Facebook တို့၊ YouTube တို့မှာ တွေ့တွေ့နေရတဲ့ ဆံပင်ရွှေဝါရောင်နဲ့ ကားအကောင်းစားကြီးတွေကို review ပေးနေတဲ့ အမျိုးသမီးကို သိကြလားမသိဘူး။ တော်ရုံလူ အိပ်မက်တောင်မမက်နိုင်တဲ့ တန်ဖိုးမြင့်ကောင်းကြီးတွေကို တစ်စီးပြီးတစ်စီးမောင်းပြပြီး မိတ်ဆက်ပြနေတဲ့ ဒီ အမျိုးသမီးဟာ ဘယ်သူများလဲ၊ သူမရဲ့ အခက်အခဲတွေကရော ဘယ်လိုတွေရှိနေမလဲ စတာတွေကို ဖော်ပြပေးသွားမှာပါ။
သူမအကြောင်းတစ်စေ့တစ်စောင်း
သူမနာမည်ကတော့ Alexandra Mary Hirschi ပါ။ ဒါပေမဲ့ တော်တော်များများကတော့ သူမကို Supercar Blondie ဆိုပြီးသိထားကြပါတယ်။ ၁၉၈၅ ခုနှစ် စက်တင်ဘာလထဲမှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် အသက် ၃၅ နှစ်ရှိနေပါပြီ။ သြစတေးလျသူတစ်ယောက်ဖြစ်ပြီးတော့ Nik Hirschi နဲ့ လက်ထပ်ထားခဲ့ပါပြီ။ သူမရဲ့ မန်နေဂျာဟာ သသူမရဲ့ ခင်ပွန်းပဲဖြစ်ပါတယ်။
View this post on Instagram
Supercar Blondie မဖြစ်ခင်ဘဝ
အထက်တန်းကျောင်းပြီးကတည်းက သူမဟာ ပုံမှန်လိုပဲ တက္ကသိုလ်တက်ခဲ့ပါတယ်။ အထူးပြုဘာသာရပ်ကတော့ journalism ပဲဖြစ်ပါတယ်။ ကျောင်းပြီးတော့လည်း အလုပ်လေးရဖိုအတွက် ရုန်းကန်ခဲ့ရပြီး radio show တစ်ခုမှာ သတင်းကြေငြာသူနဲ့ presenter အဖြစ် ဝင်လုပ်ခဲ့ပါတယ်။ ၉ နှစ်လောက် ဒီလောကထဲမှာ ကျင်လည်ခဲ့ပြီးနောက်ပိုင်းမှာတော့ နေ့စဉ်သာမန်ရိုးကျအလုပ်ကိစ္စတွေထဲက ခွဲထွက်ချင်စိတ် ပြင်းပြလာခဲ့ပါတယ်။
ဒီလိုနဲ့တစ်ရက် သူမဆီကို private car meeting တစ်ခု တက်ရောက်ဖို့အတွက် ဖိတ်စာတစ်စောင်ရောက်လာခဲ့ပြီး Bentley တစ်စီးကို ရက်အနည်းငယ်သူမကို ပေးမောင်းခဲ့ပါတယ်။ အဲဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့သမျှကိစ္စတွေကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်ပေါ် တင်ခဲ့ရာမှတစ်ဆင့် လူကြိုက်များပြီးတော့ ဒီလမ်းကြောင်းပေါ်ကို ရောက်လာခဲ့တာပါ။
View this post on Instagram
သူမရဲ့ လူမှုကွန်ယက်အခြေအနေ
Alex ရဲ့ Instagram ဖြစ်တဲ့ @supercarblondie ဟာ follower ပေါင်း 7 သန်းကျော်ရှိနေပြီးတော့ YouTube channel Supercar Blondie မှာတော့ subscriber ပေါင်း ၄.၆၃ သန်းရှိနေပါတယ်။
Alex နဲ့ သူမရဲ့ကိုယ်ပိုင်ကားများ
၂၀၁၉ ခုနှစ်တုန်းက Alex တစ်ယောက် Lamborghini Huracan LP610-4 ဆိုတဲ့ ကားတစ်စီးကို ရခဲ့ပါတယ်။ ကားတစ်စီးလုံး ကမ္ဘာမှာ တစ်ကားမှတောင်မရှိတဲ့ ပုံစံမျိုးနဲ့ ဒီဇိုင်းဆင်ပေးထားခဲ့ပါတ်။ အဲဒီဒီဇိုင်းတစ်ခုလုံးဟာ လက်နဲ့ ရေးထားတာဖြစ်ပြီးတော့ အကုန်ပြီးဖို့ကို ၃ ပတ်တောင်ကြာပါတယ်တဲ့။ သူမကတော့ ဒါကို Lucy လို့ နာမည်ပေးထားခဲ့ပါတယ်။
View this post on Instagram
၂၀၁၈ ခုနှစ်တုန်းကတော့ Alex ဟာ ကမ္ဘာပေါ်မှာ အမိုက်ဆုံးသော Valentine’s Day လက်ဆောင်ကို ရခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ခင်ပွန်းကပေးတဲ့ Ferrari ကားကြီးပါ။
ဒီအပြင် သူမရဲ့အချစ်ဆုံးသားကတော့ BMW i8 ပါတဲ့။ ကားပေါ်တက်လိုက်တိုင်းကို ထူးထူးခြားခြားခံစားရတယ်လို့လည်း ဆိုတယ်။

Review ပေးခဲ့ရတဲ့ ထူးထူးခြားခြားကားများ
၂၀၁၉ ခုနှစ်မှာပဲ သူမကို Veneno Roadster ဆိုတဲ့ ကားတစ်စီးကို review ပေးဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲဒါကတော့ Lamborghini ရဲ့ ပထမဆုံး အထူးထုတ်ထားတဲ့ကားဖြစ်ပါတယ်။ တစ်စီးလုံး carbon fiber အုပ်ထားတာပါ။ ပထမဆုံး ဒီကားကို review ပေးခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

ပထမဆုံးကားကတော့ ၂၀၁၈ ခုနှစ်တုန်းက ရခဲ့တဲ့ Bugatti ကားပါ။ Bugatti Veyron L’Or Blanc မော်ဒယ်ဖြစ်ပြီးတော့ အဲဒီခေတ်တုန်းကတောင်မှပဲ တန်ကြေးဟာ ဒေါ်လာ ၂.၄ သန်းတောင်ရှိနေပါတယ်။ ဒါကို ကားပိုင်ရှင်ဟာ Alex ကို တကူးတကဖုန်းဆက်ခေါ်ပြီးတော့ ဒူဘိုင်းမှာ review လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့တာပါ။
ဒီအပြင် Devel Sixteen ဆိုတဲ့ ကားကိုလည်း ပထမဆုံးမောင်းခဲ့ရတဲ့ သူလည်းဖြစ်ပါသေးတယ်။

တစ်ခေါက်တုန်းကဆိုရင် ၆ သန်းတန် ၂၀၁၇ ခုနှစ်တုန်းက Batman ကားထဲက Mercedes ကားကြီးကို မောင်းခွင့်ရခဲ့ပါသေးတယ်။

ပိုင်ဆိုင်မှုတန်ဖိုး
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ရဲ့ wiki စာရင်းအရ Supercar Blondie ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ၃၁၂ သိန်းရှိနေပါတယ်တဲ့။ ဆွဲဆောင်မှုရှိတယ်၊ နာမည်ကြီးတဲ့အပြင် ချမ်းသာပြီး အောင်မြင်ကျော်ကြားပေမယ့်လည်း Alex ဟာ အမျိုးသားကားချစ်သူများရဲ့ မုန်းတီးဝေဖန်ခြင်းကို ခံနေရသူပါတစ်ဦးပါ။ လက်ရှိအချိန်မှာတော့ အိန္ဒိယ၊ တိုကျို၊ အမေရိကနဲ့ ဒူဘိုင်းတို့မှာ အများဆုံး ခရီးသွားရင်း ကားတွေကို review ပေးနေပါတယ်။
View this post on Instagram
penny