Kim Sohye ရဲ့ ကျောင်းဆင်းပွဲသို့ လာရောက်ခဲ့တဲ့ Heechul (Super Junior)

Super Junior မှ Heechul  က Kim Sohye ရဲ့ ကျောင်းဆင်းပွဲသို့ လာရောက်ခဲ့ပါတယ်။ မနှစ်တုန်း က SBS Game Show မှာ ပါဝင်ခဲ့တုန်းက ကျောင်းဆင်းပွဲကျရင် လာခဲ့ပေးမယ်လို့ ကတိပေးခဲ့တာပါ။

Heechul က Sohye ကို Super Junior ရဲ့ ဖျော်ဖြေပွဲတစ်ခုကို တက်ပေးရင် သူမရဲ့ အထက်တန်းကျောင်းဆင်းပွဲကျရင် လာခဲ့ပေးမယ်လို့ ကတိပေးခဲ့တာပါ။ Sohye က သူမပေးခဲ့တဲ့ ကတိအတိုင်း ဒီဇင်ဘာ (၁၅) ရက်နေ့တုန်းက ကျင်းပတဲ့ Super Junior ရဲ့  “Super Show 7” ပွဲကို လာရောက်ပေးခဲ့ပါတယ်။

နောက်(၃)လအကြာမှာတော့ Heechul  ရဲ့ အလှည့်ကို ရောက်လာခဲ့ပါတယ်။ Sohye ရဲ့ အထက်တန်း ကျောင်းပြီး တဲ့ပွဲကို တက်ရောက်ပေးဖို့ အလှည့်ကျလာချိန်မှာတော့ ပန်းတွေနဲ့လက်ဆောင် ပေးခဲ့ပါတယ်။

READ
ဘာလီကျွန်းကိစ္စကြောင့် တွဲနေတယ်ဆိုတဲ့သတင်းတွေ ထွက်လာပြန်တဲ့Sonng-Song

from koreaboo

SHARE