ကိုရီးယားကျွန်းဆွယ်ကို တောင်/မြောက် မခွဲခင်အချိန်တုန်းက တွေ့ရတဲ့ ရှားပါးပုံရိပ်များ (၂)

ကင်မင်းဆက် ကင်အီဆွန်လက်ထက်ကစလို့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်ခံခဲ့ရပါတယ်။ ကင်အီဆွန်ဟာ ဂျပန်အင်ပါယာကို ဆန့်ကျင်ပြီး ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၈) ခုနှစ်မှာ မြောက်ကိုရီးယားကို အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ကင်အီဆွန်ဟာ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖိုးဖြစ်ပါတယ်။ အခုတွေ့ရမယ့်ဓာတ်ပုံတွေကတော့ ကင်အီဆွန်လက်ထက်မတိုင်မီ ဂျပန်တွေကြီးစိုးစဉ်ကာလတုန်းက မြောက်ကိုရီးယားနိုင်ငံမှာ တွေ့ရတဲ့ ရှားပါးဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို တောင်/မြောက် မခွဲခင်အချိန်တုန်းက တွေ့ရတဲ့ ရှားပါးပုံရိပ်များ အပိုင်း(၁) ကိုတော့ ယခင်အပတ်တုန်းက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

တောတွေတောင်တွေထဲက အေးချမ်းတဲ့ရေကန်ကြီးတစ်ကန်ဘေးမှာ တွေ့ရတဲ့ ကျေးလက်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ လမ်းပေါ်မှာတော့ မြင်းတွေပေါ်မှာ ၀န်စည်စလှယ်တွေတင်ပြီး သွားနေတဲ့ လူတွေကို တွေ့ရမှာဖြစ်ပါတယ်။

ပြုံးယမ်းရဲ့ ကျောက်ဆူးတိုင်ဟာ ကိုရီးယားရိုးရာအရ မြို့ကို ကျောက်ချထားတဲ့ နေရာလို့ ဆိုပါတယ်။ ကိုရီးယားဒဏ္ဏာရီလာ ပုံပြင်တွေအရ ပြုံးယမ်းကို ဘေးပတ်ပတ်လည်မှာ မြစ်တွေ ၀န်းရံနေတဲ့ လှေသင်္ဘောကြီးတစ်စင်းအဖြစ် သတ်မှတ်ထားပါတယ်။ တချို့ကျတော့လည်း ကျောက်ဆူးတိုင်ကို မြို့ကျောက်ဆူးလို့မခေါ်ပဲ သင်္ဘောရွက်တိုင်လို့လည်း ခေါ်ကြပါသေးတယ်။

ဒါကတော့ (၁၉၂၀) ခုနှစ်မှာ တွေ့မြင်ရတဲ့ ပြုံးယမ်းရဲ့ မြို့ပြမြေပုံပဲ ဖြစ်ပါတယ်။ ပုံထဲမှာတော့ ကိုရီးယားရိုးရာနေအိမ်တွေအပြင် အနောက်ပိုင်းပုံစံ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

READ
ဟစ်တလာရဲ့အတွင်းစည်းမှာနေခွင့်ရခဲ့တဲ့ ဣတ္ထိယ(၅)ဦး

(၁၉၃၀) ခုနှစ်များဆီက တွေ့ရတဲ့ ယုံးမျုံးဆာ ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာပဲ ဘုရားကျောင်းဟာ ကိုရီးယားစစ်ပွဲအတွင်းမှာ ပျက်စီးခဲ့ပါတယ်။ ဒီမတိုင်ခင်ကတော့ ဘုရားကျောင်းဟာ အေဒီ(၇၀၀) လောက်ကတည်းက ရှိလာတဲ့ ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ဘုရားကျောင်းကို ဂျပန်တွေအုပ်စိုးစဉ် (၁၉၂၀) ၀န်းကျင်လောက်မှာ ပြုပြင်ခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်ဖြစ်တဲ့အခါမှာတော့ အမေရိကန်တွေ ဗုံးကြဲတဲ့အထဲ ကျောင်းကြီးလည်း ပါသွားခဲ့ပါတယ်။

