Daniel က သူမ အတွက် အကောင်းဆုံး ခင်ပွန်းပါဆိုတဲ့ Sunny Leone

Image:IG/Sunny Leone

Sunny Leone ကတော့ အမျိုးသားပရိသတ်တွေကြားမှာ လူသိ များ တဲ့ မင်းသမီး တစ်ယောက်ပါ။ အပြာမင်းသမီးဘ၀ကနေ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် အဖြစ် ပြောင်းလဲ ရပ်တည် နေသူပါ။(၁၉၈၁)ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူမရဲ့ အသက်ကတော့ အခုဆိုရင် (၃၉) နှစ်ပါ။အပြာ မင်းသမီး ဘ၀ကို စွန့်လွှတ် လိုက် ပေမယ့် အခုထိ အမျိုးသား ထုက သူမကို အချစ် မလျော့ပဲ အားပေးနေကြ တုန်းပါ။ Sunny Leone က တော့ သူမရဲ့ ခင်ပွန်းကို အကောင်းဆုံး ခင်ပွန်း၊ဖခင်ပါလို့ ချီးကျူးခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ pinkvilla မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

Quality time at the garden with @dirrty99

A post shared by Sunny Leone (@sunnyleone) on

Sunny Leone က တော့ သူမရဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ Post တွေ တင်ရင်း နဲ့ ပရိသတ်တွေ နဲ့ အဆက်အသွယ် မပြတ် ရှိ နေသူပါ။သူမက တော့ လက်ရှိမှာ အ မေရိကန် လော့အိန်ဂျလိစ် မှာ မိသားစု နဲ့ အတူတူ နေနေ ပါတယ်။အောက်တိုဘာ (၂၀)မှာ ကျ ရောက်တဲ့ ခင်ပွန်း Daniel Weber ရဲ့ မွေး နေ့ မှာတော့ Sunny Leone က ခင်ပွန်းကို ချီးကျူးစကားဆို တဲ့ မွေးနေ့ ဆုတောင်း Post ကို တင်ခဲ့ပါတယ်။

Daniel က တော့ သူမ အတွက် အကောင်းဆုံး ခင်ပွန်း၊သားသမီးတွေ အတွက် အကောင်းဆုံး ဖခင် တစ်ယောက် ပါလို့ ပြောခဲ့ပါတယ်။တစ်ခါ တလေ မှာ တော့ သဘော ထားကွဲလွဲတာတွေရှိတယ်။ကလေးတွေကို အများကြီး ဂရုစိုက်၊ချစ် ပေးတယ်။အကောင်းဆုံး အဖေ တစ်ယောက် ရော ဖခင်တစ်ယောက်ပါ ဖြစ် ပေးလို့ ကျေးဇူး တင်ပါတယ်. ဆိုပြီး ပြောခဲ့ပါတယ်။
Sunny Leone က တော့ ပြီးခဲ့တဲ့ ရက်က သူမရဲ့ ခင်ပွန်းနဲ့ အတူတူ ရေခဲမုန့် စားနေတဲ့ ပုံကို IG မှာ တင်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

Night is about to get lit !!! Ice cream and sequence !!! 💥 @dirrty99

A post shared by Sunny Leone (@sunnyleone) on

မကြာသေးခင်တုန်းက ETimes နဲ့ အင်တာဗျူးမှာတော့ Sunny က က လေးတွေ..Nisha, Asher နဲ့ Noah တို့က တော့ new normal life မှာ နေတတ်အောင် လေ့ကျင့်ပေးနေတဲ့ အ ကြောင်း ပြောပြခဲ့ပါတယ်။ကလေးတွေကို အိန္ဒိယမှာ နေတည်းက Mask တပ်ခိုင်းခဲ့ ကြောင်း၊Mask တွေ ကို ၀ယ်ထားပြီး ကလေးတွေ က အခုတော့ အိမ် မှာ နေရင်းနဲ့ တောင် Mask တပ် နေကြတယ်လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Afternoon date with @dirrty99 😍

A post shared by Sunny Leone (@sunnyleone) on

#SHWEMOM

SHARE