KWANG SOO ရဲ့ VARIETY SHOWS ထဲကစရိုက်နဲ့ အပြင်စရိုက် မတူပါဘူး ဆိုတဲ့ SUNG DONG IL

မင်းသား Sung Dong Ilspoke က သူနဲ့ အတူတွဲဖက်သရုပ်ဆောင်တဲ့ မင်းသား Lee Kwang Soo ရဲ့ အကြော င်း ကို မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ tvN’ ရဲ့ ဇာတ်ကား “Live,” (Lee Kwang Soo ပါဝင်ထားတဲ့ ဇာတ်ကား) ထဲမှာပါတဲ့ ရဲအရာရှိတွေရဲ့ အကြောင်းကို ပြောပြီး နောက်  Sung Dong Il က “The Accidental Detective 2: In Action.” အကြောင်းကို ပြောပြခဲ့တာပါ။ သူ့ရဲ့ ဇာတ်ကားသစ်နဲ့ပတ်သက်ပြီး Sung Dong Il  က “ဇာတ်ကားအကြောင်းကို သတင်းစာရှင်လင်းပွဲနေ့မှာ ပထမဆုံး ဖတ်လိုက်ရတယ်..တကယ်ပဲ ရယ်ရ တယ်ဆိုပြီး ကျတော်ပြောခဲ့တယ်..ရယ်ရအောင် တမင်ကြီး လုပ်တာမဟုတ်ပဲ နဲ့ကို ရယ်ရတာပါ..ဒီကားကတော့ ၀င်ငွေ ကောင်းလိမ့်မယ်လို့ ကျတော်ထင်တယ်..” ဆိုပြီး ပြောခဲ့ပါတယ်။

“The Accidental Detectives 2: In Action” ကိုတော့ အမျိုးသမီးဒါရိုက်တာ Lee Un Hee က ရိုက်ကူး ထားတာပါ။ဒါရိုက်တာသစ်နဲ့ အလုပ်လုပ်ရတဲ့ အပေါ် ခံစားချက်ကို မေးတဲ့ အခါမှာတော့…..”ဒီဇာတ်ကားက တခါမှ ဟာသ(သို့) အက်ရှင်မရိုက်ဘူးသေးတဲ့ ဒါရိုက်တာ တစ်ယောက်က ရိုက်ကူးထားတာပါ..သရုပ်ဆောင်တွေက ရိုက်ကူးရေးမှာ အာရုံစိုက်ပေးထားကြပါတယ်..အမျိုးသားသရုပ်ဆောင်တွေ ဆိုရင် အချက်အလက်လေးတွေကိုတော့ လွဲ နိုင် တယ်..အရိုးသားဆုံးပြောရရင် ကျတော်တခါမှ အမျိုးသမီးဒါရိုက်တာနဲ့ တွဲမလုပ်မလုပ်ဖူးဘူး…ကျတော် စရိုက်ကို က ပွင့်ပွင့်လင်းလင်းသမား..သောက်ရတာကြိုက်တယ်..ရိုက်ကူးရေးလုပ်နေရင်း၊အခန်းထဲမှာ  သောက်နေအချိန်…ဒါ ရိုက်တာနဲ့လည်း သောက်ရင်းစကားပြောတယ်.နောက်နေ့ဘယ်လိုတွေ ရိုက်ကြမလဲ ပြောဖြစ်တယ်..”  လို့ ဆိုပါတယ်။

READ
ဖေဖေလင်းလင်းနဲ့အတူ သီချင်းဆိုပြီး ကနေကြတဲ့ ခေတ်နဲ့ သစ်

Lee Kwang Soo နဲ့ပတ်သက်ပြီး ပြောရာမှာတော့.. Lee Kwang Soo ရဲ့ TV ( Variety Shows) တွေမှာ တွေ့ရတဲ့ personality နဲ့ အပြင်တကယ့် life က သူ့ရဲ့ personality က မတူဘူးလို့ ပြောခဲ့ပါတယ်။” တကယ့် အပြင်မှာက Lee Kwang Soo က စကားသိပ်မပြောဘူး..အေးဆေးသမား..သောက်ပြီးရင်တောင်မှ ..ကျေးဇူး တင်ပါ တယ်ဆိုတဲ့ စကားကလွဲပြီး အများကြီးသိပ်မပြောတတ်ဘူး…

variety shows တွေမှာ တွေ့ရတဲ့ သူ့ရဲ့ ပုံစံ နဲ့ တကယ့် အပြင်က သူ့ပုံစံက လုံးဝ ကို ကွာခြားတယ်…သူအားတဲ့ အချိန်ဆိုရင် လေ့ကျင့်ခန်းလုပ်တယ်.. အနုပညာေ လာကထဲ က စီနီယာ တွေနဲ့ တွေ့တယ်..ကျတော်ထင်တယ်ဗျာ့ ဒါကြောင့် သူသရုပ်ဆောင်တဲ့အခါ ပိုအထောက်အကူ ဖြစ်စေတယ်.. ‘Live’မှာလည်း အတူအလုပ်လုပ်ရတာကိုကြိုက်တယ်..ဆက်ပြီးလည်း အတူအလုပ်တွဲလုပ်သွား မယ်…” လို့ ပြောခဲ့ပါတယ်။“The Accidental Detective 2: In Action” ကိုတော့ ဇွန် (၁၃)မှာ စပြီး ပြသသွား မှာပါ။

READ
လက်ထပ်မယ့်အကြောင်းနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို မေးခွန်းထုတ်လိုက်တဲ့ မေမြင့်မိုရ်

https://www.instagram.com/p/BiPGp2sFzDq/?taken-by=leekwangsoo_prince

Source soompi

SHARE