MCU ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို ရုပ်တည်နဲ့အလစ်သုတ်ခဲ့ကြတယ်ဆိုတဲ့ စူပါဟီးရိုးများ

Disney/MarvelStudios

ရုပ်ရှင်နဲ့ဆက်စပ်နေတဲ့ ပစ္စည်းတွေဆို ကျွန်တော်တို့လိုချင်လွန်းလို့ တန်ဖိုးထားဈေးကြီးပေးဝယ်တတ်ကြတယ်မဟုတ်လား။ ဒီတစ်ခေါက်မှာတော့ ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို အလစ်သုတ်ယူခဲ့ကြတယ်လို့ ဝန်ခံခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ စူပါဟီးရိုးတွေအကြောင်း Insider မှ ကိုးကား ပြောပြပေးချင်ပါတယ်။

Sony Pictures Entertainment

Marvel ရိုက်ကွင်းပေါ်က ဘယ်လိုပစ္စည်းတွေကို ဘယ်သူတွေကရုပ်တည်နဲ့အလစ်သုတ်ခဲ့ကြတယ်လို့ ဝန်ခံထားသလဲဆိုတော့.. Spider-Man Tom Holland လေးကတော့ ၂၀၂၀ တုန်းက BBC Radio အစီအစဉ်မှာ သူရိုက်ခဲ့တဲ့ရုပ်ရှင်တိုင်းရဲ့ ပစ္စည်းလေးတွေကို ယူသွားပြီး အိမ်မှာ စုထားတတ်ကြောင်း ပြောပြလာခဲ့ပါတယ်။ Spider-Man မှာဆို Tony Stark ရဲ့ မျက်မှန်နဲ့ Spider Web ထုတ်တဲ့ကိရိယာကို ယူခဲ့ပြီး ဝတ်စုံကိုပါ ယူဖို့ ကြံခဲ့ပေမယ့် မပေးတာကြောင့် မယူခဲ့ရပါဘူးတဲ့။

Chirs Hemsworth

Disney / Marvel Studios

Chris Hemsworth ကတော့ သူ့ရဲ့တူ Mjolnir ကြီးရဲ့ ပထမဆုံး version ကို အိမ်ပြန်သယ်ခဲ့ဖူးပါတယ်။ နောက် ရိုက်ကွင်းမှာ အက်သွားတာ၊ ပဲ့သွားတာတို့ ဖြစ်သွားတဲ့ Mjolnir တွေကိုလည်း မပစ်ခိုင်းဘဲ အိမ်က မှန်ဘီရိုထဲ ထည့်သိမ်းဖို့ ယူယူသွားခဲ့တာ (၅) ခုလောက်တောင် ရှိနေပြီတဲ့။ မိန်းမဖြစ်သူကတော့ မှန်ဘီရိုထဲကထုတ်ပြီး အမြဲတမ်း စတိုခန်းထဲသွားသွားသိမ်းထားလေရဲ့လို့ Jimmy Kimmel ရှိုးမှာ ပြောပြခဲ့ပါတယ်။ နောက် ပရိုဂျူဆာဆီက ဝတ်စုံတစ်စုံလည်း တောင်းထားသေးတယ်တဲ့။

READ
ရန်ကုန်အထိ တက်လာပြီး ယုန်လေးကို လာကန်တော့ကြတဲ့ MC ကယားလေးနဲ့ Rap ကျားကြီး

Cate Blanchett

Disney / Marvel Studios

သူကတော့ superhero မဟုတ်ပေမယ့် Thor: Ragnarok ထဲက ဗီလိန်ဇာတ်ကောင်ပါ။ သူ့မှာလည်း ရုပ်ရှင်ထဲ အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ခဲ့တဲ့ Thor တူရှိပါတယ်လို့ Stephen Colbert နဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။

Tom Hiddleston

Disney / Marvel Studios

Thor ရဲ့ညီတော် Loki ကတော့ ခိုးတာမဟုတ်ဘဲ Marvel ကနေကို မေတ္တာလက်ဆောင်ပို့ပေးခဲ့တာပါ။ Thor ရုပ်ရှင် trailer မှာ ပတ်ခဲ့တဲ့ မာဖလာလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ မွေးနေ့လက်ဆောင်ဆိုပြီး ပေးခဲ့တာပါတဲ့။ အခုတော့ မာဖလာကို သူ့ခမျာသိပ်ကြိုက်နေပါတယ်။

Chris Evans

Disney / Marvel Studios

Chris Evans ကတော့ သူရဲ့ဒိုင်းအဟောင်းကို ရိုက်ကွင်းကနေ ယူသွားခဲ့ပါတယ်။ နောက် ၂၀၁၉ ခုနှစ်မှာတော့ ဒိုင်းအပြင် ပရိုဂျူဆာကို ဝတ်စုံပါပေးဖို့ သွားတောင်းဦးမယ်လို့ The Hollywood Reporter ကို ဖြေခဲ့ဖူးပါတယ်။

Robert Downey, Jr.

READ
ဘန်ကောက်ရောက် ပုံအလန်းတွေကို ထပ်ပြီး ဝေမျှလိုက်တဲ့ သင်ဇာဝင့်ကျော်
Disney / Marvel Studios

မင်းသား Robert Downey Junior ကတော့ Avengers: Age of Ultron ရိုက်တုန်းကသုံးခဲ့တဲ့ “A” တံဆိပ်ကြီးကို သူယူမယ်လို့ ဖယ်ထားပြီးကာမှ အင်္ဂလန်ပြန်သယ်သွားကြလို့ “L.A ကို ပြန်ပို့လိုက် ရုံးခန်းထဲထားမလို့” ဆိုပြီး Marvel Studios ကို တောင်းဆိုခဲ့တယ်လို့Jimmy Jimmel Live မှာ ပြောခဲ့ပါတယ်။

Chadwick Boseman

Disney / Marvel Studios

ရုပ်ရှင်ထဲမှာ Black Panther ရဲ့ညီမက သူ့ကို နည်းပညာမြင့်နဲ့ပြုလုပ်ထားတဲ့ လည်ဆွဲတစ်ခုပေးခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်။ အဲဒီ လည်ဆွဲကို Chadwick Boseman က Jimmy Kimmel Live အစီအစဉ်မှာ ပေါ်ပေါ်ထင်ထင်ကြီး စွဲလာခဲ့ပါတယ်။ ရိုက်ကွင်းကနေ ဘယ်တုန်းကယူသွားမှန်းတောင် ဘယ်သူမှ မသိခဲ့ဘူးတဲ့လေ။

Chris Pratt

Disney / Marvel Studios

Guardians of the Galaxy ရဲ့ superhero တစ်ယောက်ဖြစ်တဲ့ Star-Lord ကတော့ သူဝတ်ခဲ့တဲ့ ဂျာကင်အပါအဝင် အင်္ကျီတော်တော်များများကို ခိုးခဲ့တယ်လို့ပြောခဲ့တယ်။ အဲဒါတွေဝတ်ပြီး ကလေးတွေဆီ သွားသွားလည်တာပါ။

Pyi Hein Kyaw

SHARE