တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက သာမန် သက်တမ်းထက် (၂)နှစ်ပိုရှည်နိုင်…

မနက်တိုင်းမှာ ကဖိန်းဓာတ်လေးမှ မရရင် မနေနိုင်တဲ့သူ၊ နေ့လယ် သုံးနာရီလောက်မှာ ကော်ဖီတစ်ခွက် မသောက်ရင် မနေနိုင်သူတွေ သိဖို့လိုတဲ့ အကြောင်းလေးဖော်ပြပေးချင်ပါတယ်။

ဇီဝလေ့လာမှု ရလဒ်အသစ်အရ တစ်နေ့ကို ကော်ဖီ နှစ်ခွက်သောက်တဲ့သူတွေဟာ သက်တမ်း (၂)နှစ်ပိုရှည်ရှည်နေရတယ်လို့ သိရပါတယ်။

 

 

ကဖိန်းဟာဓာတ်ဟာ လူခန္ဓာပေါ်မှာ ကောင်းကျိုးနဲ့ ဆိုးကျိုး သက်ရောက်မှု များစွာရှိတဲ့ အရာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေအတွက်လည်း ကဖိန်းနဲ့ ပတ်သက်ရင် ဆွေးနွေးစရာတွေဟာ မကုန်နိုင်အောင်ဖြစ်နေသလိုပါပဲ။

၂၀၁၇ ခုနှစ်က British Medical Journal (BMJ) ရဲ့ လေ့လာဆန်းစစ် တွေ့ရှိမှုအရ တစ်နေ့ကို ကော်ဖီ သုံးခွက်ကနေ လေးခွက်သောက်သူတွေဟာ မသောက်တဲ့သူတွေနဲ့ ယှဉ်ရင် အရွယ်မတိုင်ခင် သေဆုံးမှုနှုန်းလျော့နည်းပြီး နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို ကျဆင်းစေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

READ
သေချင်လောက်အောင် စိတ်ဓာတ်ကျနေသူများ ခွန်အားယူနိုင်ရန်အချက်(၅)ချက်

ကော်ဖီသောက်မှုကြောင့် ကင်ဆာရောဂါ၊ အသည်းရောဂါ၊ စိတ်ဖောက်ပြန်မှုနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပွားမှု လျော့နည်းစေတယ်လို့လည်း ဆေးပညာဖော်ပြမှုများမှာတွေ့ပါတယ်။ အခုနောက်ဆုံး European Journal of Epidemiology မှာ ဖော်ပြခဲ့တဲ့ နောက်ဆုံးတွေ့ရှိမှုကတော့ နည်းနည်းပိုထူးခြားသလိုခံစားရပါတယ်။

 

ကော်ဖီနဲ့ သေခြင်း ကြားထဲက ဆင်နွှယ်မှုကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။ လူအယောက် ၃၈ သိန်းကျော်နဲ့ အသေအပျောက် ကိစ္စ ၄ သိန်းခွဲလောက်ကို လေ့လာခဲ့ကြတာပါ။ လုံးဝမသောက်သူတွေက နှစ်ခွက်ကနေ လေးခွက်သောက်သူတွေထက် သေဆုံးမှု ရာခိုင်နှုန်းပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။ အမေရိကန်မှာထက်စာရင် ကော်ဖီသောက်သုံးမှု ပိုပျံ့နှံ့တဲ့ အာရှနဲ့ ဥရောပဟာ ပိုပြီး အရွယ်မတိုင်ခင် သေဆုံးမှု လျော့နည်းတယ်လို့ လေ့လာချက်တွေအရ ဖော်ပြပေးလိုက်ရပါတယ်။

Ref: World of Buzz

READ
ထူးထူးခြားခြား အိမ်တွင်းအလှဆင်နိုင်ဖို့အတွက် ကျွမ်းကျင်သူတို့ပေးတဲ့ စိတ်ကူးဆန်းများ
Matthew (ShweMOM)
SHARE