ဦးနှောက်ခွဲစိတ်မှု အကြိမ်ကြိမ်ခံယူနေရတာတောင် ဆရာဝန်ဖြစ်ဖို့ဇွဲမလျှော့ခဲ့တဲ့ ကျောင်းသူ

တက္ကဆက်ပြည်နယ်မှ ကျောင်းသူလေးတစ်ဦးဟာ ဆရာဝန်တစ်ဦးဖြစ်ဖို့ ကြိုးစားနေရင်း ဦးနှောက်ခွဲစိတ်မှု (၆) ကြိမ်နဲ့ လေဖြတ်ဝေဒနာတွေကို တွေ့ကြုံခံစားခဲ့ရပါတယ်။ ဘယ်လောက်ပဲ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကလော်ဒီရာမားတီးနေးဇ်ဆိုသူ သူမဟာ လာမယ့် (၂၀၂၀) ခုနှစ်မှာ မက်ခ်ဂါးဗန်းဆေးကျောင်းကနေ ဘွဲ့ရရှိတော့မှာဖြစ်ပါတယ်။ ကလော်ဒီရာဟာ ဦးနှောက်ခွံပုံသဏ္ဏာန်မမှန်ခြင်း သို့မဟုတ် ဦးခေါင်းခွံသေးငယ်ခြင်း  Chiari Malformation ကြောင့် ဦးနှောက်တစ်ရှူးတွေက ကျောရိုးမကြီးဆီ ဆန့်ထွက်လာတဲ့ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။

instagram

လက်ရှိအချိန်ထိ ကလော်ဒီရာဟာ ခွဲစိတ်မှုပေါင်း(၆) ကြိမ်တိုင်ခံယူခဲ့ပြီး ခွဲစိတ်ပြီးတိုင်းမှာလည်း နေ့စဉ်လုပ်နေကျ ရိုးရှင်းတဲ့အလုပ်လေးတွေဖြစ်တဲ့ သွားတိုက်တာ၊ အ၀တ်အစားဝတ်တာမျိုးနဲ့ လမ်းလျှောက်တာတွေကို အစကနေ ပြန်ပြန်သင်နေရပါတယ်။ ကလော်ဒီရာဟာ အသက်(၈) နှစ်အရွယ်ကစလို့ အာရုံကြောဆရာဝန်တစ်ဦး ဖြစ်ဖို့ ရည်ရွယ်ခဲ့ပြီး စာကြိုးစားသင်ယူခဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ဆရာဝန်တစ်ဦးဖြစ်ဖို့ အိပ်မက်နဲ့ ခွဲစိတ်မှုအတွေ့အကြုံတွေကိုတော့ အခြားသူတွေ ခွန်အားရစေရန်အလို့ငှာ ဆိုရှယ်မီဒီယာပေါ်မှာ ကလော်ဒီရာက မျှဝေထားပါတယ်။ ကလော်ဒီရာဟာ သူမ အသက်(၁၉) နှစ် (၂၀၁၂) ခုနှစ်မှာ အပြင်းအထန် ခေါင်းကိုက်လာခဲ့ရာကနေ ဝေဒနာစတင်ပေါ်လာခဲ့ပါတယ်။ ကိုယ်လက်တွေမှာ ထုံကျင်တာ၊ စူးတာတွေ ဖြစ်လာပြီး ကြွက်သားတွေဟာ အလိုအလျောက်လှုပ်လာခဲ့ပါတယ်။ အမြင်အာရုံကလည်းေ၀၀ါးပြီး အတက်ရောဂါရလာခဲ့တဲ့အပြင် အစားအသောက်မြိုချရာမှာပါ အခက်အခဲတွေ့လာခဲ့ပါတယ်။ ဆေးစစ်ကြည့်တဲ့အခါမှာတော့ Chiari Malformation နဲ့ Syringomyelia ရောဂါတွေဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

READ
ပိုင်ဆိုင်သမျှစည်းစိမ်အားလုံးကို လှူဒါန်းမယ်ဆိုတဲ့ ဟောင်ကောင်မင်းသား ချောင်ယွန်ဖတ်
instagram

Syringomyelia ကတော့ ကျောရိုးမကြီးထဲမှာ အရေအိတ်တည်နေတာ ဖြစ်ပါတယ်။ အရေအိတ်ကို ခွဲမထုတ်တဲ့အခါ ၄င်းဟာ တဖြည်းဖြည်းကြီးလာပြီး အချိန်ကြာလာတာနဲ့အမျှ ကျောရိုးမကြီးကို ပျက်စီးသွားစေမှာပါ။ ဦးနှောက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီ ဆက်သွယ်ထားတဲ့ အာရုံကြောတွေကိုလည်း ၄င်းက ဖိထားတဲ့အတွက် အာရုံကြောအမျှင်တွေကို အနာတရဖြစ်ပြီး အာရုံကြောစနစ်ကို အနှောင့်အယှက်ဖြစ်စေတာ ဖြစ်ပါတယ်။

instagram

ရောဂါသိပြီး တစ်ပတ်အကြာမှာတော့ ကလော်ဒီရာဟာ ခွဲစိတ်ကုသမှုခဲ့ယူခဲ့ရပါတယ်။ တကယ်လို့ မခွဲစိတ်ပဲ ဒီအတိုင်းထားရင် အကြောတွေသေကုန်ပြီး ဒုက္ခိတဖြစ်သွားမှာ စိုးရိမ်ရလို့ပါ။ ထိုစဉ်ကတည်းကစပြီး ကလော်ဒီရာဟာ နောက်ထပ်ခွဲစိတ်မှုပေါင်း (၅) ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။ တစ်ကြိမ်မှာတော့ ခွဲစိတ်ပြီးတဲ့နောက် နိုးလာတဲ့အခါ လည်ပင်းအောက်ကစပြီး တစ်ကိုယ်လုံး လှုပ်မရတော့ပဲ လေဖြတ်သွားတာတောင် ကြုံခဲ့ဖူးပါသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ ဦးနှောက်ကို အကြိမ်ကြိမ်ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရပေမယ့် ကလော်ဒီရာဟာ အသက်ဘေးကနေ အကြိမ်ကြိမ် ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခက်အခဲအမျိုးမျိုးနဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ပေမယ့် ကလော်ဒီရာ ဆရာဝန်ဖြစ်ဖို့ အိပ်မက်ကို လက်မလျှော့ခဲ့ပါဘူး။ လက်ရှိမှာတော့ သူမဟာ ဆေးကျောင်းမှာ တတိယနှစ်ကို ပညာသင်ယူပြီးဖြစ်ပြီး (၂၀၂၀) ခုနှစ်မှာ ဆေးသိပ္ပံဘွဲ့ရတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ CEWE ဓာတ်ပုံပြိုင်ပွဲမှ ရင်သတ်ရှုမောဖွယ်ရာဆုရဓာတ်ပုံများ
instagram

လင်းလင်း (ShweMom)

Ref: dailymail

SHARE