အမြဲတမ်းနောက်ပြောင်နေတတ်တဲ့ စုံတွဲများဟာ ပိုခိုင်မြဲတတ်ကြောင်းလေ့လာတွေ့ရှိချက်

shutterstock

Relationship တစ်ခုမှာ ရယ်သံတွေရှိမနေဘူးဆိုရင် သင်ချစ်သူထားတာ ဘာအတွက်လဲဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ အချိန်ကျနေပြီလို့ ပြောချင်ပါတယ်။ ချစ်သူထားတယ်ဆိုတာ အဓိကက ချစ်တဲ့လူနဲ့ ပျော်ချင်လို့၊ ကြည်နူးချင်လို့ ချစ်သူထားကြတာမဟုတ်ပါလား။ တချို့သမီးရည်းစားဆက်ဆံရးတွေဟာ အချင်းချင်းစနောက်တာတွေမရှိဘဲ အိနြေ္ဒတစ်ခွဲသားကြီးနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံတတ်ကြပါတယ်။ ဒါဟာမကောင်းဘူးလို့ ဆိုလိုတာတော့မဟုတ်ပေမယ့် သူတို့နဲ့ဗြောင်းပြန်ဖြစ်တဲ့ အချင်းချင်းအမြဲတမ်း စနောက်နေတတ်တဲ့စုံတွဲတွေဟာ အခြားသောစုံတွဲတွေထက် ပိုပြီးခိုင်မြဲတတ်ကြတယ်လို့ လေ့လာချက်တွေအရ သိခဲ့ရပါတယ်။

shutterstock

Joyscribe website မှာ ဖော်ပြချက်အရ ဒီအချက်ကို Kansas တက္ကသိုလ်မှ သူတေသီ Jeffrey Hall မှ နှစ်ပေါင်း (၃၀) ကြာ လူ (၁၅၀၀၀) ကို စမ်းသပ်ခဲ့ပြီးမှ အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။

shutterstock

သူ့ရဲ့လေ့လာတွေ့ရှိချက်တွေထဲ ဟာသ သို့မဟုတ် စနောက်ပြီး ရယ်ခြင်းကိုဖြစ်ပေါ်စေတဲ့ စကား၊ အပြုမူနဲ့ လုပ်ရပ်တွေကြောင့် လူနှစ်ဦးကြားထဲက ဆက်ဆံမှုကို ပိုပြီးရင်းနှီးစေတယ်လို့ သိရပါတယ်။ လူနှစ်ယောက်ထဲ တစ်ယောက်ချင်းစီဒီလို ရယ်စရာတွေကို ဖန်တီးခြင်းထက် နှစ်ဦးပေါင်း ဖန်တီးခြင်းက ပိုပြီးနီးစပ်မှု ရစေတယ်လို့လည်း ပြောထားပါသေးတယ်။

READ
အချစ်များစွာနဲ့တည်ဆောက်ထားကြတဲ့ ထူးထူးခြားခြားစုံတွဲများ

သို့ပေမယ့် စနောက်လိုက်တိုင်း ကြင်နာမှု၊ ဖြူစင်စစ်မှန်မှု၊ အကြမ်းပတမ်းကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အရှက်တကွဲအကျိုးနဲဖြစ်စေမှုအပြင် သိက္ခာကျဆင်းအောင်ရုပ်ပျက်ဆင်းပျက်ဖြစ်ဖန်များလာပြီဆိုရင်တော့ သင့်ရဲ့လက်တွဲဖော်က သင့်ကိုမနှစ်မြို့တော့ဘဲ ချစ်ခြင်းရဲ့ပြောင်းပြန်ရလဒ်ကို သင်ရသွားမှာပါ။

shutterstock

Source: Ladbible

Penny

SHARE