Tuazon ဟာ လူသာမက စိတ်ပါလှတယ်ဆိုတဲ့အကြောင်းကြောင့် အင်တာနက်ပေါ်မှာ သတင်းမွှေးခဲ့သူလေးပါ။ သူမက တက္ကသိုလ်မှာ မူလတန်းဆရာအတတ်သင် မေဂျာကို တက်ရောက်သင်ကြားနေပြီး ကျောင်းနားမှာရှိတဲ့ လမ်းပေါ်က ချို့တဲ့နွမ်းပါးတဲ့ ကလေးလေးတွေ အားလပ်ချိန်မှာ စာသင်ပေးလေ့ရှိပါတယ်။

Dara Mae Tuazon/ Facebook

ကျောင်းမနေရတဲ့ ကလေးတွေဟာ သူတို့ကို ရေးတတ်ဖတ်တတ်အောင် သင်ပေးနေတဲ့ ဆရာမလေးကိုလည်း ချစ်ခင်ကြပြီး (၃)ယောက်နဲ့ စတင်ခဲ့ရာမှ မကြာခင်မှာ ကလေးပေါင်း (၃၅)ယောက်ဖြစ်သွားခဲ့ပါတယ်။ Dara ဟာ စာသင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း သူမရဲ့ ပိုက်ဆံနဲ့ ဝယ်တာဖြစ်ပါတယ်။ (၂၀၁၇)တုန်းကတော့ သူမ ကလေးတွေကို စာသင်နေတဲ့ပုံကို တစ်ယောက်ယောက်ရိုက်ကာ အင်တာနက်ပေါ်တင်လိုက်ပြီးနောက် သတင်းမွှေးသွားခဲ့ပါတယ်။

Dara Mae Tuazon/ Facebook

အခုဆိုရင်တော့ Dara ရဲ့ လူထုကို အကျိုးပြုမှုက နိုင်ငံအဆင့်ထိပါ ဂုဏ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။ The One International က ချီးမြှင့်တဲ့ The One ဖိလစ်ပိုင် လူသားချင်းစာနာထောက်ထားမှုဆုကို လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆုငွေအဖြစ် ဖိလစ်ပိုင် ပီဆို (၁.၅)သန်းရခဲ့ပြီး ထပ်ဆောင်းအနေနဲ့လည်း ပီဆို (၂)သိန်းခွဲထပ်ရခဲ့ပါသေးတယ်။ စိတ်နှလုံးလှတဲ့ ဆရာမလေး Dara Tuazon အတွက်တော့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရခြင်းပဲဖြစ်ပါတယ်။

READ
သင်စိတ်ဓာတ်ကျတဲ့အခါ ဘာလုပ်ရမလဲ

White (Shwemom)

Ref: Rach Feed

SHARE