အောင်မြင်လုဆဲဖြစ်နေတဲ့ HIV ဆဲလ်တွေကို လုံးဝဖိနှိပ်ပေးနိုင်မယ့် ဆေးဝါးတစ်မျိုး

Paris’ Institut Pasteur မှ သိပ္ပံပညာရှင်များဟာ ခုခံအားကျဆင်းမှုရောဂါ(AIDS)ကို ဖြစ်ပွားစေတဲ့ HIV ဆဲလ်တွေအတွက် သက်ရောက်မှုရှိတဲ့ ဆေးဝါးတစ်မျိုး ရှာတွေ့ခဲ့ပြီလို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဒီဇင်ဘာလ (၂၀) ရက်နေ့မှာရရှိခဲ့တဲ့ စမ်းသပ်ချက် နောက်ဆုံးရလဒ်မှာတော့ အဆိုပါ ဆေးကြောင့် ဆေးဝါးကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရောဂါဖြစ်ဆဲလ်တွေကို မထုတ်ပစ်နိုင်သေးပေမယ့် ဆဲလ်တွေရဲ့ ဇီဝရုပ်ပြောင်းလဲမှုတွေ ဖြစ်စေခဲ့ပါတယ်။ ရောဂါကို သိုလှောင်ထားတဲ့ ဆဲလ် (reservoir cells) တွေထဲက ရောဂါတိုးမှုတွေကို အမြစ်ပြတ်စေနိုင်မယ့်နည်းလမ်းကို လေ့လာချက်မှ တစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

Shutterstock

ဒီသတင်းကို EurekaAlert မှ စတင်ဖော်ပြခဲ့ပြီး Paris’ Institut Pasteur မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒီဆေးဝါးဟာ ရောဂါရှိတဲ့ ဆဲလ်တွေကို ခန္ဓာကိုယ်အတွင်းမှ လုံးဝဥသုဉ်ဖယ်ထုတ်မပစ်နိုင်ပေမယ့် ရောဂါကိုသိုလှောင်ထားတဲ့ ဆဲလ်တွေရဲ့လုပ်ဆောင်မှုတွေကို ပိတ်ပင်ခြင်းဖြင့် ဆဲလ်များကို သေစေနိုင်တဲ့အထိ စွမ်းဆောင်နိုင်ပါတယ်လို့ ဆိုပါတယ်။

HIV ပိုးကိုသိုလှောင်ထားတဲ့ ဆဲလ်တွေဟာ ရောဂါပျံ့ပွားဖို့အတွက် အခြားသော metabolic activity အားကောင်းတဲ့ ဆဲလ်တွေကို ဖြိုလှဲကာ ပျံ့ပွားပေးဖို့အတွက် အဓိကပစ်မှတ်ထားကြပါတယ်။

READ
နေမကောင်းဖြစ်တော့မယ်ထင်ရင်(သို့)နေမကောင်းရင် စားသင့်တဲ့အစားအသောက်(၅)မျိုး
Shutterstock

လေ့လာရေးအဖွဲ့ကိုတော့ Institut Pasteur, AmfAR (American Foundation for AIDS research) နှင့် Sidaction တို့မှ ထောက်ပံ့ပေးထားခဲ့ပါတယ်။ ဒီဆေးရဲ့ စမ်းသပ်ချက်သာ အောင်မြင်သွားပြီး ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ HIV ဝေဒနာရှိင်များဟာ အခုလိုမျိုးနှစ်ရှည်လများ ဆေးတွေသောက်စရာ လိုအပ်တော့မှာမဟုတ်ပါဘူး။

Source: Daily Mail

Penny

SHARE