မိဘတွေသဘောမတူကြတဲ့ ချစ်သူစုံတွဲတွေ အားမငယ်ကြစေဖို့

နှစ်ဖက်မိဘတွေ သဘောမတူကြတဲ့ချစ်သူတွေအနေနဲ့ အားငယ်ပိုမနေပဲ ပိုပြီးအောင်မြင်အောင် ကြိုးစားပြလို့ရပါတယ်။  ချစ်သူ(၂)ယောက်ရဲ့ မခံချင်တဲ့စိတ်တွေကို အသုံးချပြီး ကြိုးစားပြလို့ရပါတယ်။ ။ မိဘတွေ သဘောမတူတဲ့ကြားက
အိမ်ထောင်ပြုသွားကြတဲ့ ချစ်သူတွေအနေနဲ့ အောက်ပါအချက်တွေကို အသုံးချပြီး အောင်မြင်အောင် ကြိုးစားပြလိုက်ပါ။

၁။ တွန်းအားတစ်ခုအဖြစ်အသုံးချပါ။

“ငါတို့အောင်မြင်မှရမယ်” ဆိုတဲ့စိတ်တစ်ခုကို တွန်းအားတစ်ခုအဖြစ်ပါအသုံးပြုပါ။ မိဘတွေရဲ့အပြောအဆိုတွေကို တွန်းအားတစ်ခုအဖြစ်သုံးပြီး သာမန်လူတွေထက် (၂)ဆပိုကြိုးစားပါ။ မိဘတွေရဲ့ ပစ်ပယ်မှုကိုခံထားရတဲ့အတွက် နှစ်ယောက်တူတူရုန်းရင်းနဲ့ အလုပ်ကို စိတ်နှစ်တတ်လာပြီး စီးပွားရေးကိုရှာတတ်လာပါလိမ့်မယ်။ ဒီလို တွန်းအားတွေရှိနေခဲ့လို့ ပိုကြိုးစားရင်းနဲ့ ပိုအောင်မြင်လာပါလိမ့်မယ်။

၂။ မခံချင်စိတ်ကိုအသုံးချပါ။

မိဘတွေရဲ့အပြောအဆို၊ အသိုင်းအ၀ိုင်းတွေရဲ့အပြောအဆိုတွေအပေါ်မှာ ဖြစ်ခံပေါ်လာတဲ့ မခံချင်စိတ်ကိုအသုံးချပြီးအောင်မြင်မူကိုရအောင် ကြိုးစားလို့ရပါတယ်။  မိဘတွေက သဘောမတူလို့ စွန့်ပစ်ခံထားရတဲ့သူတွေဆိုရင် ပိုပြီးကြိုးစားပြဖို့လိုပါတယ်။

၃။ နှစ်ယောက်အတူတူရုန်းရင်း ပိုကြိုးစားတတ်လာလိမ့်မယ်။

မိဘရဲ့ အရိပ်ကိုခိုခွင့်မရှိကြတော့ နှစ်ယောက်အတူ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ အဲ့လို နှစ်ယောက်အတူရုန်းရင်း စီးပွားရေးတွေကိုလုပ်ရင်း ပိုပြီး လုပ်တတ်ကိုင်တတ် ဖြစ်လာကြပါလိမ့်မယ်။

READ
လက်ထပ်တော့မယ်ဆို ဒါလေးတွေဖတ်ကြည့်ပါ

၎။ အသိုင်းအ၀ိုင်းတွေရဲ့ လက်ညှိုးထိုးတာတွေကို အသုံးချပါ။

နှစ်ယောက်အတူကြိုးစားကြရင်းနဲ့ ရှုံးနိမ့်တာတွေကို ထိုင်ဟားနေတတ်တဲ့အသိုင်းအ၀ိုင်းတွေရဲ့လက်ညှိုးထိုးတဲ့ဒဏ်တွေကို မခံချင်စိတ်ဖြစ်လာတဲ့အခါ လဲကျနေရာကပြန်ထပြီး သူတို့မှားကြောင့် သက်သေပြလိုက်ပါ။ နှစ်ယောက်အတူ တစ်ယောက်လဲရင် တစ်ယောက်က ပြန်ထူပေးရင်းနဲ့ ဘဝခရီးကို ဖြတ်သန်းပါ။

Hannwe Soe (Shwemom)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE