သားလေးနဲ့အတူ မိသားစုဆွမ်းလောင်းကုသိုလ်ပြုလုပ်ခဲ့တဲ့ ဆုပန်ထွာ

ဆုပန်ထွာကတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး လတ်တလောက ပြသပြီးသွားတဲ့ တီဗွီဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ မနေ့ကဖြစ်သည်(၂) ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ အားကျစရာကောင်းတဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူမကတော့ ဒီကနေ့မှာလည်း ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ မိသားစုဆွန်းလောင်းအလှူက ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ဆုပန်ထွာကတော့ “သူတော်ကောင်းများနဲ့သာတွေ့ရဆုံရပါလို၏။ ဤကုသိုလ်ကောင်းမှူလေးတွေကြောင့်ဘဝမှာစိတ်အေးချမ်းသာယာစွာနေရပါလို၏ဘုရား” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ကြည်နူးစရာကောင်းတဲ့ ဆုပန်ထွာနဲ့ သူမရဲ့ သားလေးတို့ရဲ့ အလှူပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုပန်ထွာရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

SOurce: Su Pan Htawr

SHARE