Tuesday, April 23, 2024
HomeLifestyleသင့်မှာ စိတ်ကျရောဂါရှိနေနိုင်တယ်ဆိုတာညွှန်ပြနေတဲ့အချက်များ

သင့်မှာ စိတ်ကျရောဂါရှိနေနိုင်တယ်ဆိုတာညွှန်ပြနေတဲ့အချက်များ

ကျန်းမာရေးကလူတိုင်းအတွက်ရာနှုန်းပြည့်အရေးကြီးတယ်လို့ဆိုရမှာပါ။အထူးသဖြင့်စိတ်ကျန်းမာပျော်ရွှင်မှုကကျန်တဲ့ဘဝနေထိုင်မှုအစိတ်အပိုင်းတွေကိုပါအဆင်ပြေချောမွေ့စေပါတယ်။ဒါပေမယ့်တခါတလေကိုယ်တိုင်ဘာဖြစ်မှန်းမသိစိတ်ထဲမှာအလိုမကျတာတွေခံစားဖူးမှာပါ။ဒီလိုခံစားရတဲ့အချိန်တွေမကြာခဏဖြစ်ပေါ်ခံစားနေရတယ်ဆိုရင်ကိုယ့်မှာစိတ်ကျရောဂါရှိနေနိုင်သလားဆိုတာဆန်းစစ်ဖို့လိုပါတယ်။အဲဒီလိုဆန်းစစ်နိုင်မယ့်အချက်လေးတွေကိုShwemomပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

စိတ်ခံစားလွယ်ခြင်း

woman looking at sea while sitting on beach
Photo by Pixabay on Pexels.com

သင့်ရဲ့ပင်ကိုယ်ဗီဇကအရာရာကိုအလွယ်တကူအရှုံးပေးလိုစိတ်မရှိ ပေမယ့်အခုတော့ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်အလွယ်တကူစိတ်ခံစားလွယ်နေတယ်၊အခြေအနေတစ်ခုမှာရုတ်တရက်တုန့်ပြန်ပြီးအမှားအယွင်းမခံ ဒေါသဖြစ်လွယ်၊ပေါက်ကွဲလွယ်ဖြစ်နေတယ်ဆိုရင်သင့်စိတ်ကိုပြန်လည်ဆန်းစစ်ဖို့လိုနေပါပြီ။သင့်အနေနဲ့စိတ်ကျရောဂါခံစားရဖို့အလားအလာရှိနေနိုင်ပါတယ်။ဒီလိုခံစားမှုမျိုးမကြာခဏဖြစ်နေပြီဆိုရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး ဆွေးနွေးအကြံပြုချက်ရယူနိုင်ပါတယ်။

ခနကိုယ်အစိတ်အပိုင်းများနာကျင်မှုခံစားရခြင်း

man with bruises on hands
Photo by cottonbro on Pexels.com

တခါတရံအကြောင်းအရင်းမသိရဘဲ ခေါင်းကိုက်ခြင်း၊ ကျောနာ၊ကျောအောင့်ခြင်းတို့ခံစားရတတ်ပါတယ်။အဲဒီလိုခံစားရတဲ့ဝေဒနာလက္ခဏာတွေနဲ့ပတ်သက်ပြီးအင်တာနက်ကရှာတွေ့တဲ့အချက်တွေနဲ့နှိုင်းယှဉ်သုံးသပ်ပြီးငါကင်ဆာများဖြစ်နေလားဆိုတဲ့ ကောက်ချက်တွေကိုယ်တိုင်ချပြီးစိုးရိမ်ပူပန်မှုတွေဖြစ်နေလေ့ရှိပါတယ်။ဒီလိုစိတ်ခံစားချက်တွေဖြစ်ပေါ်ခံစားနေရတယ်ဆိုရင် သင့်မှာစိတ်ကျရောဂါရှိနေနိုင်တယ်ဆိုတာသတိပြုရမှာပါ။ဒီလိုစိုးရိမ်ပူပန်မှုတွေစိတ်ထဲမှာအမြစ်မတွယ်ခင်  အမြန်ဆုံး ဆေးကုသမှု၊အကြံပေးဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်း

