လုပ်ငန်းခွင်လုပ်ဖော်ကိုင်ဖက်ကောင်းရှိခြင်းဟာ သင့်ကိုပိုပြီး အောင်မြင်စေ

Shutterstock

လူတွေရဲ့တစ်နေ့တာဟာ အိမ်မှာထက် လုပ်ငန်းခွင်မှာ အချိန်တွေပိုပြီး ကုန်ဆုံးကြရပါတယ်။ ဒါကြောင့်လည်း လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ကြည်နွေးထွေးတဲ့ ဆက်ဆံရေးဟာ သင့်ကို တစ်ဖက်တစ်လမ်းကနေ အကျိုးရှိစေပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရင်ဖွင့်လို့ရမယ့်သူ၊ လုပ်ငန်းခွင်အတွင်း မကျေနပ်ချက်တွေကို အချင်းချင်းအပြန်အလှန်နားထောင်ပြီး စိတ်ထွက်ပေါက်ပေးနိုင်မယ့် မိတ်ဆွေဟာ တကယ်ကိုလိုအပ်တာပါ။ မဟုတ်ရင် လုပ်ငန်းခွင်ဟာ အထီးကျန်စရာပတ်ဝန်းကျင်ကြီးတစ်ခုဖြစ်လာပြီးတော့၊ အလုပ်လုပ်ရတာလည်း စိတ်ညစ်စရာကောင်းလာပါလိမ့်မယ်။ ပညာရှင်တွေရဲ့လေ့လာချက်အရ လုပ်ငန်းခွင်မှာ သူငယ်ချင်းတစ်ယောက်ထက်မနည်းရှိတာဟာ သင့်ရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းလာစေပြီး ၊ ၀င်ငွေပိုကောင်းမယ့် တီထွင်မှုအသစ်ကို ပိုဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ သူငယ်ချင်းရှိခြင်းရဲ့တန်ဖိုးဘယ်လောက်ကောင်းတယ်ဆိုတာ Bright Side ရဲ့ဖော်ပြချက်ကို ပြန်လည်ပြောပြပေးလိုက်ပါတယ်။

Shutterstock

အလုပ်တွေကို ပိုပြီး ပြီးမြောက်စေတယ်

လေ့လာချက်အရ၊ လုပ်ငန်းခွင်မှာသူငယ်ချင်းရှိခြင်းက သင့်ကိုအလုပ်သွားချင်စိတ်ပိုဖြစ်စေပြီးတော့ ပျော်လည်းပျော်ရွှင်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်  ကုမ္ပဏီရဲ့ပရောဂျက်တွေမှာ အတူတကွပူးပေါင်းလုပ်ဆောင်ပြီး အကြံဥာဏ်ကောင်းတွေ အပြန်အလှန်ဝေမျှလို့ရနိုင်ရုံသာမကဘဲ သင်တို့ရဲ့ စွမ်းဆောင်ရည်တွေကိုပါ တိုးတက်လာစေပါတယ်။ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အလုပ်ထွက်ချင်စိတ်ကို (၂၀)ရာခိုင်နှုန်းလျှော့ကျစေပြီးတော့၊ တခြားအခွင့်အလမ်းသစ်တွေကိုပါ ချိတ်ဆက်လာနိုင်စေပါတယ်။

လုပ်ငန်ုးခွင်ကို သက်သောင့်သက်သာပိုရှိစေ

READ
မိဘများအနေနဲ့ ရင်သွေးများကို ကိုယ်အားကိုယ်ကိုးလုပ်ဆောင်ခွင့်ပြုသင့်တဲ့အရာများ

