ဥရောပက ကျောင်းသားတွေ လတ်တလော အကြီးအကျယ်ဆန္ဒပြနေကြတဲ့ အကြောင်းအရင်း

The Guardians

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တုန်းက Europe မှ ကျောင်းသားကျောင်းသာများဟာ ကျောင်းမတက်ကြဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကို တက်တက်ကြွကြွ ငြိမ်းချမ်းစွာဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

The Guardians

လန်ဒန်မှကျောင်းသားများဟာ “Save our planet!” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ကာ Parliament Square သို့လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

The Guardians

ပဲရစ်မှာလည်း ကျောင်းသားပေါင်း (၂၀၀) လောက်ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် မြို့တွင်းမှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး အပတ်တိုင်းကို အခုလိုပုံဖော်ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်မယ်လို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့အဓိကတောင်းဆိုချက်ကတောာ့ ပြင်သစ်ရဲ့ greenhouse gas ထုတ်လွှင့်မှုတွေကို တစ်နှစ်မှာ ၄% ဆီ တဖြည်းဖြည်းချင်းလျှော့ချပေးဖို့အတွက် ဖြစ်ပါတယ်။

The Guardians

ဒီလိုအလေ့အကျင့်စဖြစ်ပေါ်လာတာကတော့ ဆွီဒင်နိုင်ငံမှ အသက် (၁၆) နှစ်အရွယ် ကျောင်းသူတစ်ယောက်ကြောင့်ပဲဖြစ်ပါတယ်။ Greta Thunberg ဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ စကာ အပတ်တိုင်း အတန်းချိန်ပျက်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် ဆွီဒင်ရဲ့ အော်စလိုမြို့တော်ခန်းမမှာ တစ်ယောက်တည်းထိုင်ကာ ဆန္ဒပြနေခဲ့တာပါ။

READ
အိမ်ယာမဲ့အမျိုးသမီးရဲ့ လက်ထဲမှာပင် မွေးကင်းစကလေးငယ်အအေးဒဏ်ကြောင့်သေဆုံး
The Guardians

Greta ရဲ့ လုပ်ရပ်ကို အတုယူကာ ဗြိဒိန်မှာ Youth Strike 4 Climate ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ စုဝေးကာ ဆန္ဒထုတ်ဖော်ဖို့အတွက်ကိုတော့ လူမှုကွန်ယက်တွေမှာ တင်ခဲ့ပြီး Belgium, Britain, France, Germany, Ireland, Sweden, Switzerland တို့မှာ အဓိကပြုလုပ်ပြီး အခြားသောနိုင်ငံများမှာလည်း တစ်ရက်တည်းမှာ တညီတညွတ်တည်း ငြိမ်းချမ်းပျော်ရွှင်စွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

The Guardians

ဆန္ဒထုတ်ဖော်ပွဲတွေကြောင့် လန်ဒန်မှာ ကားလမ်းလေး မဆိုသလောက်ပိတ်ရုံကလွဲလို့ ကျန်တဲ့ပြည်သူတွေကို ဘာမှမထိခိုက်စေခဲ့ပါဘူ။ ဒီလိုလှုပ်ရှားပွဲတွေကို သောကြာနေ့တိုင်းပြုလုပ်မှာဖြစ်ပြီး အသက် (၆) နှစ်မှ ကောလိပ်ကျောင်းသားတွေအထိ အားတက်သရောပါဝင်လာကြတယ်လို့ သိရပါတယ်။

The Guardians

US နဲ့ UK တို့မှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ Polar Vortex လို့လိုသဘာဝဘေးအန္တရာယ်တွေ၊ ဆူနာမီလှိုင်းတွေ၊ အရင်ကထက်ပိုပြီးဆိုးရွားလာတဲ့ လေမှုန်တိုင်းတွေဟာ ပတ်ဝန်းကျင်ကိုမထိန်းသိမ်းကြလို့ ဖြစ်လာကြတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ အဆမတန်အမဲလိုက်မှု၊ ဂေဟစနစ်ပျက်ဆီးမှုကြောင့် သက်ရှိမျိုးစိတ်တွေရှားပါးလာခြင်း၊ စက်ရုံအလုပ်ရုံတွေ မော်တော်ကားတွေမှ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ရာသီဥတုတွေပြောင်းလဲလာကာ ဖောက်လွဲဖောက်ပြန်ဖြစ်လာခဲ့ပါပြီ။

READ
ကလေးမွေးပြီးချင်း ရေခဲသေတ္တာထဲ3လကြာ ထည့်ထားသည့်မိခင်ကို လူသတ်မှုဖြင့်ဖမ်းဆီး

Source: NY Times

Penny

SHARE