ရုံးခန်းတွင်း တိရစ္ဆာန်မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကိုကျဆင်းစေကြောင်း သိရ

ရုံးခန်းထဲ တိရစ္ဆာန်မွေးမြူခြင်းဟာ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး အရင်တုန်းက ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သုတေသနတစ်ခုမှာ ဆိုထားတာကတော့ ရုံးခန်းထဲ တိရစ္ဆာန်မွေးမြူခြင်းမှာ ကောင်းတဲ့အချက်တွေလည်း ရှိနေသေးတယ်ဆိုတာ တွေ့ရပါတယ်။ Open University က လူနဲ့တိရစ္ဆာန်တို့ရဲ့ ဆက်ဆံရေးကို လေ့လာနေသူ မာရီဂျိုးဆေးအန်ဒါစ်ကတော့ ရုံးခန်းထဲမှာ ကြောင်၊ခွေးစတဲ့ တိရစ္ဆာန်တွေကို မွေးမြူခြင်းဟာ ၀န်ထမ်းတွေအတွက် အကျိုးကျေးဇူးဖြစ်စေကြောင်း ဆိုပါတယ်။

Source: WOB
Source: WOB

သူမက “ရုံးပတ်ဝန်းကျင်မှာ ခွေးတစ်ကောင်လောက်ရှိတာ ကောင်းပါတယ်။ တိရစ္ဆာန်လေးတွေနဲ့ ထိတွေ့တဲ့အခါ ၀န်ထမ်းတွေရဲ့ စိတ်ဖိစီးမှု ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီဆိုးလ်ပမာဏကို ကျဆင်းစေပါတယ်။ ပြီးတော့ ခွေးကို ပွတ်သပ်လိုက်တဲ့အခါ လူ့ခန္ဓာကိုယ်ထဲကနေ အောက်ဆီတိုစင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ ဒီဟော်မုန်းက လူကို ပိုပြီး စိတ်သက်တောင့်သက်သာနဲ့ ပျော်ရွှင်စေပါတယ်…” လို့ ဆိုပါတယ်။

Source: WOB
Source: WOB

Pet Lovers Centre (PLC) ကတော့ PAWs Animal Welfare Society နဲ့ ပူးပေါင်းပြီး လေ့လာမှုလေးတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ အလုပ်လုပ်နေသူတွေရှိနေတဲ့ ရုံးခန်းထဲကို ကြောင်လေးတွေထည့်ပေးထားတာပါ။ ရုံးမှာထည့်ပေးထားတဲ့ ကြောင်လေးတွေဟာ လူကိုချစ်တတ်ပြီး ချစ်စရာကောင်းတဲ့ ကြောင်လေးတွေ ဖြစ်ပါတယ်။ လေ့လာမှုထဲ ပါဝင်သူ ၀န်ထမ်းတွေကတော့ ကြောင်လေးတွေကြောင့် တစ်နေ့တာအလုပ်လုပ်ချိန်အတွင်းမှာ ပိုသက်တောင့်သက်သာရှိပြီး အလုပ်မြန်မြန်ပြီးတယ်လို့ ဆိုပါတယ်။

READ
မတူညီတာတွေများတဲ့ စုံတွဲတွေမှာ တွေ့ရတတ်တဲ့ အမှားများ
Source: WOB

တစ်ခါတစ်လေ ၀န်ထမ်းတွေအနေနဲ့ အလုပ်ထဲမှာနစ်ပြီး တကုပ်ကုပ်နဲ့ ထိုင်ရာမထ အလုပ်လုပ်ရတဲ့ အချိန်တွေလည်း ရှိပါသေးတယ်။ ဒီအခါ ကြောင်လေးတွေက ကိုယ့်နားလာတဲ့အခါ ၀န်ထမ်းတွေအနေနဲ့ ခြေဆန့်လက်ဆန့်လုပ်ဖို့နဲ့ အနားယူဖို့ သတိရလာတယ်လို့ ဆိုပါတယ်။ စိတ်မကြည်တဲ့အခါမျိုးတွေမှာဆိုရင်လည်း ကြောင်လေးတွေနဲ့ ပွတ်သပ်ကျီစယ်ကစားရတဲ့အခါ စိတ်ကို ပြန်လည်လန်းဆန်းလာစေတယ်လို့ သိရပါတယ်။ စိတ်ဖိအားများတဲ့ ရုံးခန်းတွေမှာတော့ ကြောင်လေးတွေ ခွေးလေးတွေဟာ ၀န်ထမ်းတွေအတွက် စိတ်ဖြေရာဖြစ်လို့နေမှာပါ။ ဒါတွေကတော့ PAWs ရဲ့ ရုံးခန်းတွင်းမှာ ကြောင်လေးတွေကို ထားရှိရတဲ့အခါ တွေ့လာရမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Source: WOB

လင်းလင်း (ShweMom)

Ref: worldofbuzz

SHARE