သတ်မသေခင်မှာ ဘ၀ကို စိတ်ပျက်နေကြောင်း အင်တာဗျူးဖြေသွားခဲ့တဲ့ Sulli

Image:IG/Sulli

တောင်ကိုရီးယားရဲ့ အဆိုတော် မင်းသမီးချော Sulli ကတော့ သူချစ်တဲ့ ပရိသတ်တွေကို ထာဝရ နှုတ်ဆက်သွား ခဲ့ပါပြီ။သူမ သေဆုံးတဲ့ သတင်း ကတော့ ပရိသတ်တွေကို အတော်လေး တုန်လှုပ်အံ့သြသွားစေခဲ့ပါတယ်။Sulli ရဲ့ မန်နေဂျာဖြစ်သူက Sulli တစ်ယောက် နေအိမ်မှာ သေဆုံးနေတာကို ကိုရီးယားစံတော်ချိန် ည နေ (၃)နာရီ (၂၁) မိနစ်မှာ တွေ့ခဲတာပါ။

Image:IG/Sulli
Image:IG/Sulli

ရုတ်တရ က် ကြီး သူမ သေဆုံးသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Seongnam Sujeong  ရဲ စခန်း ကတော့ မှတ်ချက် ပေးပြောဆိုခဲ့ပါ တယ်။Sulli ဟာ သူမကိုယ်သူမ သတ်သေ သွားတာလို့ ပြောခဲ့ပါ တယ်။သူမရဲ့ အိမ်မှာ ဒုတိယထပ်ကနေ ကြိုးဆွဲ ချ သေဆုံးသွားခဲ့တာလို့ ရဲဘက်ကနေ ထုတ်ပြန်လိုက်ပါတယ်။SM ဘက်ကတော့ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်မပြောသေးပါဘူး။

Image:Ig/Sulli

Sulli ကတော့ အခုလို သတ်သေမသွားခင်အင်တာဗျူးတစ်ခုမှာ သူမ ရဲ့ ဘ၀ နဲ့ ပတ်သက်ပြီး စိတ်ပျက် နေတဲ့ အေ ကြာင်း၊မပျော်တဲ့ အကြောင်းတွေကို ရင်ဖွင့်ခဲ့ဖူးပါတယ်။Reply Night မှာ  မပျော်တဲ့ အကြောင်းတွေကို ရင်ဖွင့်ခဲ့ တာပါ။သူမရဲ့ ဘ၀ ဟာ ဗလာနတ္ထိကြီးလို့ ခံစားနေရပြီး တကယ်တမ်းကတော့ မပျော်တာကို ပျော်ချင်ယောင်ဆောင်ေ နရတာလို့ ရင်ဖွင့်ခဲ့တာပါ။ အင်တာဗျူးမှာ Sulli က……..

READ
ချစ်စရာပုံရိပ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့ နွယ်နွယ်ထွန်း
Image:IG/Sulli

“ကျမရဲ့ ဘ၀က တကယ်တမ်းတော့ ဘာမှ မရှိတဲ့ ဗလာနတ္ထိ ကြီးပါ။အပြင်ပန်းမှာတော့ ပျော်ချင်ယောင်ဆောင် ပြပြီး လူတွေ ကို ကျမက ညာနေတာ..” လို့ ပြောခဲ့ပါတယ်။ “ ကျမ အနားကလူတွေကို အကြံပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ သူတို့ က ကျမ ကို ပြောတယ်။လူတိုင်းရဲ့ဘ၀မှာ Dark Side ဆိုတာ ရှိတယ်။.ဒါပေမယ့် အားလုံးက ဒီလိုပဲ ဟန်ေ ဆာ င် နေနေ ကြတာ။နင်ဒီလို ခံစားနေရတာကို ထူးဆန်းတယ်လို့ မထင်နဲ့။လူတိုင်းက ဒီလိုပဲ.. လို့ ကျမကို ပြော တယ်…” ဆိုပြီး သူမရဲ့ ခံစားချက်ကို ရင်ဖွင့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူမဟာ အခုလိုပဲ အပြင်မှာ ပျော်ချင်ယောင် ဆက်ပြီး ဟန်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

READ
ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေနဲ့ ညို့ယူလိုက်တဲ့ ရွှေမှုံရတီ
Image:Ig/Sulli

Sulli ဟာ သူမရဲ့ IG မှာ  ပျော်နေတဲ့ ပုံတွေကို မကြာခဏ တင်လေ့ရှိပေမယ့် သူမရဲ့ တကယ့်အတွင်းစိတ်ထဲမှာေ တာ့ အထီးကျန်ခံစားနေရသူ ဆိုတာကို သူမ ကိုယ်တိုင် ထုတ်ပြောခဲ့တာပါ။အဲ့ဒီတည်းက Sulli တစ်ယောက် Depr ession ၀င်နေတယ်ဆိုတာကို အားလုံးက ရိပ်မိခဲ့ကြပေမယ့်လည်း အခုလိုကြီး သတ်သေ သွားတဲ့ အထိ ဘ၀ကို လက်မြှောက် အရှုံးပေးသွားမယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ကြပါဘူး။သူမ သေဆုံးတဲ့ သတင်းကတော့ ကမ္ဘာတစ်ဝ န်းမှာရှိတဲ့ ပရိသတ်တွေကို လုံးဝ တုန်လှုပ်ဝမ်းနည်းစေခဲ့ပါတယ်။

(

 

View this post on Instagram

 

올빼미 7주년 축하합니다❤️ #럭키슈에뜨 #LUCKYCHOUETTE #럭키슈에뜨7주년 #럭키스마일

A post shared by 설리가진리 (Sulli) (@jelly_jilli) on

)

Source:Koreaboo

SHARE