သူမရဲ့ television show အစီအစဉ်မှာ ပထမဆုံး host အဖြစ် လုပ်သွားမယ့် SUNMI

ig/@miyayeah

အဆိုတော်၊ တေးရေး တစ်ယောက်ဖြစ်တဲ့ SUNMI ကတော့ သူမရဲ့ television show အစီအစဉ်မှာ ပထမဆုံး host အဖြစ်လုပ်ကိုင်သွားမှာပဲ ဖြစ်ပါတယ်။ May 18 ရက်နေ့က သူမရဲ့ television show အစီအစဉ်သစ် ‘SUNMI’s Video Store’ ထုတ်လွှတ်မယ့် သတင်းကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by SUNMI (@miyayeah) on Dec 18, 2019 at 5:53am PST

ဒီအစီအစဉ်မှာ SUNMI က အဓိက host အဖြစ် ပါဝင်သွားမှာဖြစ်ပြီး ပထမ episode ကို ပြီးခဲ့တဲ့ အပတ်ကပဲ ရိုကူးပြီးခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြထားပါတယ်။ ‘SUNMI’s Video Store’ ဆိုတဲ့ အစီအစဉ်လေးက talk show တစ်ခုဖြစ်ပြီးတော့ ဘဝ ဖြတ်သန်းခဲ့ရတဲ့ ပုံစံတွေနဲ့ အောင်မြင်မှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ SUNMI ကပွဲဦးထွက်ခဲ့တဲ့ 2017 ကတည်းက ခုအချိန်ထိ ပထမဆုံး host လုပ်မယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

READ
ချစ်စရာအလှလေး Jade Weber အကြောင်း သင်မသိသေးတဲ့ အချက် (၈ )ချက်

 

 

View this post on Instagram

 

📸 @leedongz

A post shared by SUNMI (@miyayeah) on Dec 15, 2019 at 8:38am PST

သူမပွဲဦးထွက်ခဲ့တဲ့ အချိန်အတောအတွင်းမှာ သူမဟာ ထူးခြားတဲ့ performance ရှိတဲ့သူအဖြစ် မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမကို အစပိုင်းမှာ Kpop girl group Wonder Girls အဖွဲ့ဝင်အဖြစ် ပရိတ်သတ်တွေ သတိမထားမိခဲ့ကြပေမယ့် ခုချိန်မှာတော့ သူမဟာ တစ်ကိုယ်တော် သီချင်းတွေကို သီဆိုပြီး အောင်မြင်နေခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by SUNMI (@miyayeah) on Mar 6, 2020 at 2:20am PST

သူမရဲ့ television show ‘SUNMI’s Video Store’ အစီအစဉ်မှာ ဘယ်လိုမျိုး host အဖြစ် တင်ဆက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုရမှာပါ။ ‘SUNMI’s Video Store’ အစီအစဉ်ကို June 7 ရက်နေ့ 11:05 PM, KST ရုပ်သံကနေပြီးတော့ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။

READ
(၂)နှစ်ကြာ ဆိုရှယ်မီဒီယာကနေ ပျောက်ကွယ်သွားတဲ့အကြောင်း ဖွင့်ဟခဲ့တဲ့ Selena Gomez

Khin

SHARE