တင်အတုအစစ်အငြင်းပွားနေမှုအပေါ် ပြန်လည်ဖြေရှင်းခဲ့တဲ့ စုလှိုင်ဝင်း

လက်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀ိုင်းရံချင်သူတွေ ၀ိုင်းနေတဲ့ သူလေးကတော့ စုလှိုင်ဝင်းပါ။ သူမရဲ့ ဗီဒီယိုဖိုင်လေးက အရမ်းကိုပေါက်သွားပြီး အမျိုးသားထုကြားမှာ နေ့ချင်းညချင်း နာမည်ကြီးခဲ့တာပါ။ အသက်ကတော့ (၁၉)နှစ်ပဲရှိသေးပြီး dancer၊ model တစ်ယောက်ပါ။ ဒဂုံတက္ကသိုလ်မှာ မြန်မာဝတ်စုံလေးနဲ့ရိုက်ထားတဲ့ ဗီဒီယိုဖိုင်က သူမကို တဟုန်ထိုး နာမည်ကြီးစေခဲ့တာပါ။  Myanmar Celebrities နဲ့အင်တာဗျူးတစ်ခုမှာတော့ စုလှိုင်ဝင်းက သူမရဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး အခုလို ပြောထားပါတယ်။

“ပေါက်ပါစေဆိုပြီး ရည်ရွယ်ပြီးတင်တာမျိုးတော့ မဟုတ်ဘူး။ ညီမသူငယ်ချင်းနဲ့ အဲ့ဒီတုန်းက ကျောင်းသွားပြီးတော့ ရိုးရိုးရိုက်ပြီးတော့တင်လိုက်တဲ့ဟာက ဒီလိုအထိ ဖြစ်သွားတယ်။ ညီမတို့လည်း မထင်ထားဘူး။ ဖြစ်သွားတော့လည်း ပျော်တယ်ရယ်လို့တော့ မဟုတ်ဘူး။ Surprise တော့ ဖြစ်သွားတာပေါ့နော်” ဆိုပြီးဖြေထားပါတယ်။

“ညီမ body shape ကိုပြချင်ပြီး ညီမတင်လိုက်တာ။ ဒါပေမယ့် အရမ်းပေါက်သွားတာပေါ့နော်။ ဘယ်လိုလုပ်ပေါက်သွားတာလဲတော့ သေချာမသိဘူးရှင့်။ ညီမကတော့ ညီမ body shape ကို ပြတယ်။ ကောင်လေးတွေကတော့ သူတို့ အတွေးနဲ့သူတို့ပေါ့နော်။ သေချာတော့ မပြောတတ်ဘူး။ စိတ်ဆိုးလားဆိုတော့ ဟင့်အင်း။ ဟာသတစ်ခုလိုပဲ သတ်မှတ်လိုက်တယ်။ ဒီလိုမျိုး troll ခံရတာ ပထမဦးဆုံးတော့ မဟုတ်ဘူးရှင့်။ ညီမ troll ခံရတာတွေ အရင်တည်းကလည်း troll ခံနေရတာ ဆိုတော့လေ”

READ
တစ်ယောက်တစ်မျိုးစီ လှနေတဲ့ အေးချမ်းမိုးနဲ့ Bobby Soxer

“ညီမကို ပြောကြတယ် fake တဲ့ ။ fake မဟုတ်ပါဘူး။ ကိုယ်နဲ့..ကိုယ့်ကို မြင်ဖူးတဲ့သူလည်း သိတယ်။ အများစုကတော့ သူငယ်ချင်းပေါ့နော်။ ဒါက တစ်ချို့ကျတော့ မနာလိုလို့ ပြောကြတာ ရှိမယ်။ တချို့ကျတော့လည်း တကယ်ထင်လို့ နေမှာပေါ့လေ။ ဒါပေမယ့် အဲ့ဒါကျတော့ သူ့စိတ်ဆိုတော့ လေ..ဒါက fake မဟုတ်ပါဘူးဆိုတာ သူတို့ကို ဘယ်လို ယုံအောင် ပြောပြရမလဲတော့မသိဘူး။ ယောက်ျားလေးတွေကတော့ အဲ့လိုမျိုးပြောတယ်ဆိုတာကလေ..သူများတွေ ပြောတာ ပေါ့လေ..ညီမတော့ သေချာမသိဘူး။ သူတို့က အဲ့လိုမျိုးပြောတာ ထပ်ပြီးတော့ ..ဘယ်လို ပြောရမလဲ ထပ်ပြီးတော့ကြည့်ချင်လို့ဆိုလား ဘာဆိုလား..အဲ့လိုပုံစံမျိုးကြီးတွေ ပြောတာလေ။

fake ဟုတ်မှန်း၊ မဟုတ်မှန်းက အပြင်မှာ မြင်ဖူးမှပဲ သိမှာလေ။ အပြင်မှာ မြင်ဖူးတဲ့သူတွေ..ကိုယ့်သူငယ်ချင်းအချင်းချင်းကျတော့ သိတယ်။ ဒီလိုမျိုး ကိုယ်နဲ့မခင်တဲ့သူတွေ jealous ၀င်နေတဲ့ သူတွေကျတော့ ဟုတ်၊ဟုတ်၊ မဟုတ် ဟုတ်ဒါကြီးက fake ပဲ သူတို့ ပြောမှာပဲ။ သူတို့ စိတ်ဖြေတာနေမှာပေါ့လေ။ စိတ်ဖြေတယ်ဆိုတာ သူတို့ jealously ကို ဖြေဖို့က ဒါကို fake လို့ သတ်မှတ်မှပဲရမှာလေ။ ညီမ တင်အတုလား အစစ်လား ဆိုတာက ညီမရဲ့ သူငယ်ချင်းတွေ ညီမကို တွေ့ဖူးတဲ့သူတိုင်း မြင်ဖူးတဲ့သူတိုင်း သိပါတယ်။ ဒီလို တင်အတုအစစ်ဆိုတာ ညီမ ရှင်းပြမှာလည်း မဟုတ်ဖူး။ဒီလို တင်အတုလား၊ အစစ်လားဆိုတာကတော့ လာကြည့်မှပဲသိမှာပါပဲ ” လို့ ဖြေခဲ့ပါတယ်။ Myanmar Celebrities ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို စုလှိုင်ဝင်းက Believe it or not!  ဆိုတဲ့စာသားနဲ့ သူမရဲ့ fb ပေါ်မှာ ပြန်ရှယ်ထားပါတယ်။

❤️ #Shining_butterfly

Posted by Su Hlaing Win on Sunday, October 15, 2017

from su hlaing win’s fb

READ
အမိုက်စားဓါတ်ပုံတွေတင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

Source Myanmar Celebrities

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE