အမေရိကန်လူငယ်ထုထဲ စိုးရိမ်ဖွယ် တရိပ်ရိပ်မြင့်တက်လာတဲ့ ဆူဆိုက်ဒ်ပြဿနာ

Pexels/Trinity Kubassek

ကျန်းမာရေးပညာရှင်တွေက အမေရိကန်မှာ ဆူဆိုက်ဒ်ပြုလုပ်မှုကြောင့် သေဆုံးသူဦးရေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ကြောင်း ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ Centers for Disease Control and Prevention (CDC) ကတင်ပြချက်အရ (၂၀၀၀) ခုနှစ်မှာ အသက်(၁၀-၂၄) နှစ်အတွင်း ဆူဆိုက်ဒ်ကြောင့် သေဆုံးသူဦးရေဟာ (၄,၂၉၄) ဦးထိ ရှိခဲ့ပြီး (၂၀၁၇) ခုနှစ်မှာတော့ သေဆုံးသူဦးရေ (၆,၇၆၉) ဦးထိ ရှိခဲ့တာကြောင့် ရာခိုင်နှုန်း (၅၀) ကျော်လောက်ထိ တက်လာခဲ့တာ ဖြစ်ပါတယ်။

CDC ကတော့ အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အားလုံးနီးပါးမှာ ဆူဆိုက်ဒ်ဖြစ်ပွားနှုန်းတွေဟာ ကျားမမရွေးပဲ တက်လာနေတယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ ဆူဆိုက်ဒ်နဲ့သေဆုံးမှုဟာ အသက် (၁၀) နှစ်ကနေ (၃၄) နှစ်အတွင်း လူငယ်တွေ သေဆုံးရခြင်းရဲ့ဒုတိယအကြီးဆုံး အကြောင်းကြီးတစ်ခုဖြစ်လာပြီလို့လည်း CDC က ကြေညာခဲ့တာပါ။

READ
တရုတ်နိုင်ငံ၏လူဦးရေထူထပ်မှုကို ဖော်ပြနေသောဓာတ်ပုံများ
Pexels/Daniel Reche

ဆူဆိုက်ဒ်ပြုလုပ်တဲ့ လူတစ်ယောက်ဟာ အကြောင်းရင်းတစ်ခုတည်းကြောင့်ဖြစ်သလို အကြောင်းရင်းများစွာ စုပြုံပေါင်းစည်းပြီးတော့လည်း ဖြစ်နိုင်ပါတယ်။ အချစ်ရေးအဆင်မပြေတာ၊ ပိုက်ဆံကြပ်တည်းတာ၊ အလုပ် ဒါမှမဟုတ် ကျောင်းမှာ စိတ်ဖိအားခံရတာ များလွန်းတာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေဟာ ဆူဆိုက်ဒ်ပြုလုပ်ရခြင်းရဲ့ယေဘူယျအကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

CDC

ဒါ့အပြင် ဆူဆိုက်လုပ်ပြီး သေဆုံးသွားတဲ့ လူငယ်တွေဟာ အက်ဆီးဒန့်၊ လူသတ်မှု၊ ကင်ဆာတွေနဲ့ သေဆုံးသွားသူ လူငယ်တွေထက် အရည်အတွက် ပိုမိုများပြားလာကြောင်းလည်း သိရပါတယ်။ ဆူဆိုက်ဒ်ပြုလုပ်တော့မယ့်လူဟုတ်၊ မဟုတ် ဆိုတာကိုတော့ အောက်ဖော်ပြပါ အချက်တွေနဲ့ တိုင်းတာသိရှိနိုင်ပါတယ်။

CDC
  • မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ခြင်း၊ သတ်သေတော့မယ်လို့ ပြောဆိုခြင်း
  • ဆူဆိုက်ဒ်အထမြောက်ဖို့ နည်းလမ်းရှာထားခြင်း (ဥပမာ လူ့အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆေးလုံးတွေကို အနားမှာထားခြင်း၊ သေနတ်ယူထားခြင်း)
  • သေခြင်းတရားအကြောင်း မကြာခဏပြောပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ဆူဆိုက်ဒ်အကြောင်းတွေ ရေးသားခြင်း
  • ဒေါသထွက်ကာ လက်တုံ့ပြန်လိုခြင်း
  • အသက်အန္တရာယ်ထိခိုက်စေတဲ့အရာတွေကို မဆင်မခြင်ပြုလုပ်ခြင်း
  • စိတ်ဓာတ်ကျကာ လူ့အဖွဲ့အစည်းမှ ကင်းကွာပြီး နေထိုင်လိုခြင်း
  • ညဘက် အိပ်မပျော်ခြင်းနဲ့ စိုးရိမ်သောကများနေခြင်း
  • ရုတ်ချည်း စိတ်အပြောင်းအလဲမြန်ခြင်း တို့ပဲ ဖြစ်ပါတယ်။
READ
အမေရိကန်အလံ၊ ဘောင်းဘီတိုတစ်ထည်ထဲနဲ့ ဟာရီကိန်းမုန်တိုင်းကို ရင်ဆိုင်နေသူအမျိုးသား
Pexels/Engin Akyurt

တကယ်လို့ စာမျက်သူအနေနဲ့ ဒီလိုအချက်အလက်တွေကို ကိုယ်နဲ့ ခင်မင်ရင်းနှီးသူတစ်ယောက်ယောက်ဆီမှာ တွေ့ခဲ့ရင်တော့ သေချာဂရုစိုက်စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ကူညီဖို့အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကို ကိုယ်က အကူအညီပေးချင်တယ်၊ စာနာဂရုစိုက်တယ်ဆိုတာ သူတို့သိအောင် ပြပေးဖို့ပါပဲ။ သူတို့နဲ့ စကားပြောတဲ့အခါမှာလည်း ကိုယ်က များများနားထောင်ပေးပြီး စကားတွေအများကြီး မပြောမိအောင် သတိထားသင့်ပါတယ်။ ဆူဆိုက်ဒ်လုပ်မယ့်ကိစ္စကို တားဆီးချင်ဇောနဲ့ ခြိမ်းခြောက်တာ၊ အပြစ်တင်တာတွေလည်း မလုပ်သင့်တာကို insider သတင်းဌာနမှ တဆင့် ကိုးကားဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE