သင်ကိုယ်တိုင်တောင်မသိဘဲ ဒီအပြုအမူတွေကို လုပ်မိနေပြီဆိုရင် သင် “အထီးကျန်နေပါပြီ”

shutterstock/By Shift Drive

အထီးကျန်တယ်လို့ ခံစားရပြီဆိုရင် လူတွေက ပျော်ရွှင်မှုကို မခံစားနိုင်ကြတော့ဘူးတဲ့။ တစ်ယောက်တည်း ငေးမိငေးရာ ငေးနေတယ်၊ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ဖြစ်နေမယ်၊ အလိုလိုနေရင်း ၀မ်းနည်းနေလိမ့်မယ်။ တစ်ခါတစ်လေလည်း ကိုယ့်ကိုယ်ကိုယ် အထီးကျန်နေမှန်းမသိပဲ ပေါက်ကရတွေလုပ်မိနေလိမ့်မယ်။ လေ့လာတွေ့ရှိမှုတွေအရတော့ ဒီအပြုအမူတွေကို လုပ်နေမိပြီဆိုရင် သင်ဟာ သေချာပေါက်အထီးကျန်နေပြီ လို့ ပြောလို့ရပြီး အားလုံးနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်ကိုယ်သင် ပြောင်းလဲဖို့ ကြိုးစားပါတော့နော်…။

(၁)။ ပုံမှန်ထက်ပိုပြီး ဈေးဝယ်ထွက်မိနေတာ

သင်က ပုံမှန်ဆို တစ်လကို အ၀တ်အစားသစ် တစ်စုံလောက်ပဲ ၀ယ်တဲ့သူဆိုပါစို့။ ဒါပေမယ့် သင် အထီးကျန်နေတဲ့အချိန်တွေမှာ တစ်ပတ်တစ်ခါလောက် ဈေးဝယ်ထွက်မိနေမှာဖြစ်ပြီး သင့်ရဲ့ ၀င်ငွေအများစုကို ဈေးဝယ်ထွက်ဖို့အတွက်ပဲ သုံးနေတယ်ဆိုရင် သင်ဟာ အထီးကျန်နေသူတစ်ယောက် ဖြစ်နိုင်ပါတယ်တဲ့။

Ton Kung/Shutter Stock

(၂)။ ရုပ်ရှင်တွေမနားတမ်းကြည့်နေတယ်

ရုပ်ရှင်တွေကြည့်လိုက်တာမှ ဇာတ်လမ်းတွဲတွေချည်း၊ ညဖက်ဆိုလည်းမအိပ်၊ မနက်ဆိုလည်း ကားပေါ်မှာကြည့်၊ ရုံးရောက်တော့လည်းကြည့်.. ဒီလိုဆိုရင် သင်ဟာ အထီးကျန်နေပါပြီတဲ့။ တက္ကဆက်တက္ကသိုလ်ရဲ့ (၂၀၁၅)ခုနှစ် စစ်တမ်းအရ လူတွေဟာ အထီးကျန်မှုကို ခံစားရပြီဆိုရင် ရုပ်ရှင်တွေမနားတမ်းကြည့်တာ၊ တီဗီရှေ့မှာ အချိန်ပြည့်ထိုင်နေတာမျိုးတွေကို လုပ်တတ်ကြပြီး သူတို့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ ကြိုးစားကြပါတယ်။

READ
ယောင်္ကျားလေးတွေက ဘယ်လိုအချိန်မှာ မျက်ရည်ကျတတ်ကြလဲ

(၃)။ မနားချင်ဘူး

ရုံးမှာလည်း တစ်ချိန်လုံးအလုပ်တွေလုပ်၊ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ဘာမှန်းမသိတဲ့ အလုပ်တွေနဲ့ရှုပ်၊ ခဏလေးထိုင်နားဖို့၊ အိပ်ယာပေါ် လှဲလိုက်ဖို့တောင်မှ သတိမရဘူးဆိုရင် သင်ဟာ မသိစိတ်ထဲကနေ အထီးကျန်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကိုတာပြည်နယ်တောင်ပိုင်းက ကျောင်းသားတွေဟာ လူပေါင်း(၁၀၀)ကို စစ်တမ်းကောက်ယူခဲ့ကြပြီး လူတွေဟာ အထီးကျန်နေတယ်လို့ ခံစားရတဲ့အချိန်တွေမှာ အလုပ်တွေပဲ ဆက်တိုက်လုပ်ချင်နေကြတာကို တွေ့ခဲ့ကြရပါတယ်တဲ့။

tommaso79/Shutter Stock

(၄)။ ရေကို အချိန်အကြာကြီး ချိုးနေတတ်တယ်

ပုံမှန်ဆိုရင် ရေချိုးတာ (၃)မိနစ်လောက်နဲ့ ပြီးတဲ့သူက အထီးကျန်နေတယ်လို့ ခံစားရပြီဆိုရင် အနည်းဆုံး (၁၀)မိနစ်လောက်ကြာအောင် ရေချိုးခန်းထဲမှာ အချိန်ဖြုန်းတတ်ကြပါတယ်တဲ့။ (၂၀၁၃)ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ အထီးကျန်သူတွေဟာ ရေနွေးနဲ့ချိုးတာ၊ ဒါမှမဟုတ် ပုံမှန်ရေချိုးတာကို အချိန်အကြာကြီး ပြုလုပ်လေ့ရှိပြီး အဲဒါက သူတို့ကို စိတ်သက်သောင့်သက်သာ ဖြစ်စေတယ်လို့ ခံယူကြကြောင်း တွေ့ရှိခဲ့ရတာပါ။

READ
အက်ရှင်ဇာတ်ကားတွေ ကြည့်ခြင်းက မုန့်တွေကို ပိုစားဖြစ်စေကြောင်း ပညာရှင်များထုတ်ဖော်

(၅)။ ခဏခဏဖျားတယ်

သင်ဟာ အထီးကျန်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လည်း သတိမရတော့ပါဘူး။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကိုလည်း စိတ်မ၀င်စားတော့ဘူး။ ဒီလိုနဲ့ မကြာခဏဆိုသလို အအေးမိတာ၊ ဖျားတာမျိုး ဖြစ်လေ့ရှိပါတယ်တဲ့။

fizkes/Shutter Stock

(၆)။ သင်အထီးကျန်နေတယ်လို့ခံစားရကြောင်း တခြားသူတွေကိုပြောမိမယ်

သင့်ရဲ့ ပတ်ဝန်းကျင်မှာရှိနေသူတချို့၊ ဒါမှမဟုတ် သင့်ရဲ့ သူငယ်ချင်းတချို့ကို သင်အထီးကျန်နေတယ်လို့ ခံစားရကြောင်း ပြောမိတယ်ဆိုရင် အဲဒါက သင် တကယ်ပဲ အထီးကျန်နေတယ်ဆိုတာ ပြသတာပါပဲလို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။ အထီးကျန်နေသူတွေဟာ အချိန်ကြာလာလေလေ သူတို့ကိုယ်သူတို့ အထီးကျန်တယ်ဆိုတာ သေချာလာလေလေဖြစ်ပြီး သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို အဲဒီအကြောင်း ပြောပြဖို့ ကြိုးစားတတ်ကြပါတယ်။

Linn

SHARE