ဝိဥာဉ်အိမ်တစ်အိမ်ရှေ့မှာ ထိုင်နေကြတဲ့ မိသားစုတစ်စု ဖြစ်ပါတယ်။ ကိုရီးယားရိုးရာအရ တကယ်လို့ သူတို့အတွက် နေထိုင်စရာ အိမ်မပေးဘူးဆိုရင် လူတွေကို ဒုက္ခပေးနိုင်တဲ့ ၀ိဥာဉ်တွေ ရှိပါတယ်။ ဒါကြောင့် သူတို့အတွက် အိမ်ဆောက်ပေးထားတာပါ။ အလားတူ ရိုးရာမျိုးကိုတော့ အာရှတိုက်နေရာအချို့မှာလည်း တွေ့ရတတ်ပါတယ်။

ကိုရီးယားရဲ့ ငြိမ်သက်နေတဲ့ ကန်ရေပြင်ပေါ်ကနေ ဖြတ်သန်းသွားနေတဲ့ ရထားတစ်စင်း ဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို သွားလာနိုင်တဲ့ ရထားလမ်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေပြိုလဲချိန် ကင်မင်းဆက်က မြောက်ကိုရီးယားတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာကြောင့် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံး ရထားနဲ့ ပတ်လည်ဖို့ဟာ မဖြစ်နိုင်တော့ပါဘူး။

READ
အချစ်အတွက် နာဇီတွေကို ရှေ့တန်းစစ်မျက်နှာမှာ လက်တုံ့ပြန်ခဲ့တဲ့ အာဂအမျိုးသမီး

(၁၉၂၀) ခုနှစ်များဆီက တွေ့ရတဲ့ ပြုံးယမ်းစီးတီးဟော ပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားမြို့တော်ဟာ (၁၉၅၀-၅၃) နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲမှာ ပြင်းပြင်းထန်ထန် ဗုံးကြဲခံခဲ့ရပါတယ်။ စစ်အတွင်းမှာ ဗြိတိသျှတွေဟာ တောတွင်းထဲ ပြောက်ကျားစနစ်နဲ့ ဂျပန်တွေကို တိုက်ခိုက်ခဲ့ပြီး ဗီယက်နမ်ဆီ စစ်မီးမကူးအောင် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

(၁၉၂၀) ခုနှစ်တွေတုန်းက တွေ့ရတဲ့ ဘတ်စ်ကားငယ်လေး တစ်စီးဖြစ်ပါတယ်။ ဒီကာလတွေဟာ ဂျပန်တွေရဲ့ (၃၅) နှစ်တာ အုပ်စိုးခံခဲ့ရတဲ့ နှစ်တွေဖြစ်တာကြောင့် မြောက်ကိုရီးယားတွေ ဆင်းရဲသောကရောက်ခဲ့ရတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။
ပြုံးယမ်းမြို့တော် အပြင်ဘက်မှာတွေ့မြင်ရတဲ့ ကျေးလက်မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ မြောက်ကိုရီးယားကို အလည်လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ မြို့တော်တစ်ခွင်ကို ရထားပြတင်းပေါက်တွေကနေတဆင့် ရှုမြင်နိုင်ပါတယ်။
ရွာသားတစ်ဦးက ကျောက်နံရံတစ်ခုကို ဆန့်ကျင်ဘက်အနေအထားနဲ့ ထိုင်နေပြီး စက်ကိရိယာတစ်ခုနဲ့ အလုပ်လုပ်နေတာပါ။ ယနေ့အချိန်ထိ မြောက်ကိုရီးယားလူမျိုးအများစုဟာ လယ်ယာလုပ်ငန်းပေါ်မှာ အဓိကမှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE