နေ့လည်ခင်း တရေးတမောအိပ်သူတွေဟာ စွမ်းဆောင်ရည်ပိုမြင့်မားကြောင်းသိရ

pexels/Kha Ruxury

စာဖတ်သူက ကိုယ့်ရဲ့တစ်နေ့တာလုံးမှာ အလုပ်တွေပိုပြီးချင်တယ်၊ အလုပ်ပိုတွင်ချင်တယ်ဆိုရင်တော့ တရေးခဏအိပ်တတ်တဲ့ အလေ့အကျင့်လေးကို မွေးမြူသင့်ပါတယ်။ Metro သတင်းအရ သုတေသနသစ်တစ်ခုမှာ စွမ်းရည်ဆောင်မြင့်မားတဲ့လူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်က ခဏတရေးအိပ်တာပါလို့ ဆိုပါတယ်။ ဒီသုတေသနက အမေရိကန်လူမျိုး အယောက် (၂၀၀၀) ကို စမ်းသပ်တွေ့ရှိထားတာပါ။

ပညာရှင်တွေတွေ့ရတာက ခဏတရေးအိပ်တတ်တဲ့သူတွေက ပိုပြီးအလုပ်တွင်တဲ့သူတွေ ဖြစ်နေကြတယ်ဆိုတာကိုပါ။ ဒီလိုလူတွေဟာ နေ့လည်နေ့ခင်း တရေးမအိပ်တတ်တဲ့သူတွေနဲ့ယှဉ်ရင် ပိုပြီး ပျော်ရွှင်သလို ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပိုရှိနေတာကို တွေ့ရပါတယ်။ လေ့လာချက်ကို OnePoll က ပြုလုပ်ထားပါတယ်။ OnePoll က ခဏတရေးအိပ်တာဟာ ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေပေါ်မှာ သက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။

pexels/Acharaporn Kamornboonyarush

တာဝန်ရှိသူတစ်ဦးက “နေ့လည်နေ့ခင်းတွေမှာ တရေးလောက်အိပ်ပြီး အနားယူတာက ပျင်းရိတဲ့လက္ခဏာမဟုတ်တော့ပါဘူး။ အလုပ်တွေအများကြီးလုပ်နိုင်ဖို့ အားပိုရှိလာအောင် ကူညီပေးတဲ့ တန်ဆာပလာတစ်ခု ဖြစ်လာနေပါပြီ..” လို့ ဆိုပါတယ်။ ဒီဆာဗေးလေးက တရေးအိပ်တဲ့သူတွေရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြထားတာပါ။ ဒါပေပမယ့် တရေးအိပ်တာနဲ့ လုပ်ငန်းခွင်ထဲက အောင်မြင်မှု ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို အသေးစိတ်ဖော်ထုတ်ဖို့ သုတေသနတွေတော့ အကျယ်တ၀င့်ပြုလုပ်ဖို့ လိုနေပါသေးတယ်။

READ
ဘဝမှာ အရိုးရှင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဖြစ်အောင် နေထိုင်နည်း (၅) မျိုး

အထူးသဖြင့် စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတဲ့သူတွေက နေ့လည်ခင်းတွေမှာ တရေးအိပ်ဖို့ ပိုပြီးလိုအပ်နိုင်ဖွယ်ရှိပါတယ်။ လူတွေရဲ့ဘ၀မှာ အိပ်စက်အနားယူတာက မရှိမဖြစ်အစိတ်အပိုင်းတစ်ခုပါ။ တကယ်လို့ညဘက်မှာ အိပ်ရေးမ၀ခဲ့ဘူးဆိုရင်တောင် နေ့လည်ခင်းတရေးလောက်ပုံမှန်အိပ်သွားရင်ပဲ အလုပ်ဆက်လုပ်ဖို့ တော်တော်အားအင်ဖြစ်နေပါပြီ။

pexels/bruce mars

အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး အထူးပြုလေ့လာထားတဲ့ ပညာရှင် ခရစ္စတာဘဲလ်မာဂျန်ဒီကတော့ တရေးအိပ်တာက လူတွေရဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေကြောင်းဆိုပါတယ်။ “တကယ်လို့ အလုပ်မှာ အိပ်ချင်နေတယ်ဆိုရင် ခဏလေးမှေးအိပ်လိုက်တာ ကောင်းတယ်။ ဒီလိုအိပ်တဲ့အခါ ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ပေါ်မှာ လာသက်ရောက်မှု ရှိတယ်။ အကျိုးရှိပါတယ်။ လူက နိုးနိုးကြားကြားလည်း ရှိနေမယ်…” အိပ်ရေး၀၀အိပ်တဲ့အခါ သွေးဖိအားကျမယ့်အပြင် တရေးအိပ်ခြင်းအားဖြင့် လူရဲ့ဖန်တီးနိုင်စွမ်းကိုပိုမြင့်မားစေတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သတိထားရမှာက တရေးအိပ်တာကို ညဘက်အိပ်ရေးပျက်တာနဲ့ အမြဲတမ်းကြီးတော့ အစားမထိုးသင့်ပါဘူး။ ညဘက်တွေမှာတော့ ကောင်းကောင်းမအိပ်ပဲ နေ့ခင်းမှတရေးအိပ်ပြီး အိပ်ချိန်ကို အစားထိုးတာမျိုးက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုပြီး အနှောင့်အယှက်ပေးနိုင်ကြောင်းလည်း သိရပါတယ်။

READ
နွမ်းပါးသူတွေ ပညာဆက်သင်နိုင်ဖို့ အနှစ်(၂၀)ဆိုက္ကားနင်းငွေရှာပေးခဲ့တဲ့ ပင်စင်စားကြီး

လင်းလင်း (ShweMom)

SHARE