စစ်တမ်းကောက်ချက်များအရ Selfie ရိုက်ရင်းသေဆုံးသူအရေအတွက် မြင့်တက်လာနေ

Lad Bible

လူတိုင်းကတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ လိုက်ပြီး အကောင်းဆုံးအမှတ်တရတွေကို ဖန်တီးချင်ကြတာပါပဲ။ ဒါပေမယ့် ဓာတ်ပုံရိုက်တယ်ဆိုတာလည်း အချိန်နဲ့အခါနဲ့ကို ကြည့်ပြီးမှ ရိုက်သင့်ပါတယ်။ အမှတ်တရဖန်တီးချင်လို့ပဲဖြစ်ဖြစ်၊ နာမည်ကြီးချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အသက်ကိုတောင် ဂရုမစိုက်ဘဲ ဓာတ်ပုံရိုက်နေမယ်ဆိုရင်တော့ အဆင်မပြေဘူးလေနော်။

Selfie ရိုက်ရင်း သေဆုံးတဲ့အမှုတွေကို “Selficide” လို့ အမည်တွင်စေပါတယ်။ Selficide အမှုပေါင်းတွေဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအရ အနည်းဆုံး (၂၅၉) မှု ရှိနေပါတယ်။ ပြောချင်တာကတော့ လူပေါင်း (၂၅၉) ယောက်ဟာ ဓာတ်ပုံကောင်းတစ်ပုံ ရဖို့အတွက် အသက်စွန့်သွားခဲ့ရတာပါ။ သေဆုံးခဲ့သူတို့ရဲ့ပျမ်းမျှအသက်အရွယ်ဟာ (၂၃) နှစ်ဖြစ်ပြီး လေးပုံသုံးပုံဟာ အမျိုးသားတွေပါ။ သေဆုံးတဲ့ နည်းလမ်းတွေကတော့ ယာဉ်တစ်မျိုးမျိုးတိုက်သွားတာ၊ ရေနစ်တာနဲ့ အမြင့်မှ ပြုတ်ကျတာတွေပဲဖြစ်ပါတယ်။

ဒီစစ်တမ်းကောက်ယူမှုကို အမေရိကန်အခြေစိုက် ဆေးပညာဆိုင်ရာ အမျိုးသားစာကြည့်တိုက်မှ ပါဝင်ကူညီဦးဆောင်ပေးပြီး တစ်နှစ်ကနေတစ်နှစ် ပြောင်းလဲတာတာနဲ့အမျှ သေဆုံးသူဦးရေတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဥပမာဆိုရင်တော့ ၂၀၁၁ ခုနှစ်မှာ သေဆုံးသူဟာ (၃) ယောက်သာရှိပြီး ၂၀၁၆ ခုနှစ်အရောက်မှာတော့ (၉၈) ယောက်အထိ မြင့်တက်ခဲ့ပါတယ်။

READ
ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာမှု ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံများ…
Lad Bible

ဒါပေမဲ့ ဒီစစ်တမ်းကောက်ယူမှုဟာ Twitter တို့ Wikipedia တို့လိုမျိုး platform တွေကနေတစ်ဆင့်  ‘selfie deaths’, ‘selfie accidents’ နဲ့ ‘koolfie deaths’ စတဲ့ စကားလုံးသုံးလုံးကို အခြေခံပြီး ရှာဖွေထားတာဖြစ်တဲ့အတွက် အင်တာနက်ပေါ် မရောက်ခဲ့တဲ့ လူသေမှုတွေလည်း အများကြီး ရှိနိုင်ပါသေးတယ်။ သေချာတာကတော့ ပျမ်းမျှ (၂၅၉) ယောက်ဆိုတာ အနည်းဆုံးလူဦးရေပါပဲ။

လမ်းမပေါ်တွေမှာ selfie တက်ရိုက်လို့ ကားတိုက်တဲ့အမှုတွေ၊ အန္တရာယ်ရှိတဲ့ ချောက်ကမ်းပါးလို၊ တိုက်ခေါင်မိုးပေါ်နေရာတွေကနေ လိမ့်ကျတဲ့အမှုတွေဟာ များလွန်းတာကြောင့် တချို့နေရာတွေမှာဆို “Selfie မရိုက်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေတောင် ထားထားရပါတယ်။

၂၀၁၈ ခုနှစ်ထဲ ဝင်လာတဲ့အခါမှာတော့ သေဆုံးမှုတွေဟာ လျော့ကျလာပြီး အခုအချိန်ထိ Selficide အမှုဟာ (၂) မှုသာရှိနေပါသေးတယ်။ ပထမအမှုကတော့ လွန်ခဲ့တဲ့ သုံးလတုန်းက သြစတေးလျနိုင်ငံ၊ South Wales ဒေသမှာ (၁၉) နှစ်အရွယ် Gavin Zimmerman ဟာ selfie ရိုက်ရင်း အမြင့်မှပြုတ်ကျသေဆုံးခဲ့သလို၊ ပြီးခဲ့တဲ့ လတုန်းကလည်း Tom Frankfuruer ဆိုသူကလည်း ကယ်လီဖိုးနီးယားပြည်နယ်၊ Yosemite အမျိုးသားဥယျာဉ်မှာ အမြင့် (၂၅၀) မီတာရှိတဲ့ နေရာကနေ selfie ရိုက်ရင်း ပြုတ်ကျသေဆုံးခဲ့ပါတယ်။

READ
ရုပ်ထုတွေဖြေစ်ပေါ်လာခဲ့တဲ့နောက်ကွယ်က စိတ်ဝင်စားဖွယ်သမိုင်းဝင်ဖြစ်ရပ်များ
Lad Bible

စစ်တမ်းအရ သေဆုံးသူတွေရဲ့ ၅၀% ဟာ USA, Russia, Pakistan နဲ့ India တို့မှပဲ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာတော့ လူတွေဟာ ရထားလာနေတာကို နောက်ခံထားပြိး ဓာတ်ပုံရိုက်တာကြောင့် သေဆုံးခဲ့ရတာတွေ များနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ရထားလာတာကို နောက်ခံထားပြီး ဗီဒီယိုရိုက်ခဲ့တဲ့အတွက် ဦးခေါင်းဒဏ်ရာရာနဲ့ လူနာတစ်ယောက် ဆေးရုံတင်ခဲ့ရပါသေးတယ်။

မသေသင့်ဘဲ မသေရအောင် အခြေအနေအချိန်အခါကို ကြည့်ပြီးမှ selfie ရိုက်ပါ။ အသက်ကို အသိဥာဏ်နဲ့ ကာကွယ်ဖို့လိုအပ်ပါတယ်။

Source: Lad Bible

Penny

SHARE