စိတ်ဓာတ်ကျနေပြီဆို  ခေါင်းထဲမှာ ဖြစ်နိုင်တာရော၊မဖြစ်နိုင်တာတွေရောအတွေးပေါင်းစုံဝင်နေတတ်ပါတယ်။တခြားသူတွေအပေါ်မှာလည်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးဝေဖန်သုံးသပ်မှုတွေလုပ်နေတတ်ပါတယ်။ဒါတင်မကသေးဘူးကိစ္စတစ်ခုခုဖြစ်တာနဲ့ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လို့မဆုံးဖြစ်နေတတ်ပါတယ်။ဒီလို ဖြစ်ပြီဆိုရင်သင့်စိတ်မှာအဆင်မပြေမှုတစ်စုံတစ်ရာကြုံနေရပြီဆိုတာသတိပြုသင့်ပါတယ်။လတ်တလောသင့်စိတ်ရဲ့အခြေအနေကိုကိုယ်နဲ့ပတ်သက်တဲ့သူတွေကိုပွင့်ပွင့်လင်းလင်းအသိပေးပြီး ဆွေးနွေးအကြံပြုချက်တွေယူသင့်ပါတယ်။

အိပ်စက်နည်းပုံစံပြောင်းလဲခြင်း

sleepy asian woman lying on bed
Photo by Ike louie Natividad on Pexels.com

သင့်အနေနဲ့ ပင်ပင်ပန်းပန်းအလုပ်မလုပ်ရပေမယ့် ခြေကုန်လက်ပန်းကျသလိုခံစားနေရမယ်၊ မောပမ်းနွမ်းနယ်သလို ခံစားနေရတယ်ဆိုရင် သင့်စိတ်အခြေအနေကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ညဘက်အိပ်ရေးပျက်တာတွေများလာသလို အိပ်ပြီဆိုရင်လည်း ကလေးတစ်ယောက်ကိုဘာမှအပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့ရှိပါတယ်။ဒါပေမယ့် အိပ်ယာထတဲ့အခါ အလွယ်တကူမထနိုင်ဘဲ ခက်ခက်ခဲခဲ နိုးထရတဲ့အခြေအနေတွေနဲ့ ကြုံရလေ့ရှိတယ်ဆိုရင်လည်း သင့်အနေနဲ့စိတ်ညစ်စရာ၊စိတ်ဓာတ်ကျစရာတွေကြုံနေရလို့ဖြစ်ပါတယ်။ဒီလိုမျိုးရက်ရှည်ဖြစ်သွားမယ်ဆိုရင်တော့စိတ်ကျရောဂါအထိခံစားရနိုင်ပါတယ်။ကိုယ့်စိတ်အခြေအနေကိုအမြန်ဆုံးပြန်လည်ဆန်းစစ်ပြီးစိတ်ညစ်စရာတွေကနေ ပြန်လည်နိုးထဖို့ကြိုးစားသင့်ပါတယ်။

စိတ်အာရုံတွေပျံ့လွင့်ခြင်း

ဒီလိုအခြေအနေမှာဘယ်အရာကိုမှအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။အိပ်ချိန်၊စားချိန်၊အလုပ်လုပ်ချိန်၊အနားယူချိန်တွေကိုလည်းစနစ်တကျသတ်မှတ်ပြီးပြုမူနေထိုင်မိမှာမဟုတ်တော့ပါဘူး။ဒီလက္ခဏာတွေဟာသင့်မှာစိတ်ကျရောဂါဖြစ်ဖို့အလားအလာရှိနေနိုင်တယ်ဆိုတာသတိပေးနေတာပါပဲ။သင့်ကိုယ်သင်ဒီလက္ခဏာတွေကိုသံသယရှိလာတယ်ဆိုရင်တိတ်ဆိတ်ပြီးအေးချမ်းတဲ့နေရာမှာသင့်စိတ်ကိုအနားပေးသင့်ပါတယ်။တိတ်ဆိတ်ငြိမ်သက်ခြင်းကအာရုံစူးစိုက်မှုကိုဖြစ်စေပြီးသင်ကိုယ်တိုင်လည်း သင့်စိတ်အခြေအနေအတွက် အကောင်းဆုံးအဖြေရှာတွေ့နိုင်ပါလိမ့်မယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:lifehack.org

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading