လူနာဗိုက်ထဲကနေ အကြွေ(၂၆၃)စေ့နဲ့ သံတိုသံစတွေတွေ့ခဲ့လို့ ဆရာဝန်တွေအံ့သြနေ

အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Satna မှာ တည်ရှိတဲ့ Sanjay Gandhi အမည်ရ ဆေးရုံမှာ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး အရေးပေါ် ဆေးကုသဖို့အတွက် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့အမည်မှာ Maksud Khan ဖြစ်ပြီး အစာအိမ်အလွန်အောင့်ခြင်း၊ နာခြင်း ဝေဒနာကို ပြင်းစွာခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

SWNS

ဆရာဝန်တွေကစစ်ဆေးတဲ့အခါမှာ သူ့ရဲ့ဗိုက်ထဲမှာ အလေးချိန် (၇)ကီလိုဂရမ်အထိရှိတဲ့ သတ္တုပစ္စည်းတွေ ဗိုက်ထဲရောက်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ခွဲစိတ်လိုက်တဲ့အခါမှာ ဗိုက်ထဲကနေ အကြွေစေ့ပေါင်း (၂၆၃)စေ့ တွေ့ခဲ့ရပြီး၊ အိမ်ရိုက်သံ အချောင်း(၁၀၀)နဲ့ ဘလိတ်ဓား တစ်ဒါဇင်ကျော် တွေ့ခဲ့ရပါတယ်။

SWNS

Khan ဟာ ဒီလို သံတိုသံစ၊ သတ္ထုအစအနတွေကို စားလေ့ရှိတဲ့ ထူးဆန်းတဲ့ အမူအကျင့်ရှိသူတစ်ယောက်လို့ သိရပါတယ်။ တာဝန်ယူခွဲစိတ်ခဲ့တဲ့ ဒေါက်တာ Priyank Sharma ကတော့ သူ့တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူးလို့ ဆိုပါတယ်။

READ
၁၇ ပေအရှည်ရှိတဲ့ စပါးကြီးမြွေကို လက်ဗလာဖြင့်ဖမ်းပြခဲ့သူ
SWNS

မိသားစုဝင်တွေရဲ့ အဆိုအရ Khan ဟာ စိတ်ကျရောဂါခံစားနေရပြီးကတည်းက ဒီလိုသတ္ထုပစ္စည်းတွေကို စားသောက်လ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Khan က ဒီလို ထူးဆန်းတဲ့ အလေ့အထကို ဘယ်သူ့ကိုမှ ဝန်ခံလေ့ရှိပါဘူးတဲ့။ Khan ဟာ ဘက်စ်ကားဒရိုင်ဘာဖြစ်ပြီး ခရီးသည်တွေက ပေးတဲ့ငွေအကြွေစေ့တွေကို မျိုချလေ့ရှိခဲ့ပါတယ်။

SWNS

ဒီလိုအမူအကျင့်တွေကြောင့် သူဟာ ပြီးခဲ့တဲ့(၃)လလောက်ကတည်းက ဝမ်းဗိုက်အောင့်ခြင်းကို ခံစားခဲ့ရပြီး၊ အခုအခါမှာ ဆေးရုံကို ရောက်လာခဲ့တာပါ။ ဆရာဝန်တွေရဲ့စစ်ဆေးချက်မှာတော့ Khan ရဲ့ ဝမ်းဗိုက်အတွင်းမှာ မည်သည့်ဒဏ်ရာမှ မရခဲ့ပါဘူးတဲ့။ ဒါ့အပြင် သူက နောင် ဘယ်တော့မှသတ္ထုစပ်ပစ္စည်းတွေကို မမြိုတော့ဘူးလို့ ကတိပေးခဲ့ပါတယ်။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE