ကြောင်ငပေါလေးတွေရဲ့အမူအရာတွေကို သရုပ်ဖော်ထားတဲ့ ခဲခြစ်ပန်းချီလက်ရာများ

ကြောင်ကလေးတွေဟာ ပုံစံအနေအထားအမျိုးမျိုးနဲ့ နေထိုင်နိုင်ကြပါတယ်။ ပုံသဏ္ဍာန်အစုံ၊ အနေအထားအစုံနဲ့ ကြိုက်သလိုကွေးဆန့် နေထိုင်နိုင်ကြတဲ့သတ္တ၀ါတွေလည်း ဖြစ်ကြပါတယ်။ ကြောင်ကလေးတွေရဲ့ အမူအရာလေးတွေကို မှတ်တမ်းတင်နိုင်ဖို့ ခဲခြစ်ပန်းချီနဲ့ရေးဆွဲထားတဲ့ ကြောင်ပန်းချီကားလေးတွေကို DailyPurr အမည်ရှိတဲ့ အင်စတာဂရမ်အကောင့်တစ်ခုက ဖန်တီးခဲ့ပါတယ်။

DailyPurr က တင်ပြထားတဲ့ ကြောင်ပန်းချီလေးတွေဟာ ရိုးရှင်းသလို ဟာသလည်းမြောက်ပါတယ်။ ခက်ခက်ခဲခဲရေးဆွဲထားတာမျိုးမရှိပေမယ့် ကြောင်လေးတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာပုံလေးတွေကို ထင်ဟပ်စေတဲ့ပန်းချီလေးတွေဆိုရင်လည်းမမှားပါဘူး။ ကြောင်လေးတွေရဲ့ ဆိုဖာပေါ်မှာထိုင်နေပုံ၊ လှေကားနားမှာလျောချပြီး ထိုင်နေပုံလေးတွေအပါအ၀င် ကြောင်ချစ်သူေ တွသဘောကျစေမယ့် အခြားပုံပေါင်းများစွာလည်း ပါဝင်ပါတယ်။

ယင်း ပရောဂျက်ကိုတော့ လက်ဗီးယားမှာ အိုင်နာအမည်ရှိ အမျိုးသားတစ်ဦးက ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူကတော့ ကြောင်ခဲခြစ်ပန်းချီပေါင်း (၉၂)ပုံကျော် လောက်လိုင်းပေါ်တင်ပြီးတဲ့အခါမှာသာ လူသိများခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ ရိုးရှင်းပြီး ရှေးဆန်တဲ့အနုပညာကို သဘောကျကြောင်းပြောပြခဲ့ပါတယ်။ အိုင်နာဟာ အွန်လိုင်းကနေ အနေအထားအမျိုးမျိုးနဲ့ရိုက်ကူးထားတဲ့ ကြောင်ဓာတ်ပုံလေးတွေကို လူတွေဆီကတောင်းယူလေ့ရှိပြီး တစ်နေ့ကို စာအစောင်ပေါင်း(၁၅၀)ကျော်အထိ လက်ခံရရှိလေ့ရှိပါတယ်။

READ
အမေရိကန်ဗားရှင်းအဖြစ် မြင်တွေ့ရတော့မယ့် ထိုင်းဇာတ်ကား 'Bad Genius’

ပန်းချီဆွဲမယ်ကြံရင် ထူးခြားတဲ့ပို့စ်လေးတွေလို့ သူယူဆထားတဲ့ကြောင်ဓာတ်ပုံလေးတွေကိုသာ ဦးစားပေးရေးဆွဲကြောင်းလည်း အိုင်နာကပြောပြခဲ့ပါတယ်။  အိုင်နာကိုယ်တိုင်မှာလည်း ကြောင်ကလေး(၂)ကောင် ရှိပါတယ်။ အိုင်နာတို့မိသားစုက နီကာနဲ့ ကူဇ်ယာတို့ကို လမ်းပေါ်ကနေ ကောက်ရပြီးချက်ခြင်းမွေးစားခဲ့တာဖြစ်ပါတယ်။ အောက်ဖက်မှာတော့ DailyPurr ကနေရိုးရှင်းပြီးမျက်စိထဲချက်ခြင်းမြင်သာတဲ့ခဲခြစ်ပန်းချီလေးတွေကိုကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: BoredPanda

SHARE