လူလား စက်ရုပ်လားဆိုတာ ဘယ်တော့မှ ခွဲနိုင်မှာမဟုတ်တဲ့ ဂျပန်နိုင်ငံရဲ့စက်ရုပ်

ဂျပန်နိုင်ငံရဲ့ တိုကျိုဂိမ်းပြပွဲကြီးမှာ ထုတ်ဖော်ပြလိုက်တဲ့ လူသားပုံစံစက်ရုပ်တွေကတော့ ဒီနေ့အထိ တကယ်လား၊ အတုလားဆိုတာ အငြင်းပွားနေကြဆဲပါပဲ။

(၂၀၁၇) ခုနှစ်တုန်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ တိုကျိုဂိမ်းပြပွဲမှာ သန်းချီတဲ့ ကြည့်ရှုသူတွေက လူသားပုံစံ စက်ရုပ်တွေကို တွေ့မြင်ခဲ့ရပြီး ဒီစက်ရုပ်တွေဟာ လူနဲ့တူလွန်းလို့ တကယ့်လူလား၊ စက်ရုပ်လားဆိုတာ ဒီနေ့အထိ အငြင်းပွားနေကြဆဲပါ။

GoodTimes

PlayStation 4 ဂိမ်းကို အရောင်းမြင့်တင်ရေးလုပ်ဖို့အတွက် Sony ကုမ္ပဏီက လာရောက်ပြသခဲ့တာဖြစ်ပြီး ပြင်သစ်နည်းပညာကုမ္ပဏီရဲ့ အကူအညီနဲ့ လူသားစက်ရုပ်တွေကို ဖန်တီးခဲ့တာပါ။

ခန္ဓာကိုယ်လှုပ်ရှားမှု အနည်းငယ်ကလွဲပြီး သိပ်စွမ်းဆောင်နိုင်စွမ်းမရှိပေမယ့် လူသားနဲ့ ချွတ်စွပ်တူတဲ့ သူတို့ရဲ့ ပုံစံက ပြပွဲကို လာရောက်သူတွေကိုတကယ်ပဲ စိတ်ဝင်စားစေခဲ့တာပါ။

GoodTimes

အဲဒီမတိုင်ခင် အရင်တစ်နှစ်တုန်းက ပြပွဲစီစဉ်သူတွေဟာ နာမည်ကြီးသရုပ်ဆောင်တွေကို စက်ရုပ်တွေအဖြစ် သရုပ်ဆောင်စေခဲ့လို့ လူတွေ ပွဲကျခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ Sony က တကယ့်လူသားပုံတူ စက်ရုပ်တွေကို ဖန်တီးဖို့ စီစဉ်ခဲ့ပြီး ပြပွဲမှာ တင်ဆက်ပြသခဲ့တာပါ။

READ
မိသားစုထဲမှာအငယ်တွေဟာ ပြဿနာပိုရှာတတ်သူတွေဖြစ်ကြောင်းတွေ့ရှိရ

အောက်မှာဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ လူသားမိန်းကလေးတစ်ယောက်နဲ့ တူလွန်းတဲ့ စက်ရုပ်တစ်ရုပ်ကို မြင်တွေ့ရမှာဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှု၊ မျက်နှာအမူအရာ၊ အရေပြား စတာတွေက လူသားတစ်ယောက်နဲ့တူလွန်းလို့ အခုအချိန်အထိ လူသားလား၊ စက်ရုပ်လားဆိုတာ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။

Linn

Source : Goodtimes

 

 

SHARE