အလုပ်တစ်ခုရှာကြတဲ့အခါ လူတွေအဓိကစဉ်းစားတာက အဲ့ဒီအလုပ်ကနေ ရမယ့် ထောက်ပံ့မှုတွေ၊ အခွင့်အလမ်းတွေနဲ့ လစာတွေလို့ တစ်ချို့သတ်မှတ်ထားကြပေမယ့်၊ လေ့လာချက်အရ အမျိုးသမီးသုံးပုံပုံ-နှစ်ပုံကတော့  အလုပ်လုပ်ဖို့အရေးကြီးဆုံးအချက်ဟာ လူမှုရေးဆိုင်ရာရှုထောင့်ကောင်းဖြစ်ဖို့လိုတယ် ဖြေကြပါတယ်။ လုပ်ငန်းခွင်အတွင်းယဉ်ကျေးမှုရှိတာက အခြေခံကျတဲ့ လူမှုဆက်ဆံရေးတစ်ခုလို့ဆိုတာပါ။

Shutterstock

 

တီထွင်မှုတွေကို စိန်ခေါ်ဖို့ အင်အားဖြစ်စေ

ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်ရှိခြင်းက  အဖွဲ့တစ်ခုအတွင်း အချင်းချင်းအချိတ်အဆက်မိမိနဲ့လုပ်ဆောင်နိုင်တာကြောင့် အကျိုးအမြတ်ကောင်းတွေ (၁၂)ရာခိုင်နှုန်း အထိ ပိုရစေပါတယ်။ အခက်အခဲတွေကို စိန်ခေါ်ပြီး တီထွင်ဖန်တီးနိုင်သလို၊ တစ်ဦးနဲ့တစ်ဦးယုံကြည်ချက်ရှိခြင်းကြောင့် လုပ်ဆောင်ချက်တွေ ပိုမိုထိရောက်အောင်မြင်ကာ အဖွဲ့အတွက်ကောင်းမွန်တဲ့ ရလဒ်တွေရလာပြီး၊ နောက်ဆုံးမှာ လစာတိုး၊ ရာထူးတိုး ၊ ဘောနပ်တွေရနဲ့ သင့်ကိုပျော်ရွှင်စေမှာ အမှန်ပါ။ နောက်ပြီး သင့်အနေနဲ့လည်း အလုပ်ရဲ့ ပင်ပန်းမှုနဲ့ စိတ်ဖိစိမှုတွေအပေါ် အပြစ်မြင်မှု နည်းလာပါလိမ့်မယ်။

Shutterstock

လုပ်ငန်းခွင်မှာမတော်တဆဖြစ်မှု နည်းပါးမယ်

READ
မြင့်မြတ်ပြီး နှလုံးလှတဲ့ မိန်းကလေးမှန်း သိနိုင်မယ့် စရိုက်လက္ခဏာ (၅) မျိုး

အမျိုးသား အမျိုးသမီး နှစ်ဦးလုံးအတွက် လုပ်ဖော်ကိုင်ဖက်ကောင်းရှိခြင်းဟာ အလုပ်စွမ်းဆောင်ရည်ကို ပိုကောင်းစေတာအမှန်ပါ။ လေ့လာမှုတွေအရ ကုမ္ပဏီ(၁၀)ခုမှ(၆)ခုမှာ  ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်ရှိတဲ့ဝန်ထမ်းဟာ လုပ်ငန်းခွင်တွင်းမတော်တဆဖြစ်မှု(၃၆) ရာခိုင်နှုန်းလျော့နည်းစေပါတယ်။ ဘာလို့ဆို ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေနဲ့အတူ ခိုင်မာတဲ့ဆက်ဆံရေးရှိခြင်းကြောင့် အာရုံပျံ့လွှင့်မှုမရှိစေတာ ဖြစ်ပါတယ်။ ဒါကြောင့်သင့်လုပ်ငနုးခွင်မှာ သူငယ်ချင်းကောင်းထားပြီး ယုံကြည်ခိုင်မာတဲ့ ဆက်ဆံရေးမျိုးတည်ဆောက်လိုက်ပါလို့ အကြံပေးလိုက်ပါတယ်။

Khaing

SHARE