ဘရာမ၀တ်တဲ့ကိစ္စနဲ့ ဆေးသုံးတယ်ဆိုတဲ့ ကိစ္စအပေါ် Sulli ပြန်ဖြေရှင်း

Image:IG/Sulli

Sulli ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော်၊တေးရေး၊မင်းသမီးတစ်ယောက်ပါ။ သူမ ရဲ့နာမည် အရင်း ကတော့ Choi Jin-ri ဖြစ်ပြီး အသက်ကတော့ (၂၅)နှစ်ပါ။Sulli ဟာ မကြာေ သးခင်တုန်းကမှ ပြီးသွားတဲ့ Hotel del Luna ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ဧည့်သည်သရုပ်ေ ဆာင် အဖြစ် ပါဝင်ပေးခဲ့ဖူးပါတယ်။အခုနောက်ပိုင်းမှာတော့ ခပ်မိုက်မိုက် Sexy ဖက်ရှင်တွေကို ပဲ ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ သူမဟာ မကြာခဏ ဆိုသလို လည်း IG မှာ ဘရာမဲ့ ၊မိတ်ကပ်မဲ့ သူမရဲ့ ပုံတွေကို အမြဲတင်လေ့ရှိသူပါ။ဘရာမ၀တ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လည်း သူမ အေ ပၚ ေ ၀ဖန် ပြော ဆိုမှုတွေ ရှိသလို Sulli ဟာ မူးယစ်ဆေးဝါးသုံးစွဲ တယ်ဆိုပြီး တော့လည်း စွပ်စွဲ ပြောဆို မှုတွေ အများကြီး ရှိပါတယ်။

Image:IG/Sulli
Image:IG/Sulli
Image:IG/Sulli

ဒီလို ပြောဆို ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး  “Night of Hate Comments,”  ဆိုတဲ့ Show မှာ သူမက ပြန်လည် တုံ့ပြန် ဖြေရှင်းခဲ့ပါတယ်။Comment တစ်ခုက သူမကို “attention seeker. .?(အာရုံစိုက်ခံချင်နေတဲ့သူလား) “လား ဆိုပြီး မေးခဲ့တဲ့ အခါ မှာတော့ Sulli က ကျေးဇူးပြုပြီး ကျမကို အာရုံစိုက်ပေးပါလား…” ဆိုပြီး ဟာသ နှောပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။မူးယစ်ဆေးသုံးတဲ့ ပုံမျိုးပဲ ဆိုပြီး  မှတ်ချက်ပေးပြောဆိုလာတဲ့  အပေါ် ကိုတော့ Sulli က ”  ‘Real,’  ဇာတ်ကားရိုက် တုန်းက ဆေးသုံးတဲ့ အခန်းပါတော့ အဲ့ဒီတုန်းက မူးယစ်ဆေးအကြောင်း ရိုက်ထားတဲ့ ဇာတ်ကားေ တွကို တစ်နေ့ငါးကားလောက် ကျမ ကြည့်ဖြစ်တယ်။နင်က Heath Ledger လား ဒါမှမဟုတ် တစ်ခုခုပဲ ဆိုပြီး ကျမကို ပြောကြတယ်။ကျမဒီလိုလုပ်ရတာ ကျမရဲ့ အလုပ်ကို ကောင်းကောင်း လုပ်ချင်လို့ လို့ ကျမ ပြန်ပြော ခဲ့တယ်။ဥပမဒနေဲ့ မညီတာမျိုး ကျမ ဘာမှ မလုပ်ပါဘူး။ဥပဒေဘောင် အတွင်းမှာပဲ ကျမ လွတ်လွတ်လပ်လပ် နေပါတယ်…” လို့ Sulli က ပြန်ပြောခဲ့ပါတယ်။

READ
ဗီဒီယိုဖိုင် အသစ်တင်လိုက်တဲ့ သင်ဇာဝင့်ကျော်
Image:IG/Sulli
Image:IG/Sulli
Image:IG/Sulli

ဘရာမဲ့၊မိတ်ကပ်မဲ့ ပုံတွေကို မကြာခဏ တင်တာ၊ဘရာမဲ့ဖက်ရှင်တွေနဲ့ သွားတာလာတာတွေနဲ့ ပတ်သက်ပြီး သူမ အပေါ် ဖေ၀န်ပြောဆိုတာတွေကိုလည်း ပြန်ဖြေရှင်းခဲ့ပါတယ်။ဘာကြောင့် ဘရာ မ၀တ်ရတာလဲ ဆိုတာကို Sulli က အခုလိုပဲ သေချာ ပြန်ရှင်းပြခဲ့ပါတယ်။ “ဒါက လူတစ်ယောက် ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် လို့ပဲ ကျမ ထင်တယ်။ဘရာဝတ်တာက ကျန်းမာရေး အတွက် မကောင်းဘူးလေ။ဘရာတွေမှာက ၀ိုင်ယာတွေ ပါတယ်။အစာခြေစနစ်နဲ့ ဆိုင်တဲ့ ကိုယ်တွင်းအ င်္ဂါတွေကို ထိခိုက်စေတယ်လေ။ပြီးတော့ ကျမမှာလဲ အစာခြေစနစ်နဲ့ ဆိုင်တဲ့ ပြဿနာက ရှိတော့ ဘရာဝတ်ထားရင် နေရတာ သက်သောင့်သက်သာ မရှိတော့ ကျမ မ၀တ်တာပါ။ဘရာမ၀တ်တာက လွတ်လပ်ပြီး ပိုလှတယ်လို့ ထင်တယ်..” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ဒါ့အပြင် ထပ်ပြီးတော့လည်း ဘ ရာဆိုတာက သူမ အတွက် တော့ accessories တွေထဲက တစ်ခုပဲ လို့ ဆိုပါတယ်။” အခုလည်း အဲ့ဒီ accessory  ကို ကျမ ၀တ်မထားဘူး…” ဆိုပြီး ပြောလိုက်တဲ့ အခါမှာတော့  Show မှာရှိတဲ့ တခြားသူတွေပါ လုံးဝ အံ့အားသင့်ခဲ့ကြပါတယ်။

READ
မိသားစု စုံစုံညီညီနဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲတက်လာခဲ့တဲ့ ရွှေမှုံရတီတို့ မိသားစု
Image:IG/Sulli
Image:IG/Sulli
Image:IG/Sulli

ဘာလို့ ဘရာမဲ့ ပုံတွေကို ဆိုရှယ်မီဒီယာပေါ် ခဏခဏ တင်ရတာလဲ ဆိုတာကိုတော့ ” ဘရာမဲ့ ပုံ ကို ပထမဆုံး အကြိမ် ကျမ တင်လိုက်တော့ အားလုံးက ၀ိုင်းပြောကြတယ်။ကျမ ကြောက်သွားပြီး ပုန်းရှောင်တာမျိုး မလုပ်ခဲ့ဘူး။ အဲ့လို မလုပ်ရတဲ့ အကြောင်းအရင်းရှိတယ်။လူတွေရဲ့ အခြေအမြစ် မရှိတဲ့ မျက်စိစုံမှိတ် ဆုပ်ကိုင်ထားတဲ့ အစွဲအလန်းတွေကို ကျမ ပြောင်းလဲ ပစ်ချင်တယ်။ကျမ အနေနဲ့ ပြောရမယ်ဆိုရင် တော့ ဒါက အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူး။နောက်ပိုင်း  ဘရာမ၀တ်ပဲ သွားတဲ့ လူတွေ ပိုများလာတယ်လို့ ကျမ ပြန်ကြားရတယ်…” လို့  Sulli ကပြောခဲ့ပါတယ်။

(

 

View this post on Instagram

 

그 어디선가

A post shared by 설리가진리 (Sulli) (@jelly_jilli) on

)

Source:soompi

 

SHARE