WiFi စက်တွေက အမျိုးသားတွေ မျိုး မအောင်ခြင်းရဲ့အဓိကအကြောင်းရင်းပါတဲ့

mimagephotography/Shutterstock

ကလေးယူဖို့တော့ ကြိုးစားနေကြတာပဲ… ဒါပေမယ့် အခုအထိ မအောင်မြင်သေးတဲ့ အိမ်ထောင်ရှင် ကိုကိုမမတွေအတွက် စဉ်းစားစရာ၊ အလေးထားစရာ ကိစ္စတစ်ခုကို စေတနာရှေ့ထားပြီး ဖော်ပြပေးချင်ပါတယ်။

ဂျပန်နိုင်ငံက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Aspire-Reproduction က သုတေသန ပညာရှင် Kumiko Nakata ရဲ့ လေ့လာတွေ့ရှိမှုအရ  မိုဘိုင်းဖုန်းတွေ၊ အိမ်မှာ တပ်ဆင်ထားတဲ့ WiFi စက်တွေ ကနေထွက်လာတဲ့ သံလိုက်လျှပ်စစ် လှိုင်းတွေဟာ အမျိုးသားတွေရဲ့ သုက်ပိုးမှာသွားပြီး အရာရောက်တဲ့ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

သန္ဓေသားနဲ့ ပတ်သက်တဲ့ ပြဿနာ ၃၀% က အမျိုးသားတွေဆီလာပါတယ်…။

ကလေးယူဖို့နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ အခုလို ကိစ္စတွေဟာ ကမ္ဘာပေါ်က စုံတွဲ ၁၅% လောက်မှာဖြစ်နေတယ်လို့ WHO ရဲ့ စစ်တမ်းများအရ သိရပါတယ်။ မျိုး  အောင်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာ သုံးချိုး တစ်ချိုးလောက်ကလည်း အမျိုးသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဟုတ်ပါတယ်… မကောင်းတဲ့ ပတ်ဝန်းကျင်၊ ဖိစီးမှု၊ အစားသောက် ချို့တဲ့မှု၊ မျိုးရိုး စတဲ့ များစွာသော အကြောင်းအချက်တွေကြောင့်နဲ့ အမျိုးသားတွေ မျိုး မအောင်တာ၊ မြုံတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပဲ… မိုဘိုင်းဖုန်းကို တစ်ချိန်လုံး ဘောင်းဘီ အိတ်ကပ်ထဲမှာ ဘာရယ်မဟုတ် ထည့်ထားမိတတ်တာက မျိုးဆက် ပြန့်ပွားရေးမှာ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

READ
လေလည်ခြင်းကနေ ရရှိမယ်လို့ သင်လုံးဝ မမျှော်လင့်ထားတဲ့ ကောင်းကျိုးများ
one photo/shutterstock

Wifi နဲ့ ထိတွေ့ စမ်းသပ်မှု

ဂျပန် သိပ္ပံပညာရှင်တွေဟာ အမျိုးသား ၅၁ ယောက်ကို အဖွဲ့ သုံးဖွဲ့ ခွဲစေပြီး ၄င်းတို့ဆီကနေ နမူနာ တွေရယူခဲ့ပါတယ်။ ၄င်းတို့ အမျိုးသားတွေကို ပုံစံတူ ဖုန်းတွေနဲ့ တကွ WiFi အသုံးပြုစေခဲ့တယ်။

ပထမ တစ်ဖွဲ့ကို WiFi စက်နဲ့ လုံးဝ ဝေးရာမှာ ထားတယ်၊ ဒုတိယ တစ်ဖွဲ့ကိုကျ WiFi အကာအကွယ်တွေနဲ့ ပြင်ဆင်ပေးပြီး ထိတွေစေတယ်၊ နောက်ဆုံးအဖွဲ့ကိုတော့ အပြည့်အ၀ ထိတွေ့စေခဲ့တယ်။ အဲ့ဒီလိုနဲ့ သုက်ပိုး နမူနာတွေကို WiFi စက်နဲ့ အနီးမှာ ထားပြီးတစ်မျိုး၊ ပုံစံပွား ဖုန်းတွေကို ဘောင်းဘီ အိတ်ကပ်ထဲထည့် လျှောက်သွားစေပြီး တစ်မျိုးနဲ့ အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြပြီး နောက်ဆုံး ရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်။

panuwat phimpha/Shutterstock

၂ နာရီအကြာ….

