EXO အဖွဲ့ဝင် Suho နဲ့ ဒိတ်ချင်ကြောင်း ဖွင့်ဟလိုက်တဲ့ Shah Rukh Khan ရဲ့ သမီး Suhana Khan

EXO အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Suho ကတော့ အိန္ဒိယနိုင်ငံရဲ့ သတင်းစာတွေမှာ ခေါင်းကြီးပိုင်းအဖြစ် ပါဝင်နေပါတယ်။ ဒါကတော့ ဘယ်သူကြောင့်လဲဆိုရင် နာမည်ကျော် မင်းသားကြီး ရှာရွတ်ခန်ရဲ့ သမီး Suhana Khan ကြောင့်ပါ။ သူမကတော့ အင်စတာဂရမ်ပေါ်မှာ သူမရဲ့ သူငယ်ချင်းတွေနဲ့ အမေးအဖြေအစီအစဉ်လေးတစ်ခု လုပ်ခဲ့ပြီး မေးခွန်းတွေကို ဖြေပေးခဲ့ပါတယ်။

India Today

မေးခွန်းတွေထဲမှာတော့ သူမဒိတ်လုပ်ချင်တဲ့ မင်းသားက ဘယ်သူလဲဆိုတဲ့ မေးခွန်းလပါခဲ့ပါတယ်။ Suhana Khan ကတော့ ‘Love Shot’ အယ်လ်ဘမ်ထဲက Suho ရဲ့ ဓါတ်ပုံနဲ့ “Him” လို့ ရေးပြီး အဖြေပြန်ပေးခဲ့ပါတယ်။

သူမရဲ့ အဖြေကတော့ မီဒီယာတွေကြားမှာ တော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။ သတင်းစာတွေမှာလည်း ခေါင်းကြီးပိုင်းတွေကနေတစ်ဆင့် ပါဝင်လာပြီး ပရိသတ်တွေရဲ့ ပြောစကားအရတော့ အန္ဒိယနိုင်ငံရဲ့ တီဗွီသတင်းတွေမှာပါ Suho ကပါဝင်လာတယ်လို့ သိရပါတယ်။

READ
(၇)နှစ်အတွင်း ပထမဆုံး အကြိမ် ဇာတ်ကား ပြန်ရိုက်ကူးဖို့ စဉ်းစားနေတဲ့ Won Bin
Twitter ‘@Eries_17’
Twitter ‘@Eries_17’

Source: Kstarlive

SHARE