ခွေးမွေးထားသူတွေဟာ မိဘတွေထက်တောင်ေ ခွးလေးတွေကို ပိုနမ်းနေကြတယ်တဲ့

JACLOU-DL/pixabay

စာဖတ်ပရိတ်သတ်ကြီးတွေထဲမှာ ပါပီလေးတွေမွေးထားသူတွေ ရှိကြမယ်ထင်ပါတယ်နော်။ ဒီလို ခွေးမွေးထားတဲ့အထဲကမှ ခွေးလေးတွေနဲ့ တရင်းတနှီးနေသူတွေဟာ ခွေးလေးတွေကိုနမ်းတဲ့ အရေးအတွက်ကာ ကိုယ့်မိဘတွေကို နမ်းတဲ့အရေအတွက်ထက်တောင် ပိုများနေလေ့ရှိတယ်ဆိုပြီး Bored Panda မှာ ဖတ်ရတဲ့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

JillWellington/Pixabay

Riley’s Organic ဆိုတဲ့ Website တစ်ခုမှာတော့ အမေရိကတစ်ဝှမ်းမှာ ခွေးမွေးထားတဲ့ ခွေးပိုင်ရှင် ၅၂% ကျော်လောက်ဟာ သူတို့ခွေးလေးတွေကို နမ်းတဲ့အရေအတွက်ဟာ မိဘတွေနဲ့နမ်းတဲ့အရေအတွေက်ထက် ပိုများနေတယ်ဆိုပြီး ကောက်ယူထားတဲ့စစ်တမ်းတစ်ခုရှိနေပါတယ်။ Riley’s Organic ဆိုတာဟာ ခွေးလေးတွေအတွက် အစာရောင်းတဲ့ကုမ္ပဏီတစ်ခုပါ။

ဒီလိုစစ်တမ်းကောက်ယူတဲ့အခါ အဲဒီအဖွဲ့အစည်းကနေပြီး လမ်းမပေါ်ထွက်ကာ ခွေးရှိတဲ့လူတိုင်းကို ပိုင်ရှင်နဲ့ခွေးလေးတွေကြား ရင်းနှီးမှု၊ ကြင်ကြင်နာနာဆက်ဆံမှုဟာ ဘယ်လောက်အရေးပါကြောင်း လိုက်မေးခဲ့တာပါ။ ၅၂% လောက်ဟာ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း နမ်းကာချစ်ကြည်နူးကြပြီး ခွေးလေးတွေကို အိပ်ယာထဲ ခေါ်သိပ်တတ်သူတွေဟာလည်း ၅၂% ရှနေပါသေးတယ်။ ဒီပြင် ခွေးလေးတွေမွေးထားခြင်းဟာ သူတို့ဘဝမှာ ပျော်ရွှင်မှုတွေ ဖြစ်ပေါ်လာလားဆိုတဲ့မေးခွန်းကိုတော့ ခွေးလေးတွေဟာ သူတို့ရဲ့အကောင်းဆုံးသောမိတ်တွေတွေပါပဲလို့ ဖြေကြသူရာခိုင်နှုန်းဟာ ၉၂% တောင်ရှိနေကြပါတယ်တဲ့။

JACLOU-DL/pixabay

ကဲသင်တို့ရာ (၁) ခွေးလေးတွေကို နမ်းလေ့ရှိသလား၊ (၂) အိပ်ယာထဲရော ခေါ်သိပ်တတ်ကြလား၊
(၃) သင်တို့ဘဝအတွက် အကောင်ဆုံးမိတ်ဆွေလေးတွေလား ဆိုတဲ့ မေးလွန်းလေး ၃ ခုကို စဉ်းစားပေးကြပါဦးလား။

READ
Baby Oil ဟာ အလှအပအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ သင်သိပါသလား ?
JACLOU-DL/pixabay

Penny

SHARE