ထွက်ပေါ်လာတဲ့ ရလဒ်တွေက နည်းနည်းလေး ကြောက်စရာကောင်းနေပါတယ်။ မိနစ် ၃၀ WiFi လှိုင်းအောက်မှာနေတာ ဘာမှမဖြစ်ပေမယ့် ကြာလာတာနဲ့ အမျှ ထိခိုက်မှုတွေဟာ စတင် ထင်ရှားလာစေပါတယ်။ နှစ်နာရီကြာပြီးတဲ့နောက် သုက်ပိုးရဲ့ လှုပ်ရှားမှုနှုန်းကို လေ့လာရာ WiFi နဲ့ လုံးဝမထိတွေ့တဲ့ အဖွဲ့မှာ ၅၃.၃%၊ အကာအကွယ်နဲ့ အဖွဲ့မှာ ၄၄.၉%၊ အပြည့်အ၀ ထိတွေ့ထားတဲ့ အဖွဲ့မှာတော့ ၂၆.၄ ရာခိုင်နှုန်းဆိုပြီး တွေ့ရှိခဲ့ရပါတယ်။ ၂၄ နာရီ ထားပြီး သုက်ပိုး သေဆုံးမှုနှုန်းကို ဆက်လက်လေ့လာခဲ့ရာ WiFi နဲ့ ထိတွေ့ခံထားရတဲ့အဖွဲ့က ၂၃.၃% ရှိပြီး လုံးဝမထိတွေ့ထားတဲ့ နမူနာတွေက ၈.၄% သာရှိတာကိုတွေ့ရပါတော့တယ်။

READ
စွန့်ပစ်ရမှာကို သင်မေ့လျော့နေတတ်တဲ့ အိမ်သုံးပစ္စည်းများ
ClickingHappiness/Shutterstock

လူတွေထက် ဖုန်းတွေက ပိုများနေ….

ဒီနေ့ခေတ်မှာတော့ ရှိနေတဲ့ တကယ့် ကမ္ဘာ့ လူဦးရေထက် သုံးစွဲနေတဲ့ မိုဘိုင်း အရေအတွက်က ပိုများနေကြောင်း စစ်တမ်းများက ဖော်ပြနေပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် ဖုန်းတစ်လုံးထက် ပိုပြီး အသုံးပြုနေတဲ့ လူတော်တော်များများရှိနေတာကို သိသာစေပါတယ်။ ၄င်း ဖုန်းတွေက ထွက်လာတဲ့ လှိုင်းကြိမ်နှုန်းတွေရဲ့ သက်ရောက်မှုက အလွန်အလေးထားရမယ့် သဘောမှာ ရှိနေပါတယ်။

ရိုးရိုးရှင်းရှင်းပဲ ကာကွယ်မယ်….

Ms. Nakata ရဲ့ လေ့လာမှုရဲ့ အတည်ပြုချက်များအရ လျှပ်စစ်သံလိုက် လှိုင်းတွေဟာ လူတွေရဲ့ ကျန်းမာရေးနဲ့ ချမ်းသာ သုခတို့အပေါ် အန္တရာယ်တွေရှိစေတယ်။ တစ်ချိန်လုံး ဖုန်းသုံးနေတဲ့ မိသားစုနဲ့ မသုံးတဲ့ မိသားစုတို့ရဲ့ ကွာခြားမှုက သိပ် သိသာထင်ရှားပါတယ်။ ဒီတော့ ရိုးရိုးလေးပဲ ဖုန်းကို ဥစ္စာခြောက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့် သွားလေရာ ပါစေမယ့် အစား စားပွဲပေါ်တင်ထားလိုက်တာက အများကြီး ထူးခြားသွားစေမယ့်အကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew

SHARE