လူဖြူတွေကြားထဲ အသားအရည်ကြောင့် အလှောင်ခံရဖူးကြောင်း ပြောခဲ့တဲ့ Sunny Leone

instagram/sunnyleone

Sunny Leone ဟာ အိန္ဒိယရုပ်ရှင်သရုပ်ဆောင်နဲ့ မော်ဒယ်မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အနုပညာနာမည်က Sunny Leone ဖြစ်ပြီး အမည်ရင်းက Karenjit Kaur Vohra ပါ။ Sunny ဟာ လက်ရှိမှာ အိန္ဒိယရုပ်ရှင်လောကထဲ နေရာတစ်နေရာယူထားနိုင်ပေမယ့် သူ့ရဲ့ကလေးဘဝမှာတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအကြောင်းကိုတော့ Sunny က Storypick သတင်းဌာနကတဆင့် အခုလိုပြောပြခဲ့ပါတယ်။

“ကျွန်မဘဝတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့တဲ့ အချို့သောအနိုင်ကျင့်ခံရမှုတွေက သိပ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မအထင်တော့ အနိုင်ကျင့်တယ်ဆိုတာ စက်ဝိုင်းကြီးတစ်ခုလိုပဲ။ တစ်ယောက်ယောက် အနိုင်ကျင့်ခံရတာကို ကျွန်မတို့မြင်တယ်၊ ကျွန်မတို့ကလည်း အခြားတစ်ယောက်ကို ထပ်အနိုင်ကျင့်ကြတယ်။”

 

View this post on Instagram

 

A post shared by Sunny Leone (@sunnyleone)

“ဒါကြောင့် အနိုင်ကျင့်ခံရတာကို တစ်ယောက်ယောက်စီဖွင့်ပြောပြလိုက်ရင် အနိုင်ကျင့်ခံရတာကနေ ရပ်ကောင်းရပ်သွားနိုင်မယ်။ ဒါမှမဟုတ်လည်း ကိုယ့်နားပတ်ဝန်းကျင်က လူတွေရဲ့အကူအညီကိုယူနိုင်တယ်။ ဒါဆိုရင်တော့ အနိုင်ကျင့်တဲ့စက်ဝိုင်းက ရပ်သွားမှာပဲ။”

 

View this post on Instagram

 

A post shared by Sunny Leone (@sunnyleone)

Sunny ကိုတော့ ဆစ်ခ်မိဘနှစ်ပါးကနေ ကနေဒါမှာ မွေးဖွားခဲ့တာပါ။ Sunny ဟာ သူ့ရဲ့ဆယ်ကျော်သက်အရွယ်တွေမှာတော့ အမေရိကန်မှာနေခဲ့ဖူးပါတယ်။ အဲ့ဒီမှာတော့ အစိုးရကျောင်းမဟုတ်ဘဲ ကတ်သလစ်ကျောင်းတက်ရင်း သူအနိုင်ကျင့်ခံရဖူးကြောင်းကို Sunny က “ကျွန်မ ကတ်သလစ်ကျောင်းပဲတက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကြီးပြင်းခဲ့တဲ့မြို့လေးက တော်တော်သေးတယ်။ ပြီးတော့ လူဖြူတွေများတယ်။ အသားညိုတဲ့ကလေးတွေ၊ ဒါမှမဟုတ် လူဖြူမဟုတ်တဲ့ကလေးတွေဆိုရင် အစိုးရကျောင်းတက်ရတာ အဆင်မပြေဘူး။” လို့ ငယ်ဘဝကို ပြန်ပြောပြခဲ့ပါတယ်။

READ
ဒေါ်နယ်ထရမ့်ကြောင့် သြစတေးလျကို ပြောင်းတော့မယ်ဆိုတဲ့ မင်းသား Matt Damon

Sunny နဲ့ သူမရဲ့အမျိုးသား Daniel Weber တို့က အခုဆိုရင်တော့ ကလေးသုံးယောက်တို့ရဲ့ မိဘတွေဖြစ်နေကြပါပြီ။ Sunny ကတော့ သူမရဲ့ငယ်ဘဝအကြောင်းအပြင် မိသားစုဘဝနဲ့ အလုပ်ကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းသိမ်းခဲ့တယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by Sunny Leone (@sunnyleone)

ShweMom

SHARE