လူအနည်းစုသာ သိထားသေးတဲ့ iPhone ရဲ့ အသုံးပြုပုံ (၃) ခု

တစ်ခါတစ်လေမှာ ဖုန်းကို သုံးနေရင်းကို ဖုန်းရဲ့ အသုံးဝင်ပုံအချို့ကို မသိတာတွေ ရှိနေတတ်ပါသေးတယ်။ စမ်းသပ်နေခြင်းကတော့ သင်ယူနေခြင်းတစ်မျိုးပါ။ ဒီအချက် (၃)ချက်ကတော့ လူနည်းစုသာ သိထားသေးတဲ့ iPhone ရဲ့ အသုံးပြုပုံ ပဲဖြစ်ပါတယ်။ ဒီ(၃)ချက်က စာရိုက်တဲ့နေရာမှာ အသုံးဝင်သလို စကားဝှက်ဖန်တီးရာမှာလည်း အသုံးဝင်ပါတယ်။

(၁) Text cursor ရွေ့နည်း (ပထမနည်း)

Brightside

စာရိုက်ပြီးတိုင်း စာကျန်ခဲ့ကြတာများပါတယ်။ စာပြန်ဖျက်ပြီးရင် အစအဆုံးပြန်ရိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒီတော့ ဒီနည်းလေးက သင့်အချိန်တွေကို save ဖြစ်သွားစေမှာပါ။
– iPhone ရဲ့ လက်ကွက်မှာ the space bar ကိုတွေ့ရမှာပါ။
– ဒီ space bar နေရာကို ကြာကြာဖိနှိပ်ထားပါ။
– ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် သင်စာထပ်ထည့်ချင်တဲ့နေရာကို ညာဆို ညာ ၊ ဘယ် ဆိုဘယ် ရွေ့သွားလိုက်ရုံပါ။

READ
အာကာသယာဉ်ထဲမှာ လူ့သမိုင်းမှတ်တမ်းစာကြည့်တိုက် ထည့်သွင်းလွှတ်တင်ခဲ့

(၂) Text cursor ရွေ့နည်း (ဒုတိယနည်း)

Brightside

နောက်ဒုတိယနည်းရှိပါတယ်။ ဒါကတော့ …
– သင်ရိုက်ထားတဲ့စာကို နှိပ်လိုက်ရင် မှန်ဘီလူးလို အ၀ိုင်းလေးပေါ်လာပါမယ်။
– ဒီလိုပေါ်လာရင် cursor ကို ညာဆို ညာ ၊ ဘယ် ဆိုဘယ် ရွေ့သွားလိုက်ရုံပါ။

(၃) ခက်ခဲတဲ့ စကားဝှက်ဖန်တီးနည်း

Brightside

အခုခေတ်မှာ အင်တာနက်ကို သုံးပြီး ဈေးဝယ်ကြတယ် ၊ ငွေလွှဲကြပါတယ် ။ ဒါ့အပြင် ဒီလို ဈေးဝယ်တဲ့အခါ ၊ ငွေလွှဲရတဲ့အခါမှာ စကားဝှက် (password) ဆိုတာကလည်း အရေးကြီးပါတယ်။ ရိုးရိုးရှင်းရှင်း စကားဝှက် ဖန်တီးတာထက် ပိုခက်တာသုံးပေးရင် ပိုပြီး လုံခြုံပါတယ်။ ဖုန်းရဲ့ လက်ကွက်မှာ အက္ခရာတွေကို ဖိနှိပ်လိုက်ရင် ရောမစကားလုံးလို စာတွေပေါ်လာပါလိမ့်မယ်။ ဒါတွေကို ခက်ခဲတဲ့ စကားဝှက်ဖန်တီးရာမှာ အသုံးပြုလို့ရပါတယ်။

READ
လင်မယားကိစ္စကို ကလေးတွေနဲ့မိသွားလို့ ရှက်ခဲ့ရသော မိဘများ၏ ဖွင့်ဟဝန်ခံချက်များ

Hannwe Soe

SHARE