ရင်သားခွဲစိတ်ပြုပြင်မှု လုပ်ထားတယ်လို့ စွပ်စွဲလာသူတွေကို Sunmi တုံ့ပြန်

Image:IG/Sunmi

Sunmi  ကတော့ ကိုရီးယားရဲ့ နာမည်ကြီး အဆို တော် တစ်ယောက်ပါ။(၁၉၉၂)မှာ မွေးခဲ့ပြီး အသက်ကတော့ (၂၇)နှစ်ပါ။သူမဟာ Wonder Girls  အဖွဲ့ ၀င် အဖြစ်နဲ့  (၂၀၀၇)ခုနှစ် မှာ ပွဲဦးထွက်ခဲ့ပြီး (၂၀၁၀) မှာတော့ အဖွဲ့ ထဲက နေ ထွက်ခွာခဲ့ပါတယ်။လှပတဲ့ ရုပ်ရည်ကြောင့် အမျိုးသားပရိသတ် အများစုရဲ့ ၀န်းရံ အားပေး မှုကိုပါ ရထားသူပါ။Sunmi ရဲ့ မကြာသေးခင်က ထွက်လာတဲ့ ပုံတွေ ကြောင့် ပရိသတ် တော်တော်များများ က သူမကို ရင်သားခွဲ စိတ် ပြုပြင်မှုတွေ လုပ်ထားတယ်ဆိုပြီး ပြောဆိုလာကြပါတယ်။

Image:IG/Sunmi
Image:IG/Sunmi

ဒီဇင်ဘာ (၁၈)ရက်နေ့မှာတော့ Sunmi က သူမရဲ့ IG Story မှာ Naver ရဲ့ Search List  Screenshot ကိုတင်ထားပါတယ်။အဲ့ဒီရှာဖွေမှု အဆုံးစာရင်းထဲမှာ “Sunmi boob job” ဆိုတဲ့ အရာက ပါဝင် နေပါတယ်။သူမကတော့ အဲ့ဒီ Post ရဲ့ အောက်ဘက်မှာ သူမဟာ ရင်သားခွဲ စိတ်ပြုပြင်မှု လုပ်၊မလုပ်ဆိုတာကို ထုတ် ပြောခဲ့ပါတယ်။” ရင်သား ခွဲစိတ်ပြုပြင်တာမျိုး မလုပ်ခဲ့ပါဘူး..။ကျမ ၀ိတ်တတ်လာတာပါ..” ဆိုပြီး လူတွေ ထင်နေကြသလို ရင်သားခွဲ စိတ် ထားတာ မဟုတ်ပဲ ၀ လာလို့ ကိတ်လာတာပါ ဆိုပြီး ပြန်ဖြေရှင်းခဲ့ပါတယ်။

 

View this post on Instagram

 

HEAD X MIYA❤️❤️ @head_official_kr #HEAD #헤드

A post shared by SUNMI (@miyayeah) on

Image:IG/Sunmi

မကြာသေးခင်တုန်းက ပွဲတစ်ခုမှာ သူမ ဖျော် ဖြေ တင်ဆက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ ပုံ တွေ ထွက်လာခဲ့တာပါ။အဲ့ဒီပုံတွေ ကြောင့် ရင်သားခွဲ စိတ်ပြုပြင်လိုက်တာလား ဆိုတဲ့ ပြောဆို မှုတွေ ထွက်လာတာပါ။သူမရဲ့ အရင်ကပုံတွေ နဲ့ ယှဉ်ရင် သိသိသာသာ ပြောင်းလဲ မှုတွေ ရှိလာတဲ့ အတွက် ရင်သားခွဲ စိတ်ပြုပြင်လိုက်တာ လား ဆိုပြီး ပြောဆို နေကြတာပါ။လွန်ခဲ့တဲ့ (၃) လ လောက်တုန်းကလည်း အဲ့လိုပဲ သတင်းတွေ ထါက်လာလို့ တွစ်တာ ပေါ် ကနေ ရင်သားမခွဲ စိတ် ပါဘူး လို့ ဖြေရှင်းခဲ့ရပါ သေးတယ်။

 

View this post on Instagram

 

📸 @leedongz

A post shared by SUNMI (@miyayeah) on

Source:Koreraboo/Wiki

SHARE