မြို့ပြနဲ့ ထိတွေ့မှုနည်းတဲ့ “Papua New Guinea” မျိုးနွယ်စုတွေရဲ့ ရောင်စုံရိုးရာဓာတ်ပုံများ

အောက်မှာတွေ့ရတဲ့ ဓာတ်ပုံတွေကိုတော့ ဓာတ်ပုံဆရာ ဂျရယ်မီဖလင့်တ်က ရိုက်ကူးထားတာပါ။ Papua New Guinea နဲ့ ပတ်သက်လို့ ဂျရယ်မီက ထူးခြားဆန်းကြယ်ပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုလို့ တင်စားထားပါတယ်။

Papua New Guinea မှာ မြို့ပြလူနေမှုစနစ်နဲ့ ကင်းကွာနေဆဲဖြစ်တဲ့ သီးခြားလူမျိုးစုတွေလည်း ရှိပြီး ရာစုနှစ်ပေါင်းများစွာကတည်းက ရှိလာတဲ့ ရိုးရာအစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေဆဲ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အောက်ဘက်မှာတော့ Papua New Guinea မျိုးနွယ်စုဝင်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဆရာ ဂျရယ်မီဖလင့်ရဲ့ လက်ရာတွေကို တွေ့ရမှာပါ။

သူတို့ကိုးကွယ်တဲ့ နတ်တွေကို ပူဇော်ဖို့အတွက် ရွှံ့နဲ့ ပြုလုပ်ထားတဲ့ ခေါင်းဆောင်းတွေကို ဆောင်းထားကြပုံ

MEDIADRUMIMAGES/JEREMYFLINT

လူမျိုးစု ၁၀၀ လောက် ပါဝင်ဆင်နွှဲကြတဲ့ Mount Hagen ပွဲတော်က ပုံရိပ်တွေကိုလည်း ဖမ်းယူနိုင်ခဲ့ပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

နယူးဂီနိရဲ့လွတ်လပ်ခြင်းကို ဂုဏ်ပြုတဲ့ အမျိုးသားအောင်ပွဲခံမှု ပွဲတော်လို့လည်း သတ်မှတ်ထားကြပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

ပွဲတော်မှာ လူမျိုးစုတွေက သူတို့ရဲ့ ရိုးရာဝတ်စုံတွေ၊ အကတွေ၊ သီချင်းတွေနဲ့ ပွဲထွက်လေ့ရှိကြပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

ရန်သူတွေကို လှည့်စားဖို့အတွက် ခန္ဓာကိုယ်ကို ဆေးခြယ်တဲ့ ဓလေ့ ရှိကြပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

ဟူလီလူမျိုးစုလို့ သိရတဲ့ ပုံထဲက ခေါင်းဆောင်းတွေနဲ့ လူမျိုးစုတွေကတော့ ကျွန်းပေါ်မှာ နေထိုင်တာ နှစ်ပေါင်း ၁,၀၀၀ ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

MEDIADRUMIMAGES/JEREMYFLINT
MEDIADRUMIMAGES/JEREMYFLINT

ပုံမှာတွေ့ရတာကတော့ နယူးဂီနိရဲ့ စင်ဘူဒေသက ဂိုရိုကာဆိုတဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

ကျွန်းပေါ်က လူမျိုးစုတွေအသုံးပြုတဲ့ ဘာသာစကားများမှာ အမျိုးအစားပေါင်း ၈၀၀ လောက်ရှိပါတယ်။

MEDIADRUMIMAGES/JEREMYFLINT
MEDIADRUMIMAGES/JEREMYFLINT

ဟူလီလူမျိုးစုတွေဟာ သူတို့တစ်မျိုးလုံးက ဟူလီလို့ အမည်ရတဲ့ အမျိုးသားကြီးကနေ ဆင်းသက်လာကြတယ်လို့ ယူဆထားကြပါတယ်။

MEDIADRUMIMAGES/JEREMYFLINT

လင်းလင်း (ShweMom)

READ
လူတစ်ယောက်အနေနဲ့ အသက် (၃၅) နှစ် မတိုင်ခင်မှာ လုပ်ဖူးထားသင့်တဲ့ အရာများ

Ref: thesun

SHARE